Sunday, July 19, 2015

မန္တလေး-မြစ်ကြီးနား ရထားလမ်း ရေကျော်နေ၍ ခရီးသည်များ နှစ်ရက်ကြာ စောင့်ဆိုင်းရ

မိုးမင်း ရန်ကုန်No.799 Sunday, July 19, 2015 မန္တလေး-မြစ်ကြီးနား ရထားလမ်းရေမကျသေးသဖြင့် ရ ထားစီးခရီးသည်များ နှစ်ရက်ကြာ ဆက်လက် စောင့်ဆိုင်းနေရ ကြောင်း သတင်းရရှိသည်။ အဆိုပါလမ်းပိုင်းတွင် ဇူ လိုင် ၁၇ ရက်မှစ၍ရေကြီးနေပြီး သံလမ်းအထက် ရေတစ်ပေခွဲ ကျော်မြင့်တက်နေခြင်းကြောင့် ရ ထားပြေးဆွဲမှုများ ရပ်နားထားရ ခြင်းဖြစ်သည်။ ထိုသို့ရထားလမ်း ရေကြီး နစ်မြုပ်၍ ခရီးမဆက်နိုင်သည့် ခရီးသည်များကို ကောလင်းမြို့သူ မြို့သားများနှင့် ထေရ၀ါဒလူငယ် များ၊ ဒါနမောင်မယ်အဖွဲ့သားများ က နံနက်စာ၊ ညစာထမင်း၊ လက် ဖက်ရည်၊ မုန့်များကျွေးမွေးခြင်း၊ မြို့နယ်ဆရာဝန်ကြီးက ဆေးခန်း ဖွင့်၍ ကျန်းမာရေးစောင့်ရှောက် ပေး ခြင်းများပြုလုပ်ပေးနေကြောင်း ကောလင်းမြို့ခံများက ပြော သည်။ ‘‘ရထားတွေကတော့ အခု ချိန်ထိ ထွက်မရသေးဘူး။ မြန်မာ့ မီးရထားဝန်ထမ်းတွေနဲ့ ခရီးသည် တွေကိုတော့ စားစရာ၊ သောက်စ ရာတွေပေးပြီး ကူညီထားကြ တယ်’’ဟု ကောလင်းဘူတာမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။ ရထားထွက်ခွာနိုင်ခြင်းမရှိ သည့်အတွက် ရထားပေါ်ရှိခရီး သည် ၃၀၀ ခန့်သည် ရထားပေါ် နှင့် ဘူတာအနီးဝန်းကျင်တွင် နေ ထိုင်၍ နှစ်ရက်ကြာသည်အထိ စောင့်ဆိုင်း နေကြရခြင်း ဖြစ် သည်။

No comments: