Monday, July 20, 2015

ရွှေဘို-မြစ်ကြီးနားလမ်းမကြီးပေါ်မှ ရေအိုင်ကြီးကြောင့် သွားလာရေးအခက်တွေ့နေ =====================================

ရွှေဘို-မြစ်ကြီးနားလမ်းမကြီးပေါ်မှ ရေအိုင်ကြီးကြောင့် သွားလာရေးအခက်တွေ့နေ ===================================== အင်းတော် ဇူလိုင် ၁၉ စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်အတွင်းမှ ပြည်ထောင်စုကားလမ်းမ ကြီးတစ်ခုဖြစ်သည့် ရွှေဘို-မြစ်ကြီးနားလမ်းမကြီးပေါ် သီဘာရွာနှင့် နတ်မဟုတ် ကြီးရွာကြားလမ်းပိုင်းတွင် ရေအိုင်ကြီးတစ်ခု ဖြစ်ပေါ်နေသဖြင့် လမ်းပေါ်တွင် ဆိုင်ကယ်များသွားလာရန် အခက်အခဲဖြစ်နေကြောင်း သိရသည်။ လမ်းမကြီးဘေးရှိ စိုက်ခင်းမြေကွက်များတွင် စက်ယန္တရားကြီးများနှင့်ထိုးကာ လမ်းမပေါ်မှ ရေထွက်ပေါက်လမ်းကြောင်းများကို မြေကြီးများဖြင့် ပိတ်ဆို့ထား ခြင်းကြောင့် လမ်းမကြီးပေါ်မှ ရေများမှာ ထွက်ပေါက်မရှိတော့ဘဲ ရေအိုင်ကြီး ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း သိရသည်။ ''ကားလမ်းအောက်က အခင်းမြေကွက်ကို မြို့ထဲကလူကို ရောင်းလိုက်တော့ မြေကွက်ဝယ်ယူတဲ့လူက ဝယ်တဲ့အထဲမှာ လယ်ထဲက ရေထွက်ပေါက်ပါ ပါသွား တယ်။ အရင်က ရေထွက်ပေါက်က အဲဒီလယ် လျှိုထဲက စီးဆင်းပြီးထွက်တာပါ။ ခုတော့ ဝယ်ယူထားတဲ့လူက သူမြေကွက် မြေညီအောင်ပြုပြင်လိုက်တော့ ကားလမ်းမကြီးပေါ်မှာ ရေပိတ်ဆို့မှုဖြစ်လာပါတယ်''ဟု နတ်မဟုတ်ကြီးရွာမှ ဒေသခံပြည်သူတစ်ဦးက ပြောသည်။ ရေအိုင်ကြီးမှာ ယခုအချိန်အထိ လမ်းပေါ်တွင် ရှိနေသဖြင့် ယာဉ်ငယ်များနှင့် ဆိုင်ကယ်များ၊ အင်းတော်မြို့သို့စက်ဘီးစီး၍ နေ့စဉ်ကျောင်းတက်ကျောင်းဆင်း ကြသည့် ကျောင်းသား ကျောင်းသူများအတွက် သွားလာရေးအခက်အခဲ ဖြစ်နေကြောင်း သိရသည်။ သန်းမောင်လေး(ကချင်မြေ) ရွှေဘို-မြစ်ကြီးနားလမ်းမကြီးပေါ်မှ ရေအိုင်ကြီးကြောင့် သွားလာရေးအခက်တွေ့နေ ===================================== အင်းတော် ဇူလိုင် ၁၉ စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်အတွင်းမှ ပြည်ထောင်စုကားလမ်းမ ကြီးတစ်ခုဖြစ်သည့် ရွှေဘို-မြစ်ကြီးနားလမ်းမကြီးပေါ် သီဘာရွာနှင့် နတ်မဟုတ် ကြီးရွာကြားလမ်းပိုင်းတွင် ရေအိုင်ကြီးတစ်ခု ဖြစ်ပေါ်နေသဖြင့် လမ်းပေါ်တွင် ဆိုင်ကယ်များသွားလာရန် အခက်အခဲဖြစ်နေကြောင်း သိရသည်။ လမ်းမကြီးဘေးရှိ စိုက်ခင်းမြေကွက်များတွင် စက်ယန္တရားကြီးများနှင့်ထိုးကာ လမ်းမပေါ်မှ ရေထွက်ပေါက်လမ်းကြောင်းများကို မြေကြီးများဖြင့် ပိတ်ဆို့ထား ခြင်းကြောင့် လမ်းမကြီးပေါ်မှ ရေများမှာ ထွက်ပေါက်မရှိတော့ဘဲ ရေအိုင်ကြီး ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း သိရသည်။ ''ကားလမ်းအောက်က အခင်းမြေကွက်ကို မြို့ထဲကလူကို ရောင်းလိုက်တော့ မြေကွက်ဝယ်ယူတဲ့လူက ဝယ်တဲ့အထဲမှာ လယ်ထဲက ရေထွက်ပေါက်ပါ ပါသွား တယ်။ အရင်က ရေထွက်ပေါက်က အဲဒီလယ် လျှိုထဲက စီးဆင်းပြီးထွက်တာပါ။ ခုတော့ ဝယ်ယူထားတဲ့လူက သူမြေကွက် မြေညီအောင်ပြုပြင်လိုက်တော့ ကားလမ်းမကြီးပေါ်မှာ ရေပိတ်ဆို့မှုဖြစ်လာပါတယ်''ဟု နတ်မဟုတ်ကြီးရွာမှ ဒေသခံပြည်သူတစ်ဦးက ပြောသည်။ ရေအိုင်ကြီးမှာ ယခုအချိန်အထိ လမ်းပေါ်တွင် ရှိနေသဖြင့် ယာဉ်ငယ်များနှင့် ဆိုင်ကယ်များ၊ အင်းတော်မြို့သို့စက်ဘီးစီး၍ နေ့စဉ်ကျောင်းတက်ကျောင်းဆင်း ကြသည့် ကျောင်းသား ကျောင်းသူများအတွက် သွားလာရေးအခက်အခဲ ဖြစ်နေကြောင်း သိရသည်။ သန်းမောင်လေး(ကချင်မြေ)

No comments: