Monday, July 20, 2015

မိုးကောင်းမြို့၌ မိုးသည်းထန်ကာ ချောင်းရေမြင့်တက်ပြီး လူနေအိမ်များ ရေနစ်မြုပ်မှု ရဲတပ်ဖွဲ့ဝင်များ ကူညီဆောင်ရွက်ပေး ===========================================

မိုးကောင်းမြို့၌ မိုးသည်းထန်ကာ ချောင်းရေမြင့်တက်ပြီး လူနေအိမ်များ ရေနစ်မြုပ်မှု ရဲတပ်ဖွဲ့ဝင်များ ကူညီဆောင်ရွက်ပေး =========================================== နေပြည်တော် ဇူလိုင် ၁၉ ဇူလိုင် ၁၇ ရက် ညနေ ၆ နာရီ မှစ၍ ကချင်ပြည်နယ် မိုးကောင်း မြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နန့်ရင်းချောင်း ရေမှာ စိုးရိမ်ရေမှတ်အထက် ၉၄ စင်တီမီတာနှင့် နန့်ကောင်းချောင်း ရေမှာ စိုးရိမ်ရေမှတ် အထက် ၇၂ စင်တီမီတာအထိ မြင့်တက်ခဲ့ရာ မိုးကောင်းမြို့ နောင်ကိုင်တောင် ရပ်ကွက်တွင် လူနေအိမ်အလုံး ၅ဝ၊ ဈေးကုန်းရပ်ကွက်၌ လူနေအိမ်အလုံး ၄ဝ၊ အရှေ့ရပ်ကွက်တွင် လူနေအိမ် အလုံး ၄ဝ၊ အလယ်ရပ်ကွက်တွင် လူနေအိမ်ခုနစ်လုံး၊ နန့်ရင်းရပ်ကွက် တွင် လူနေအိမ်အလုံး ၁၅ဝ နှင့် ရွာသစ်ရပ်ကွက်၌ လူနေအိမ်အလုံး ၂၉ဝ တို့ ရေဝင်နစ်မြုပ်ခဲ့သဖြင့် မိသားစုဝင်များ ¤င်းတို့၏ဆွေမျိုးများ နေအိမ်သို့ ပြောင်းရွှေ့နေထိုင်လျက် ရှိရာ မိုးကောင်းမြို့နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက လုံခြုံရေးနှင့် အခြား လိုအပ်သည်များ ကူညီဆောင်ရွက်ပေး လျက်ရှိသည်။ ထို့ပြင် အိုးတန်းရပ်ကွက်ရှိ မိုးကောင်းပြည်သူ့ဆေးရုံအတွင်း ရေ များဝင်ရောက်မှုကြောင့် ဆေးရုံ၌ ဆေးကုသမှုခံယူနေသည့်လူနာ ၄၇ ဦးအနက် ၂၅ ဦးအား ဈေးကုန်း ရပ်ကွက်ရှိ သာသနာ့ဗိမာန်သို့ လည်း ကောင်း၊ ကျန် ၂၂ ဦးအား ¤င်းတို့ ၏နေအိမ်များသို့ လည်းကောင်း မိုးကောင်းမြို့နယ် ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင် များ၊ နယ်မြေခံတပ်မှ တပ်မတော် သားများ၊ မြို့နယ်အထောက်အကူပြု အဖွဲ့များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ နှင့်ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်း ၍ ကူညီရွှေ့ပြောင်းပေးခဲ့ပြီး ဆေးကုသမှုများ ဆက်လက်ဆောင် ရွက်ပေးလျက်ရှိကြောင်း သိရ သည်။ ကိုရဲ မိုးကောင်းမြို့၌ မိုးသည်းထန်ကာ ချောင်းရေမြင့်တက်ပြီး လူနေအိမ်များ ရေနစ်မြုပ်မှု ရဲတပ်ဖွဲ့ဝင်များ ကူညီဆောင်ရွက်ပေး =========================================== နေပြည်တော် ဇူလိုင် ၁၉ ဇူလိုင် ၁၇ ရက် ညနေ ၆ နာရီ မှစ၍ ကချင်ပြည်နယ် မိုးကောင်း မြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နန့်ရင်းချောင်း ရေမှာ စိုးရိမ်ရေမှတ်အထက် ၉၄ စင်တီမီတာနှင့် နန့်ကောင်းချောင်း ရေမှာ စိုးရိမ်ရေမှတ် အထက် ၇၂ စင်တီမီတာအထိ မြင့်တက်ခဲ့ရာ မိုးကောင်းမြို့ နောင်ကိုင်တောင် ရပ်ကွက်တွင် လူနေအိမ်အလုံး ၅ဝ၊ ဈေးကုန်းရပ်ကွက်၌ လူနေအိမ်အလုံး ၄ဝ၊ အရှေ့ရပ်ကွက်တွင် လူနေအိမ် အလုံး ၄ဝ၊ အလယ်ရပ်ကွက်တွင် လူနေအိမ်ခုနစ်လုံး၊ နန့်ရင်းရပ်ကွက် တွင် လူနေအိမ်အလုံး ၁၅ဝ နှင့် ရွာသစ်ရပ်ကွက်၌ လူနေအိမ်အလုံး ၂၉ဝ တို့ ရေဝင်နစ်မြုပ်ခဲ့သဖြင့် မိသားစုဝင်များ ¤င်းတို့၏ဆွေမျိုးများ နေအိမ်သို့ ပြောင်းရွှေ့နေထိုင်လျက် ရှိရာ မိုးကောင်းမြို့နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက လုံခြုံရေးနှင့် အခြား လိုအပ်သည်များ ကူညီဆောင်ရွက်ပေး လျက်ရှိသည်။ ထို့ပြင် အိုးတန်းရပ်ကွက်ရှိ မိုးကောင်းပြည်သူ့ဆေးရုံအတွင်း ရေ များဝင်ရောက်မှုကြောင့် ဆေးရုံ၌ ဆေးကုသမှုခံယူနေသည့်လူနာ ၄၇ ဦးအနက် ၂၅ ဦးအား ဈေးကုန်း ရပ်ကွက်ရှိ သာသနာ့ဗိမာန်သို့ လည်း ကောင်း၊ ကျန် ၂၂ ဦးအား ¤င်းတို့ ၏နေအိမ်များသို့ လည်းကောင်း မိုးကောင်းမြို့နယ် ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင် များ၊ နယ်မြေခံတပ်မှ တပ်မတော် သားများ၊ မြို့နယ်အထောက်အကူပြု အဖွဲ့များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ နှင့်ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်း ၍ ကူညီရွှေ့ပြောင်းပေးခဲ့ပြီး ဆေးကုသမှုများ ဆက်လက်ဆောင် ရွက်ပေးလျက်ရှိကြောင်း သိရ သည်။ ကိုရဲ

No comments: