Monday, July 20, 2015

မော်လူး၌ရေကြီးရေလျှံမှုဖြစ် နန့်ဒရန်ချောင်း ယာဉ်များသွားလာမှုခက်ခဲ =========================================

မော်လူး၌ရေကြီးရေလျှံမှုဖြစ် နန့်ဒရန်ချောင်း ယာဉ်များသွားလာမှုခက်ခဲ ========================================= မော်လူး ဇူလိုင် ၁၉ စစ်ကိုင်းတိုင်းဒေသကြီး အင်းတော် မြို့နယ် မော်လူးဒေသတွင် ဇူလိုင် ၁၄ ရက်မှ ၁၉ ရက်အထိ မိုးသည်း ထန်စွာရွာသွန်းမှုကြောင့် မော်လူး ချောင်း၊ ဟဲနုချောင်းများ ရေကြီးရေလျှံ မှုဖြစ်ကာ ရပ်ကွက်များသို့ ရေများ ဝင်ရောက်လာသဖြင့် ကျွဲ၊ နွားများကို ရေလွတ်ရာအရပ်သို့ ရွှေ့ပြောင်းကြရ သည်။ မော်လူးအဝင် စိပိန်းကျေးရွာ အနီးရှိ နန့်ဒရန်ချောင်းကူးကွန်ကရစ် RC တံတားကြီးမှာ မပြီးမသတ်နိုင် သေး၍ ကားများသွားလာနိုင်ရန် ကွင်းလမ်းလုပ်ပေးထားသော တံတား ငယ်မှာလည်း ရေကြီးရေလျှံမှုနှင့် အတူ ချောင်းရေတိုက်စားသဖြင့် ပျက်စီးသွားရာ ရေကျချိန်မစောင့်ဆိုင်းနိုင်သောယာဉ်ကြီးများ ချောင်း ရေကိုအံတုကာ ဖြတ်သန်းမောင်းနှင် လာကြသည်။ ရေမပေါက်၍ စောင့် ဆိုင်းနေကြသော ကားတန်းကြီးများကို မော်လူး ကိုချိတ်-မစိမ်းလန်း (ခိုင်ဝင်းလဲ့ကွန်ပျူတာ) မိသားစုတို့က စား သောက်ဖွယ်ရာများ သွားရောက် ဝေငှလှူဒါန်းကြကြောင်း သိရ သည်။ ညိုမင်းထက်(မြန်မာစာ) မော်လူး၌ရေကြီးရေလျှံမှုဖြစ် နန့်ဒရန်ချောင်း ယာဉ်များသွားလာမှုခက်ခဲ ========================================= မော်လူး ဇူလိုင် ၁၉ စစ်ကိုင်းတိုင်းဒေသကြီး အင်းတော် မြို့နယ် မော်လူးဒေသတွင် ဇူလိုင် ၁၄ ရက်မှ ၁၉ ရက်အထိ မိုးသည်း ထန်စွာရွာသွန်းမှုကြောင့် မော်လူး ချောင်း၊ ဟဲနုချောင်းများ ရေကြီးရေလျှံ မှုဖြစ်ကာ ရပ်ကွက်များသို့ ရေများ ဝင်ရောက်လာသဖြင့် ကျွဲ၊ နွားများကို ရေလွတ်ရာအရပ်သို့ ရွှေ့ပြောင်းကြရ သည်။ မော်လူးအဝင် စိပိန်းကျေးရွာ အနီးရှိ နန့်ဒရန်ချောင်းကူးကွန်ကရစ် RC တံတားကြီးမှာ မပြီးမသတ်နိုင် သေး၍ ကားများသွားလာနိုင်ရန် ကွင်းလမ်းလုပ်ပေးထားသော တံတား ငယ်မှာလည်း ရေကြီးရေလျှံမှုနှင့် အတူ ချောင်းရေတိုက်စားသဖြင့် ပျက်စီးသွားရာ ရေကျချိန်မစောင့်ဆိုင်းနိုင်သောယာဉ်ကြီးများ ချောင်း ရေကိုအံတုကာ ဖြတ်သန်းမောင်းနှင် လာကြသည်။ ရေမပေါက်၍ စောင့် ဆိုင်းနေကြသော ကားတန်းကြီးများကို မော်လူး ကိုချိတ်-မစိမ်းလန်း (ခိုင်ဝင်းလဲ့ကွန်ပျူတာ) မိသားစုတို့က စား သောက်ဖွယ်ရာများ သွားရောက် ဝေငှလှူဒါန်းကြကြောင်း သိရ သည်။ ညိုမင်းထက်(မြန်မာစာ)

No comments: