Monday, July 20, 2015

နန့်သဲရေကျော်တံတားတွင် ကားအစီးပေါင်း ၁၀၀ ကျော် လမ်းပိတ်ဆို့မှုဖြစ်နေ ========================================

နန့်သဲရေကျော်တံတားတွင် ကားအစီးပေါင်း ၁၀၀ ကျော် လမ်းပိတ်ဆို့မှုဖြစ်နေ ======================================== အင်းတော် ဇူလိုင် ၁၉ ရွှေဘို-မြစ်ကြီးနားသွား အင်းတော်မြို့နယ်လမ်းပိုင်းရှိ နန့်သဲချောင်း ရေကျော် ကားလမ်းတံတား၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ရာ ခရီးသွား ယာဉ်များ ရေအကျစောင့်ဆိုင်းနေကြရသဖြင့် ကားလမ်းမပေါ်၌ လမ်းပိတ်ဆို့ မှုများ ယမန်နေ့ ည ၉ နာရီအထိ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ''မိုးတွေက နေ့တိုင်းရွာတော့ နန့်သဲချောင်းရေက အတော်လေးကြီးနေ တယ်။ အခုဆိုရင် ကျွန်တော်တို့ ကားတွေမောင်းလို့မရသေးဘူး၊ ရေက အခုမှ တိုးနေတုန်း၊ ကားတွေအစီး ၁ဝဝ ကျော်ရှိတယ်၊ ကူညီရေးအဖွဲ့တွေ မလာသေး တော့ အခက်အခဲရှိပါတယ်'' ဟု ကားမောင်းဆရာတစ်ဦးက ပြောသည်။ နန့်သဲချောင်း ရေကျော်တံတားသည် နန့်သဲချောင်းကိုဖြတ်သန်းကာ ဆောက်လုပ်ထားသော ကွန်ကရစ်ရေကျော်တံတားဖြစ်သည်။ထိုနန့်သဲချောင်း သည် ကားလမ်း၏ တောင်ဘက်တွင်ရှိသည့် ဂဟဲတောတောင်များကို ရေဝေရေလဲခံကာ စီးဆင်းလာသောချောင်းဖြစ်သည်။ မိုးများသည်းထန်စွာ ရွာသည့်အခါတွင် ရေကြီးမှုမြန်ဆန်ခြင်းများရှိတတ်ပြီး တောင်ကျချောင်းရေ ဖြစ်သဖြင့် ရေစီးသန်ခြင်းကြောင့် ဖြတ်သန်းရန် ခက်ခဲခြင်းဖြစ်သည်ဟု သိရ သည်။ သန်းမောင်လေး(ကချင်မြေ) နန့်သဲရေကျော်တံတားတွင် ကားအစီးပေါင်း ၁၀၀ ကျော် လမ်းပိတ်ဆို့မှုဖြစ်နေ ======================================== အင်းတော် ဇူလိုင် ၁၉ ရွှေဘို-မြစ်ကြီးနားသွား အင်းတော်မြို့နယ်လမ်းပိုင်းရှိ နန့်သဲချောင်း ရေကျော် ကားလမ်းတံတား၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ရာ ခရီးသွား ယာဉ်များ ရေအကျစောင့်ဆိုင်းနေကြရသဖြင့် ကားလမ်းမပေါ်၌ လမ်းပိတ်ဆို့ မှုများ ယမန်နေ့ ည ၉ နာရီအထိ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ''မိုးတွေက နေ့တိုင်းရွာတော့ နန့်သဲချောင်းရေက အတော်လေးကြီးနေ တယ်။ အခုဆိုရင် ကျွန်တော်တို့ ကားတွေမောင်းလို့မရသေးဘူး၊ ရေက အခုမှ တိုးနေတုန်း၊ ကားတွေအစီး ၁ဝဝ ကျော်ရှိတယ်၊ ကူညီရေးအဖွဲ့တွေ မလာသေး တော့ အခက်အခဲရှိပါတယ်'' ဟု ကားမောင်းဆရာတစ်ဦးက ပြောသည်။ နန့်သဲချောင်း ရေကျော်တံတားသည် နန့်သဲချောင်းကိုဖြတ်သန်းကာ ဆောက်လုပ်ထားသော ကွန်ကရစ်ရေကျော်တံတားဖြစ်သည်။ထိုနန့်သဲချောင်း သည် ကားလမ်း၏ တောင်ဘက်တွင်ရှိသည့် ဂဟဲတောတောင်များကို ရေဝေရေလဲခံကာ စီးဆင်းလာသောချောင်းဖြစ်သည်။ မိုးများသည်းထန်စွာ ရွာသည့်အခါတွင် ရေကြီးမှုမြန်ဆန်ခြင်းများရှိတတ်ပြီး တောင်ကျချောင်းရေ ဖြစ်သဖြင့် ရေစီးသန်ခြင်းကြောင့် ဖြတ်သန်းရန် ခက်ခဲခြင်းဖြစ်သည်ဟု သိရ သည်။ သန်းမောင်လေး(ကချင်မြေ)

No comments: