Sunday, July 19, 2015

မိုးရွာသွန်းမှုကြောင့် လမ်းတံတားပျက်စီးမှု သွားရောက်စစ်ဆေးသော ရဲတပ်ကြပ် ရေနစ်သေဆုံး

ဖိုးတုတ် ရန်ကုန်No.799 Sunday, July 19, 2015ကန့်ဘလူမြောက်ပိုင်းတွင် ရေကြီးရေလျှံနေစဉ် (ဓာတ်ပုံ − (တမန်)ဖေ့စ်ဘွတ်ခ်) စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် မိုးရွာသွန်း မှုကြောင့် လမ်းတံတားပျက်စီးမှု အခြေအနေကို သွားရောက်ကြည့် ရှုသည့် ရဲတပ်ကြပ်တစ်ဦး ဇူလိုင် ၁၈ ရက်က ရေစီးထဲ မျောပါသွား ပြီး သေဆုံးခဲ့ကြောင်း သတင်းရ ရှိသည်။ အသက် (၃၀) နှစ်အရွယ် ရဲတပ်ကြပ်တစ်ဦးသည် ကန့်ဘလူမြို့နယ် ပန်းကုံးသာ တံတားနှင့် ၀ါးရုံတံတားကြားတွင် ရေစီးနှင့် မျောပါသေဆုံးခဲ့ကြောင်း ကန့်ဘလူမြို့မရဲစခန်းမှ တာဝန်ကျ ရဲအရာရှိက ပြောသည်။ ‘‘ရေစီးနှင့် မျောပါသေဆုံး သွားသော ရဲတပ်ကြပ်ကို ဇူလိုင် ၁၈ ရက် မွန်းတည့် ၁၂ နာရီကျော် တွင် အလောင်းပြန်လည်ရှာဖွေ တွေ့ရှိခဲ့ကြောင်း ကန့်ဘလူမြို့မ ရဲစခန်းမှ ရဲအရာရှိကပြောသည်။ ကန့်ဘလူမြို့နယ်တွင် မိုး သည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်နေသည့် အတွက် လမ်းတံတားပျက်စီးမှု ဖြစ်ပေါ်နေခြင်းဖြစ်သည်။

No comments: