Tuesday, July 21, 2015

ဆွပ်ပရာဘွမ်သို့ အစိုးရတပ်မတော်မှ လက်နက်ကြီး ရဟတ်ယာဉ်ဖြင့်သယ်ဆော

ဆွပ်ပရာဘွမ်သို့ အစိုးရတပ်မတော်မှ လက်နက်ကြီး ရဟတ်ယာဉ်ဖြင့်သယ်ဆောင် ဆွမ်ပရာဘွမ်မြို့နယ် တိုက်ပွဲအခြေအနေသည် လွန်ခဲ့သည့်ရက်များတွင် အတော်ပြင်းထန်ခဲ့ပြီး ဇူလိုင် ၂၀ ရက်နေ့နှင့် ယနေ့အချိန်တွင် အနည်းငယ်ပြန်လည်ငြိမ်သက်နေကြောင်းသတင်းရရှိသည်။ သို့သော်လွန်ခဲ့သည့်တိုက်ပွဲများတွင် အစိုးရတပ်များမှ အကျများသည့်အတွက် ဇူလိုင်၂၀ ရက်နေ့တွင် အစိုးရတပ်မတော်မှ လေယာဉ်ဖြင့် လက်နက်ကြီးများ သယ်ဆောင်ကာ အဆိုပါဒေသသို့ ချထားပြီဖြစ်ကြောင်းလည်းသတင်းရရှိသည်။ ထိုကဲ့သို့သော လက်နက်ကြီးများအား ပြန်လည် သယ်ဆောင်လာသည့်အတွက် တိုက်ပွဲသည် ဆက်လက်ပြင်းထန်လာကြောင်းလည်းဒေသခံများမှသုံးသပ်သည်။ ဒုက္ခသည်များသည်လည်း ယခုအချိန် အင်ထန်ဇွပ်နှင့် ဂျာယာယန်စသည့် ဘုရားကျောင်းများတွင် နေထိုင်လျှက်ရှိကြောင်းလည်းသတင်းရရှိသည်။ နေ့စဉ်လေယာဉ်များ လက်နက်ကြီးများဖြင့် ပစ်ခတ်သည့်အတွက် ဒုက္ခသည်များမှာလည်း ၎င်းတို့တည်းခိုသည့် ဘုရားကျောင်းများတွင် ညအိပ်ပြီး နေ့ပိုင်းတွင် တစ်နေကုန် တောထဲတွင်သာ ပုန်းရှောင်နေကြကြောင်းသတင်းရရှိသည်။ အစားအသောက် ၊ ဆေးဝါး ၊ အ၀တ်အစား နှင့် အခြားအခက်အခဲများစွာနှင့် ကြုံတွေ့နေရသည်သာမက လေယာဉ်ဖြင့်နေစဉ် လာရောက်တိုက်ခိုက်မှုကြောင့် ဒုက္ခသည်များမှာလည်း ကြောက်ရွှံ့နေကြကြောင်း လည်းသိရသည်။ အဆိုပါဒေသတွင် သက်ကယ်ဖြင့်သာ မိုးထားသည့် ကေအိုင်အေ တပ်စခန်းငယ်တစ်ခုအား အစုရတပ်မတော်မှအင်အား အယောက် တစ်ထောင်ကျော်ရောက်ရှိနေကာ တိုက်ပွဲဖြစ်ပွားလျှက်ရှိသည်။ ပုံ။။ ဆွမ်ပရာဘွမ်သို့ လက်နက်ကြီးပို့ပြီးပြန်လာစဉ် Kachinwaves ဆွပ်ပရာဘွမ်သို့ အစိုးရတပ်မတော်မှ လက်နက်ကြီး ရဟတ်ယာဉ်ဖြင့်သယ်ဆောင် ဆွမ်ပရာဘွမ်မြို့နယ် တိုက်ပွဲအခြေအနေသည် လွန်ခဲ့သည့်ရက်များတွင် အတော်ပြင်းထန်ခဲ့ပြီး ဇူလိုင် ၂၀ ရက်နေ့နှင့် ယနေ့အချိန်တွင် အနည်းငယ်ပြန်လည်ငြိမ်သက်နေကြောင်းသတင်းရရှိသည်။ သို့သော်လွန်ခဲ့သည့်တိုက်ပွဲများတွင် အစိုးရတပ်များမှ အကျများသည့်အတွက် ဇူလိုင်၂၀ ရက်နေ့တွင် အစိုးရတပ်မတော်မှ လေယာဉ်ဖြင့် လက်နက်ကြီးများ သယ်ဆောင်ကာ အဆိုပါဒေသသို့ ချထားပြီဖြစ်ကြောင်းလည်းသတင်းရရှိသည်။ ထိုကဲ့သို့သော လက်နက်ကြီးများအား ပြန်လည် သယ်ဆောင်လာသည့်အတွက် တိုက်ပွဲသည် ဆက်လက်ပြင်းထန်လာကြောင်းလည်းဒေသခံများမှသုံးသပ်သည်။ ဒုက္ခသည်များသည်လည်း ယခုအချိန် အင်ထန်ဇွပ်နှင့် ဂျာယာယန်စသည့် ဘုရားကျောင်းများတွင် နေထိုင်လျှက်ရှိကြောင်းလည်းသတင်းရရှိသည်။ နေ့စဉ်လေယာဉ်များ လက်နက်ကြီးများဖြင့် ပစ်ခတ်သည့်အတွက် ဒုက္ခသည်များမှာလည်း ၎င်းတို့တည်းခိုသည့် ဘုရားကျောင်းများတွင် ညအိပ်ပြီး နေ့ပိုင်းတွင် တစ်နေကုန် တောထဲတွင်သာ ပုန်းရှောင်နေကြကြောင်းသတင်းရရှိသည်။ အစားအသောက် ၊ ဆေးဝါး ၊ အ၀တ်အစား နှင့် အခြားအခက်အခဲများစွာနှင့် ကြုံတွေ့နေရသည်သာမက လေယာဉ်ဖြင့်နေစဉ် လာရောက်တိုက်ခိုက်မှုကြောင့် ဒုက္ခသည်များမှာလည်း ကြောက်ရွှံ့နေကြကြောင်း လည်းသိရသည်။ အဆိုပါဒေသတွင် သက်ကယ်ဖြင့်သာ မိုးထားသည့် ကေအိုင်အေ တပ်စခန်းငယ်တစ်ခုအား အစုရတပ်မတော်မှအင်အား အယောက် တစ်ထောင်ကျော်ရောက်ရှိနေကာ တိုက်ပွဲဖြစ်ပွားလျှက်ရှိသည်။ ပုံ။။ ဆွမ်ပရာဘွမ်သို့ လက်နက်ကြီးပို့ပြီးပြန်လာစဉ် Kachinwaves

No comments: