Wednesday, July 15, 2015

"လီဆူမလေးတစ်ဦးအား KIAလက်နက်ကိုင် ငါးယောက်က ၀ိုင်းပြီးမုဒိမ်းကျင့်"

"လီဆူမလေးတစ်ဦးအား KIAလက်နက်ကိုင် ငါးယောက်က ၀ိုင်းပြီးမုဒိမ်းကျင့်" ဆွမ်ပရာဘွမ်မြို့နယ် အတ်ရှန်ဆောင်ရွာသူ အသက် ၁၉နှစ်ခန့် လီဆူမိန်းမပျိုလေးတစ်ယောက်ကို KIAလက်နက်ကိုင်၅ယောက်က ၀ိုင်းပြီးမုဒိမ်းကျင့်မှုဖြစ်ပွားခဲ့ပါတယ်။ ထို့ကြောင့် လီဆူပြည်သူ့စစ်နှင့် မြန်မာ့တပ်မတော်တို့ပူးပေါင်းပြီး ဆွမ်ပရာဘွမ်မြို့နယ်ရှိ KIAစစ်စခန်းတစ်ခုအား ယမန်နေ့က သိမ်းပိုက်လိုက်ပါတယ်။ ပူတာအိုနှင့် ဆွမ်ပရာဘွမ်မြို့နယ်ရှိ KIA စစ်စခန်းများကိုလည်း လီဆူနှင့်ရ၀မ်ပြည်သူ့စစ်များက တိုက်ခိုက်သိမ်းပိုက်သွားမယ်လို့ မြစ်ကြီးနားသတင်းထောက်တစ်ဦးက တယ်လီဖုန်းဖြင့် သတင်းပေးပို့လာပါတယ်။ လွန်ခဲ့သည့်နှစ်များကလည်း KIAလက်နက်ကိုင်အဖွဲ့သည် လီဆူနှင့် ရ၀မ်လူမျိုးများအား အစိုးရသတင်းပေးဟုစွပ်စွဲကာ မြေပြင်တွင်မှောက်ယှက်လှဲခိုင်းပြီး ဓားဖြင့်မသေမချင်းထိုးသတ်ခြင်း ၊ချောက်ကမ်းပါးအစွန်းမှ ဓားဖြင့်ထိုးကာ ချောက်ထဲသို့ တွန်းချသတ်ဖြတ်ခြင်းများပြုလုပ်ခဲ့ကြသည်။ ထို့ကြောင့် ယင်းချောက်ကမ်းပါးရှိကျောက်ဖျာပေါ်တွင် အသတ်ခံရသူများ၏နာမည်များထွင်းထုထားပြီး နောင်လာနောက်သာများ KIA၏ ဆက်စုပ်ဖွယ်လုပ်ရပ်ကို သိရှိစေရန်ဖြစ်လို့ဆိုပါတယ်။ KIAအဖွဲ့ကလည်း ငှင်းကျောက်ဖျာကို မိုင်းခွဲဖျက်ဆီးရန် အကြိမ်ကြိမ်ကြိုးစားခဲ့တယ်လို့ မြို့ခံတစ်ဦးကပြောပြခဲ့ပါတယ်။ (ဒီသတင်းမမှန်ရင် မြစ်ကြီးနားသတင်းတိုက် ဘယ်တော့မှ ဂျာနယ်ထပ်မထုတ်ဘူး) "လီဆူမလေးတစ်ဦးအား KIAလက်နက်ကိုင် ငါးယောက်က ၀ိုင်းပြီးမုဒိမ်းကျင့်" ဆွမ်ပရာဘွမ်မြို့နယ် အတ်ရှန်ဆောင်ရွာသူ အသက် ၁၉နှစ်ခန့် လီဆူမိန်းမပျိုလေးတစ်ယောက်ကို KIAလက်နက်ကိုင်၅ယောက်က ၀ိုင်းပြီးမုဒိမ်းကျင့်မှုဖြစ်ပွားခဲ့ပါတယ်။ ထို့ကြောင့် လီဆူပြည်သူ့စစ်နှင့် မြန်မာ့တပ်မတော်တို့ပူးပေါင်းပြီး ဆွမ်ပရာဘွမ်မြို့နယ်ရှိ KIAစစ်စခန်းတစ်ခုအား ယမန်နေ့က သိမ်းပိုက်လိုက်ပါတယ်။ ပူတာအိုနှင့် ဆွမ်ပရာဘွမ်မြို့နယ်ရှိ KIA စစ်စခန်းများကိုလည်း လီဆူနှင့်ရ၀မ်ပြည်သူ့စစ်များက တိုက်ခိုက်သိမ်းပိုက်သွားမယ်လို့ မြစ်ကြီးနားသတင်းထောက်တစ်ဦးက တယ်လီဖုန်းဖြင့် သတင်းပေးပို့လာပါတယ်။ လွန်ခဲ့သည့်နှစ်များကလည်း KIAလက်နက်ကိုင်အဖွဲ့သည် လီဆူနှင့် ရ၀မ်လူမျိုးများအား အစိုးရသတင်းပေးဟုစွပ်စွဲကာ မြေပြင်တွင်မှောက်ယှက်လှဲခိုင်းပြီး ဓားဖြင့်မသေမချင်းထိုးသတ်ခြင်း ၊ချောက်ကမ်းပါးအစွန်းမှ ဓားဖြင့်ထိုးကာ ချောက်ထဲသို့ တွန်းချသတ်ဖြတ်ခြင်းများပြုလုပ်ခဲ့ကြသည်။ ထို့ကြောင့် ယင်းချောက်ကမ်းပါးရှိကျောက်ဖျာပေါ်တွင် အသတ်ခံရသူများ၏နာမည်များထွင်းထုထားပြီး နောင်လာနောက်သာများ KIA၏ ဆက်စုပ်ဖွယ်လုပ်ရပ်ကို သိရှိစေရန်ဖြစ်လို့ဆိုပါတယ်။ KIAအဖွဲ့ကလည်း ငှင်းကျောက်ဖျာကို မိုင်းခွဲဖျက်ဆီးရန် အကြိမ်ကြိမ်ကြိုးစားခဲ့တယ်လို့ မြို့ခံတစ်ဦးကပြောပြခဲ့ပါတယ်။ (ဒီသတင်းမမှန်ရင် မြစ်ကြီးနားသတင်းတိုက် ဘယ်တော့မှ ဂျာနယ်ထပ်မထုတ်ဘူး)

No comments: