Thursday, July 16, 2015

တိုင်းဒေသကြီး ပြည်နယ်အချို့နေရာကွက်၍ မိုးကြီးနိုင် ====================================

တိုင်းဒေသကြီး ပြည်နယ်အချို့နေရာကွက်၍ မိုးကြီးနိုင် ==================================== ကချင်ပြည်နယ်၊ တနင်္သာရီ တိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့ တွင် နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာပြီး နေရာကွက်၍ မိုးကြီးနိုင်သည်။ မြန်မာ့ပင်လယ်ပြင်အခြေအနေမှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်- တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်သည်။ မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄ဝ အထိ တိုက်ခတ်နိုင်သည်။ ကျန်မြန်မာ့ ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့် ရှိမည်။ မှတ်သားဖွယ်ရာ မိုးရေချိန်များ မှာ ကော့သောင်း မြို့တွင် ၅ ဒသမ ၅၂ လက်မ၊ လပွတ္တာမြို့တွင် ၅ ဒသမ ဝဝ လက်မ၊ ချောင်းဆုံမြို့တွင် ၄ ဒသမ ၇၂ လက်မ၊ ပူတာအိုမြို့တွင် ၄ ဒသမ ၄၁ လက်မ၊ ဘီးလင်းမြို့တွင် ၄ ဒသမ ဝ၉ လက်မ၊ ပေါင်မြို့တွင် ၃ ဒသမ ၉၈ လက်မ၊ ကျိုက်မရော မြို့တွင် ၃ ဒသမ ၈၅ လက်မနှင့် ကျိုက္ခမီမြို့တွင် ၃ ဒသမ ၃၉ လက်မ တို့ ဖြစ်ကြသည်။ (မိုး/ဇလ)

No comments: