မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Wednesday, July 15, 2015
သမ္မတ တာဝန်ထမ်းဆောင်ရန် ကျန်းမာရေး ဒေါင်ဒေါင်မြည် ကောင်းမွန်နေ ဟု ဦးတင်ဦးဆို

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က သမ္မတလောင်းကို NLD ပါတီဝင် ဖြစ်ရမည်ဟု ပြောဆိုလိုက်ခြင်းကြောင့် NLD နာယက ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဦးတင်ဦး သမ္မတလောင်း ဖြစ်နိုင်သည်ဟု ခန့်မှန်းလာကြသည်။ ဦးတင်ဦးက ၄င်းအနေဖြင့် သမ္မတ မလုပ်လိုသော်လည်း သမ္မတ တာဝန်ထမ်းဆောင်ရန် ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း သတင်းရရှိသည်။
“ကျနော်ကတော့ သမ္မတ မလုပ်ချင်ပါဘူး။ ဒါပေမယ့် ကျွန်တော့်ကို သမ္မတလောင်းတင်မယ်ဆိုတဲ့ သတင်းကို တော် တော်လေး ကျယ်ကျယ်ပြန့်ပြန့်ကို ပြောနေကြပြီး ကျနော်လည်း ကြားပါတယ်။ ကျနော်က ဒေါ်အောင်ဆန်း စုကြည်ရဲ့ ခေါင်းဆောင်မှုကို လေးစားပြီးတော့ သူ့ရဲ့လုပ်ငန်းက အောင်မြင်အောင် ကျနော်ရဲ့ ကျွမ်းကျင်မှု၊ အတွေ့ အကြုံ တွေနဲ့ ကူလုပ်ပေးမယ်ဆိုပြီး ကျနော်လာတာ။ အခုလည်းပဲ ဒီအတိုင်းပဲ။ သမ္မတဖြစ်ချင်တာတွေ ဘာမှ မရှိဘူး” ဟု ၄င်းက ပြောကြားသည်။
သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် ပါတီက တာဝန်ပေးလာခဲ့လျှင် ငြင်းဆိုမည်မဟုတ်ကြောင်း ဦးတင်ဦးက ပြောကြားခဲ့သည်။
“ပါတီနဲ့ ပြည်သူလူထုက တာဝန်ပေးလာခဲ့ရင်တော့ ဘယ်လောက်ပဲ မလုပ်ချင်ဘူးဆိုပေမယ့် လုပ်ရတော့မှာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်က ပြည်သူကို အလေးထားတယ်။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို လေးစားလို့ သူ့လုပ်ငန်းအောင်မြင် ကူနေတဲ့သူ၊ အဲတော့ကိုယ်ရာထူး ရဖို့ ဆိုတာထက် သူ့လုပ်ငန်းအောင်မြင်ဖို့ ဆိုတဲ့စိတ်နဲ့ လုပ်ပေးရမှာပေါ့။ အသက်ကြီးပြီဆိုပေမယ့် ကျန်းမာရေးကတော့ ဒေါင်ဒေါင်မြည်ပါ။ ကျွန်တော့်ထက်ငယ်တဲ့ ဦးဝင်းထိန် တောင် ကျနော့်လောက် ကျန်းမာရေးမကောင်းဘူး။ မဖြစ်မနေဆိုရင်တော့ တာဝန်တစ်ခုလို သဘောထားပြီး လုပ်ရမှာ ပေါ့” ဟုဆိုသည်။
ရွေးကောက်ပွဲမတိုင်မီ ပုဒ်မ ၅၉ (စ) ကို ပြင်ဆင်နိုင်ခြင်းမရှိသဖြင့် ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်နိုင်တော့သဖြင့် ရွေးကောက်ပွဲတွင် NLD အများစု အနိုင်ရလျှင် အခြားတစ်ဦးကို သမ္မတအဖြစ် တင်ရတော့မည်ဖြစ်သည်။ တပ်မတော် နှင့်ဆက်ဆံရေးအဆင်ပြေစေရေးအတွက် ဗိုလ်ချုပ်ကြီးဟောင်းဖြစ်သူ သူရဦးရွှေမန်းအား ဒေါ်အောင်ဆန်းစုကြည်က သမ္မတလောင်းအဖြစ် အမည်စာရင်းတင်သွင်းရန် အပေးအယူလုပ် ညှိနှိုင်းမှုများ ယခင်က လုပ်ဆောင်ခဲ့သော်လည်း NLD ဗဟိုအလုပ်အမှုဆောင်များက လုံးဝလက်မခံခြင်း၊ အခြေခံဥပဒေပြင်ဆင်ရေးနှင့် အခြားပါတီကိစ္စများနှင့် ပတ်သက်၍ ဦးရွှေမန်းနှင့်တပ်မတော် အဆင်မပြေတော့ခြင်းများကြောင့် ကာကွယ်ရေးဦးစီးချုပ်ဟောင်းဖြစ်သူ ဦးတင်ဦး အား သမ္မတလောင်းတင်သွင်းရန် ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် စနေနေ့က ပြုလုပ်ခဲ့သည့် NLD ရွေးကောက်ပွဲဝင်သင့်၊ မဝင်သင့် ဆွေးနွေးပွဲ၌ ရွေးကောက်ပွဲတွင် NLD ပါတီ အမတ်နေရာအများစုရရှိပါက ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူ့လွှတ်တော်ဥက္ကဌ၊ ဦးတင်ဦးကို သမ္မတ၊ ဦးဥာဏ်ဝင်း ကို အမျိုးသားလွှတ်တော်ဥက္ကဌ၊ ဦးကိုနီကို တရားသူကြီးချုပ်၊ ကရင်တိုင်းရင်းသားတစ်ဦးကို ဒုတိယ သမ္မတအဖြစ် လျာထားရန် ဆုံးဖြတ်ခဲ့ကြကြောင်း၊ လက်ရှိပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် များကို တိုင်းနှင့် ပြည်နယ်များသို့ ၀င်ရောက်ယှဉ်ပြိုင်စေမည် ဖြစ်ပြီး ၀န်ကြီးချုပ်၊ တိုင်းဝန်ကြီး၊ ပြည်နယ်ဝန်ကြီးများ အဖြစ် လျာထားပြီး ဖြစ်ကြောင်း သတင်းရရှိသည်။ သမ္မတ တာဝန်ထမ်းဆောင်ရန် ကျန်းမာရေး ဒေါင်ဒေါင်မြည် ကောင်းမွန်နေ ဟု ဦးတင်ဦးဆို
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က သမ္မတလောင်းကို NLD ပါတီဝင် ဖြစ်ရမည်ဟု ပြောဆိုလိုက်ခြင်းကြောင့် NLD နာယက ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဦးတင်ဦး သမ္မတလောင်း ဖြစ်နိုင်သည်ဟု ခန့်မှန်းလာကြသည်။ ဦးတင်ဦးက ၄င်းအနေဖြင့် သမ္မတ မလုပ်လိုသော်လည်း သမ္မတ တာဝန်ထမ်းဆောင်ရန် ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း သတင်းရရှိသည်။
“ကျနော်ကတော့ သမ္မတ မလုပ်ချင်ပါဘူး။ ဒါပေမယ့် ကျွန်တော့်ကို သမ္မတလောင်းတင်မယ်ဆိုတဲ့ သတင်းကို တော် တော်လေး ကျယ်ကျယ်ပြန့်ပြန့်ကို ပြောနေကြပြီး ကျနော်လည်း ကြားပါတယ်။ ကျနော်က ဒေါ်အောင်ဆန်း စုကြည်ရဲ့ ခေါင်းဆောင်မှုကို လေးစားပြီးတော့ သူ့ရဲ့လုပ်ငန်းက အောင်မြင်အောင် ကျနော်ရဲ့ ကျွမ်းကျင်မှု၊ အတွေ့ အကြုံ တွေနဲ့ ကူလုပ်ပေးမယ်ဆိုပြီး ကျနော်လာတာ။ အခုလည်းပဲ ဒီအတိုင်းပဲ။ သမ္မတဖြစ်ချင်တာတွေ ဘာမှ မရှိဘူး” ဟု ၄င်းက ပြောကြားသည်။
သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် ပါတီက တာဝန်ပေးလာခဲ့လျှင် ငြင်းဆိုမည်မဟုတ်ကြောင်း ဦးတင်ဦးက ပြောကြားခဲ့သည်။
“ပါတီနဲ့ ပြည်သူလူထုက တာဝန်ပေးလာခဲ့ရင်တော့ ဘယ်လောက်ပဲ မလုပ်ချင်ဘူးဆိုပေမယ့် လုပ်ရတော့မှာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်က ပြည်သူကို အလေးထားတယ်။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို လေးစားလို့ သူ့လုပ်ငန်းအောင်မြင် ကူနေတဲ့သူ၊ အဲတော့ကိုယ်ရာထူး ရဖို့ ဆိုတာထက် သူ့လုပ်ငန်းအောင်မြင်ဖို့ ဆိုတဲ့စိတ်နဲ့ လုပ်ပေးရမှာပေါ့။ အသက်ကြီးပြီဆိုပေမယ့် ကျန်းမာရေးကတော့ ဒေါင်ဒေါင်မြည်ပါ။ ကျွန်တော့်ထက်ငယ်တဲ့ ဦးဝင်းထိန် တောင် ကျနော့်လောက် ကျန်းမာရေးမကောင်းဘူး။ မဖြစ်မနေဆိုရင်တော့ တာဝန်တစ်ခုလို သဘောထားပြီး လုပ်ရမှာ ပေါ့” ဟုဆိုသည်။
ရွေးကောက်ပွဲမတိုင်မီ ပုဒ်မ ၅၉ (စ) ကို ပြင်ဆင်နိုင်ခြင်းမရှိသဖြင့် ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်နိုင်တော့သဖြင့် ရွေးကောက်ပွဲတွင် NLD အများစု အနိုင်ရလျှင် အခြားတစ်ဦးကို သမ္မတအဖြစ် တင်ရတော့မည်ဖြစ်သည်။ တပ်မတော် နှင့်ဆက်ဆံရေးအဆင်ပြေစေရေးအတွက် ဗိုလ်ချုပ်ကြီးဟောင်းဖြစ်သူ သူရဦးရွှေမန်းအား ဒေါ်အောင်ဆန်းစုကြည်က သမ္မတလောင်းအဖြစ် အမည်စာရင်းတင်သွင်းရန် အပေးအယူလုပ် ညှိနှိုင်းမှုများ ယခင်က လုပ်ဆောင်ခဲ့သော်လည်း NLD ဗဟိုအလုပ်အမှုဆောင်များက လုံးဝလက်မခံခြင်း၊ အခြေခံဥပဒေပြင်ဆင်ရေးနှင့် အခြားပါတီကိစ္စများနှင့် ပတ်သက်၍ ဦးရွှေမန်းနှင့်တပ်မတော် အဆင်မပြေတော့ခြင်းများကြောင့် ကာကွယ်ရေးဦးစီးချုပ်ဟောင်းဖြစ်သူ ဦးတင်ဦး အား သမ္မတလောင်းတင်သွင်းရန် ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် စနေနေ့က ပြုလုပ်ခဲ့သည့် NLD ရွေးကောက်ပွဲဝင်သင့်၊ မဝင်သင့် ဆွေးနွေးပွဲ၌ ရွေးကောက်ပွဲတွင် NLD ပါတီ အမတ်နေရာအများစုရရှိပါက ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူ့လွှတ်တော်ဥက္ကဌ၊ ဦးတင်ဦးကို သမ္မတ၊ ဦးဥာဏ်ဝင်း ကို အမျိုးသားလွှတ်တော်ဥက္ကဌ၊ ဦးကိုနီကို တရားသူကြီးချုပ်၊ ကရင်တိုင်းရင်းသားတစ်ဦးကို ဒုတိယ သမ္မတအဖြစ် လျာထားရန် ဆုံးဖြတ်ခဲ့ကြကြောင်း၊ လက်ရှိပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် များကို တိုင်းနှင့် ပြည်နယ်များသို့ ၀င်ရောက်ယှဉ်ပြိုင်စေမည် ဖြစ်ပြီး ၀န်ကြီးချုပ်၊ တိုင်းဝန်ကြီး၊ ပြည်နယ်ဝန်ကြီးများ အဖြစ် လျာထားပြီး ဖြစ်ကြောင်း သတင်းရရှိသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment