Sunday, July 19, 2015

ရနံ့ကြောင့် ရောဂါကို ၀ယ်စားနေရသလိုဖြစ်သည့် မြေပဲဆီအတုများ ဈေးကွက်တွင်များလာ =============================================

ရနံ့ကြောင့် ရောဂါကို ၀ယ်စားနေရသလိုဖြစ်သည့် မြေပဲဆီအတုများ ဈေးကွက်တွင်များလာ ============================================== ရန်ကုန် ဇူလိုင် ၁၈ နယ်စပ်ဒေသများမှ တရားမဝင် တင်သွင်းလာသည့် ပြန်ကြော်ဆီ (အသုံးပြုပြီးသားဆီ)များကို အနံ့ ထည့်သွင်းကာ မြေပဲဆီဟု လိမ်လည် ရောင်းချနေမှုများရှိနေ၍ အများ ပြည်သူများအနေဖြင့် သတိပြုဝယ်ယူ စားသုံးရန် လိုအပ်ကြောင်း ဆီစက် လုပ်ငန်းရှင်များနှင့် စားသုံးသူအခွင့် အရေးလှုပ်ရှားသူများ၏ ပြောကြား ချက်အရ သိရသည်။ ''အိမ်နီးချင်း နိုင်ငံကြီးတွေရဲ့ စားသောက်ကုန် လုပ်ငန်းတွေမှာ အသုံးပြုပြီး ထပ်မံသုံးစွဲလို့မရတော့တဲ့ ဆီတွေကိုနယ်စပ်ဒေသကနေ မှောင်ခို အဖြစ် အလုံးအရင်းသွင်းလာပြီး ဒီရောက်မှ အက်စစ်တွေ၊ ဓာတုပစ္စည်း တွေနဲ့ အရောင်ချွတ်ကာ မြေပဲဆီနဲ့ ရောတယ်။ ပြီးရင်လက်ရှိစားအုန်း ဆီဈေးထက် အနည်းငယ်သာမြှင့်၍ မြေပဲဆီဆိုပြီး ဈေးကွက်မှာ ဈေးအမျိုး မျိုးနဲ့ ရောင်းနေကြတယ်။ မြေပဲဆန် တစ်ပိဿာကို သုံးထောင်လောက်ဖြစ် နေချိန်မှာ မြေပဲဆန်တစ်ပိဿာရှစ်ဆယ် လောက် ကြိတ်မှ တစ်ပိဿာသာရတဲ့ မြေပဲဆီကို နှစ်ထောင်ကျော်လောက်နဲ့ ရောင်းနေကြတာကိုကြည့်ရင် ဒီဆီက ဘာဆီဆိုတာ သိနိုင်ပါတယ်။ မြေပဲ ဆီနဲ့စားအုန်းဆီရောထားတဲ့ ရောဆီ ဆိုရင်တောင်‘ဒီဈေးနဲ့ရောင်းဖို့မလွယ် ပါဘူး''ဟုမြန်မာ့ပဲဆီသန့်ကို ပြည်တွင်း ဈေးကွက်တွင်သာမက ပြည်ပသို့ပါ တင်ပို့ရန် ကြိုးစားနေသူ ဆီစက် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။ စားသုံးဆီများတွင် ပြည့်ဝဆီ(Saturated)နှင့် မပြည့်ဝဆီ (Unsaturated) ဟူ၍ နှစ်မျိုးရှိပြီး ပြည့်ဝဆီမှာ ကျန်းမာရေးအတွက် မကောင်းဟု ဒေါက်တာအေးကျော် (ဆေးသုတေသန)နှင့် အခြားပညာရှင် များက စဉ်ဆက်မပြတ် ထောက်ပြ ပြောဆိုနေကြသော်လည်း ပြည့်ဝဆီ ဖြစ်သည့် စားအုန်းဆီများကို စားသုံး ရန် မသင့်လျော်တော့သည့်အခြေ အနေအထိ အသုံးပြုပြီးမှ အရောင် ချွတ် အနံ့သွင်း၍ အများပြည်သူကို လှည့်ဖြားရောင်းချနေကြခြင်းမှာ တစ်မျိုးသားလုံး၏ ကျန်းမာရေး အတွက် အလွန်စိုးရိမ်ရသည့် အခြေ အနေဖြစ်ကြောင်း စားသုံးသူအခွင့် အရေး လှုပ်ရှားသူ တစ်ဦးက ပြောသည်။ ယခင်က ပြည်တွင်းစားသုံးဆီ ဈေးကွက်တွင် မြေပဲ၊ နှမ်း၊ နေကြာ၊ မုန်ညင်းစသော သီးနှံထွက်ဆီ၊ စားအုန်းဆီနှင့် ¤င်းဆီနှစ်မျိုးကို ရောနှောနေ၍ ရောဆီဟူ၍ အမျိုး အစားသုံးမျိုးသာရှိခဲ့သော်လည်း ယခု အခါတွင် စားအုန်းဆီကို အခြားသီးနှံ အနံ့ထည့်သွင်းထားသော ဆီနှင့် အသုံးပြုပြီးသား ဆီပျက်များကို အရောင်ချွတ် အနံ့သွင်းထားသည့် ဆီများလည်း ဈေးကွက်သို့ ဝင်ရောက် လာခဲ့ကြောင်း သိရသည်။ အဆိုပါဆီပျက်များဖြင့် ပြုလုပ် ထားသည့် မြေပဲဆီအတုများကို တံဆိပ်မပါသော ပုံးများ၊ ပီပါများဖြင့် လက်လီဈေးကွက်သို့ ဖြန့်ဖြူးလျက် ရှိကြောင်းသိရပြီး လက်လီဆိုင်များ မှလည်း တန်ဖိုးအမျိုးမျိုးသတ်မှတ်ကာ ပြန်လည်ရောင်းချနေပြီး ယင်းဆီများ ကို စားသုံးခြင်းဖြင့် ကင်ဆာရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးသွေးကြော ကျဉ်းရောဂါအပါအဝင် အခြားရောဂါ များလည်း ဖြစ်ပေါ်စေနိုင်ကြောင်း သိရသည်။ ၎င်းမြေပဲဆီ အတုများကို မြန်မာနိုင်ငံ၏ ဆီအိုးကြီးဟုတင်စား ခေါ်ဝေါ်သည့် မြန်မာနိုင်ငံ အလယ် ပိုင်းဒေသမှလွဲ၍ ကျန်တိုင်းဒေသကြီး နှင့်ပြည်နယ်များတွင် တွေ့ရှိရပြီး အထူးသဖြင့် လူနေထူထပ်သော မြို့ကြီးများ၊ ဆင်ခြေဖုံးဒေသများ၊ သဘာဝဘေးအန္တရာယ်ဒဏ်ခံစားခဲ့ရ သော ဒေသများတွင် ပုံးများ၊ တံဆိပ် မပါသော ပါကင်ပိတ်ဘူးများဖြင့် ရောင်းချသည်ကို တွေ့ရှိနေရကြောင်း၊ ဆီဈေးကွက် ကျွမ်းကျင်သူ ဧရာဝတီ မြေပဲဆီလုပ်ငန်းပိုင်ရှင် ဦးခင်စိုးက ပြောသည်။ မြေပဲဆီအတုများကို အတုမှန်း မသိဘဲ ဈေးသက်သာသဖြင့် ဝယ်စား နေသူ သာကေတမြို့နယ်မှ အိမ်ရှင်မ တစ်ဦးဖြစ်သူ ဒေါ်အမာက ''ကျွန်မတို့ ဒီဆီတွေကို ဈေးကနေ လက်လီ ဝယ်စားနေတာကြာပါပြီ။ ဟင်းချက် တာပဲဖြစ်ဖြစ်၊ တစ်ခုခုစားတာပဲဖြစ်ဖြစ် ပဲဆီနံ့လေးကိုပဲကြိုက်တယ်။ ဒါကြောင့် ဒီဆီတွေကို ဈေးသက်သာတယ် ဆိုပြီး ဝယ်သုံးနေခဲ့တာ၊ အခုလိုသိလိုက်ရ တော့ ကျွန်မတို့မိသားစုက ပဲဆီနံ့ လေးနဲ့စားချင်လို့ ရောဂါတွေကို ပိုက်ဆံနဲ့ဝယ်နေရသလို ဖြစ်နေတယ်''ဟု မြေပဲဆီအတုများကို စားသုံးခဲ့ ခြင်းနှင့်ပတ်သက်၍ သူ၏အမြင်ကို ပြောသည်။ သန့်ရှင်းသော စားသုံးဆီသည် လူ၏ခန္ဓာကိုယ်အတွက် လိုအပ်သော စွမ်းအားကို အခြားသောသက်စောင့် အာဟာရဓာတ် နှစ်မျိုးဖြစ်သည့် ကစီဓာတ် (ကာဗိုဟိုက်ဒရိတ်)နှင့် အသားဓာတ် (ပရိုတိန်း) တို့ထက် ပိုမိုဖြည့်ဆည်းပေးနိုင်ပြီး စားသုံးဆီ တစ်ဂရမ်လျှင် ကိုးကီလိုကယ်လိုရီ ရရှိနိုင်ကြောင်းသိရပြီး မြန်မာနိုင်ငံ၏ ပြည်တွင်း စားသုံးဆီအသုံးပြုမှုမှာ တစ်ရက်လျှင် ခန့်မှန်းခြေပီပါ ၉ဝဝဝ ခန့်ရှိကြောင်း လေ့လာမှုများအရ သိရသည်။ သတင်း-သီဟသူ ဓာတ်ပုံ-ဘအေး ရနံ့ကြောင့် ရောဂါကို ၀ယ်စားနေရသလိုဖြစ်သည့် မြေပဲဆီအတုများ ဈေးကွက်တွင်များလာ ============================================== ရန်ကုန် ဇူလိုင် ၁၈ နယ်စပ်ဒေသများမှ တရားမဝင် တင်သွင်းလာသည့် ပြန်ကြော်ဆီ (အသုံးပြုပြီးသားဆီ)များကို အနံ့ ထည့်သွင်းကာ မြေပဲဆီဟု လိမ်လည် ရောင်းချနေမှုများရှိနေ၍ အများ ပြည်သူများအနေဖြင့် သတိပြုဝယ်ယူ စားသုံးရန် လိုအပ်ကြောင်း ဆီစက် လုပ်ငန်းရှင်များနှင့် စားသုံးသူအခွင့် အရေးလှုပ်ရှားသူများ၏ ပြောကြား ချက်အရ သိရသည်။ ''အိမ်နီးချင်း နိုင်ငံကြီးတွေရဲ့ စားသောက်ကုန် လုပ်ငန်းတွေမှာ အသုံးပြုပြီး ထပ်မံသုံးစွဲလို့မရတော့တဲ့ ဆီတွေကိုနယ်စပ်ဒေသကနေ မှောင်ခို အဖြစ် အလုံးအရင်းသွင်းလာပြီး ဒီရောက်မှ အက်စစ်တွေ၊ ဓာတုပစ္စည်း တွေနဲ့ အရောင်ချွတ်ကာ မြေပဲဆီနဲ့ ရောတယ်။ ပြီးရင်လက်ရှိစားအုန်း ဆီဈေးထက် အနည်းငယ်သာမြှင့်၍ မြေပဲဆီဆိုပြီး ဈေးကွက်မှာ ဈေးအမျိုး မျိုးနဲ့ ရောင်းနေကြတယ်။ မြေပဲဆန် တစ်ပိဿာကို သုံးထောင်လောက်ဖြစ် နေချိန်မှာ မြေပဲဆန်တစ်ပိဿာရှစ်ဆယ် လောက် ကြိတ်မှ တစ်ပိဿာသာရတဲ့ မြေပဲဆီကို နှစ်ထောင်ကျော်လောက်နဲ့ ရောင်းနေကြတာကိုကြည့်ရင် ဒီဆီက ဘာဆီဆိုတာ သိနိုင်ပါတယ်။ မြေပဲ ဆီနဲ့စားအုန်းဆီရောထားတဲ့ ရောဆီ ဆိုရင်တောင်‘ဒီဈေးနဲ့ရောင်းဖို့မလွယ် ပါဘူး''ဟုမြန်မာ့ပဲဆီသန့်ကို ပြည်တွင်း ဈေးကွက်တွင်သာမက ပြည်ပသို့ပါ တင်ပို့ရန် ကြိုးစားနေသူ ဆီစက် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။ စားသုံးဆီများတွင် ပြည့်ဝဆီ(Saturated)နှင့် မပြည့်ဝဆီ (Unsaturated) ဟူ၍ နှစ်မျိုးရှိပြီး ပြည့်ဝဆီမှာ ကျန်းမာရေးအတွက် မကောင်းဟု ဒေါက်တာအေးကျော် (ဆေးသုတေသန)နှင့် အခြားပညာရှင် များက စဉ်ဆက်မပြတ် ထောက်ပြ ပြောဆိုနေကြသော်လည်း ပြည့်ဝဆီ ဖြစ်သည့် စားအုန်းဆီများကို စားသုံး ရန် မသင့်လျော်တော့သည့်အခြေ အနေအထိ အသုံးပြုပြီးမှ အရောင် ချွတ် အနံ့သွင်း၍ အများပြည်သူကို လှည့်ဖြားရောင်းချနေကြခြင်းမှာ တစ်မျိုးသားလုံး၏ ကျန်းမာရေး အတွက် အလွန်စိုးရိမ်ရသည့် အခြေ အနေဖြစ်ကြောင်း စားသုံးသူအခွင့် အရေး လှုပ်ရှားသူ တစ်ဦးက ပြောသည်။ ယခင်က ပြည်တွင်းစားသုံးဆီ ဈေးကွက်တွင် မြေပဲ၊ နှမ်း၊ နေကြာ၊ မုန်ညင်းစသော သီးနှံထွက်ဆီ၊ စားအုန်းဆီနှင့် ¤င်းဆီနှစ်မျိုးကို ရောနှောနေ၍ ရောဆီဟူ၍ အမျိုး အစားသုံးမျိုးသာရှိခဲ့သော်လည်း ယခု အခါတွင် စားအုန်းဆီကို အခြားသီးနှံ အနံ့ထည့်သွင်းထားသော ဆီနှင့် အသုံးပြုပြီးသား ဆီပျက်များကို အရောင်ချွတ် အနံ့သွင်းထားသည့် ဆီများလည်း ဈေးကွက်သို့ ဝင်ရောက် လာခဲ့ကြောင်း သိရသည်။ အဆိုပါဆီပျက်များဖြင့် ပြုလုပ် ထားသည့် မြေပဲဆီအတုများကို တံဆိပ်မပါသော ပုံးများ၊ ပီပါများဖြင့် လက်လီဈေးကွက်သို့ ဖြန့်ဖြူးလျက် ရှိကြောင်းသိရပြီး လက်လီဆိုင်များ မှလည်း တန်ဖိုးအမျိုးမျိုးသတ်မှတ်ကာ ပြန်လည်ရောင်းချနေပြီး ယင်းဆီများ ကို စားသုံးခြင်းဖြင့် ကင်ဆာရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးသွေးကြော ကျဉ်းရောဂါအပါအဝင် အခြားရောဂါ များလည်း ဖြစ်ပေါ်စေနိုင်ကြောင်း သိရသည်။ ၎င်းမြေပဲဆီ အတုများကို မြန်မာနိုင်ငံ၏ ဆီအိုးကြီးဟုတင်စား ခေါ်ဝေါ်သည့် မြန်မာနိုင်ငံ အလယ် ပိုင်းဒေသမှလွဲ၍ ကျန်တိုင်းဒေသကြီး နှင့်ပြည်နယ်များတွင် တွေ့ရှိရပြီး အထူးသဖြင့် လူနေထူထပ်သော မြို့ကြီးများ၊ ဆင်ခြေဖုံးဒေသများ၊ သဘာဝဘေးအန္တရာယ်ဒဏ်ခံစားခဲ့ရ သော ဒေသများတွင် ပုံးများ၊ တံဆိပ် မပါသော ပါကင်ပိတ်ဘူးများဖြင့် ရောင်းချသည်ကို တွေ့ရှိနေရကြောင်း၊ ဆီဈေးကွက် ကျွမ်းကျင်သူ ဧရာဝတီ မြေပဲဆီလုပ်ငန်းပိုင်ရှင် ဦးခင်စိုးက ပြောသည်။ မြေပဲဆီအတုများကို အတုမှန်း မသိဘဲ ဈေးသက်သာသဖြင့် ဝယ်စား နေသူ သာကေတမြို့နယ်မှ အိမ်ရှင်မ တစ်ဦးဖြစ်သူ ဒေါ်အမာက ''ကျွန်မတို့ ဒီဆီတွေကို ဈေးကနေ လက်လီ ဝယ်စားနေတာကြာပါပြီ။ ဟင်းချက် တာပဲဖြစ်ဖြစ်၊ တစ်ခုခုစားတာပဲဖြစ်ဖြစ် ပဲဆီနံ့လေးကိုပဲကြိုက်တယ်။ ဒါကြောင့် ဒီဆီတွေကို ဈေးသက်သာတယ် ဆိုပြီး ဝယ်သုံးနေခဲ့တာ၊ အခုလိုသိလိုက်ရ တော့ ကျွန်မတို့မိသားစုက ပဲဆီနံ့ လေးနဲ့စားချင်လို့ ရောဂါတွေကို ပိုက်ဆံနဲ့ဝယ်နေရသလို ဖြစ်နေတယ်''ဟု မြေပဲဆီအတုများကို စားသုံးခဲ့ ခြင်းနှင့်ပတ်သက်၍ သူ၏အမြင်ကို ပြောသည်။ သန့်ရှင်းသော စားသုံးဆီသည် လူ၏ခန္ဓာကိုယ်အတွက် လိုအပ်သော စွမ်းအားကို အခြားသောသက်စောင့် အာဟာရဓာတ် နှစ်မျိုးဖြစ်သည့် ကစီဓာတ် (ကာဗိုဟိုက်ဒရိတ်)နှင့် အသားဓာတ် (ပရိုတိန်း) တို့ထက် ပိုမိုဖြည့်ဆည်းပေးနိုင်ပြီး စားသုံးဆီ တစ်ဂရမ်လျှင် ကိုးကီလိုကယ်လိုရီ ရရှိနိုင်ကြောင်းသိရပြီး မြန်မာနိုင်ငံ၏ ပြည်တွင်း စားသုံးဆီအသုံးပြုမှုမှာ တစ်ရက်လျှင် ခန့်မှန်းခြေပီပါ ၉ဝဝဝ ခန့်ရှိကြောင်း လေ့လာမှုများအရ သိရသည်။ သတင်း-သီဟသူ ဓာတ်ပုံ-ဘအေး

No comments: