Monday, July 20, 2015

ကန့်ဘလူ မြို့နယ်ရှိ မင်းမြင်ရေလှောင်တမံ ထိခိုက်ပျက်စီးမှုမရှိ ========================================

ကန့်ဘလူ မြို့နယ်ရှိ မင်းမြင်ရေလှောင်တမံ ထိခိုက်ပျက်စီးမှုမရှိ ======================================== နေပြည်တော် ဇူလိုင် ၁၉ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဇူလိုင် ၁၄ ရက်မှ ၁၈ ရက်အထိ မိုးသည်းထန်စွာရွာသွန်းခဲ့ရာ ကန့်ဘလူ မြို့နယ်၌ ဇူလိုင် ၁၈ ရက်က မိုးရေချိန် ၇ ဒသမ ၈၃ လက်မ ရွာသွန်းခဲ့ပြီး စံချိန်တင်ခဲ့သည်။ ယင်းမြို့နယ်ရှိ မင်းမြင်ရေလှောင်တမံ၌ ဇူလိုင် ၁၈ ရက် နံနက် ၉ နာရီခန့်က သတ်မှတ်ရေပြည့်မှတ် ၆၉၂ ဒသမ ၃ဝ ပေ အထိ အမြင့်ဆုံးရောက်ရှိသဖြင့် ရေပိုလွှဲမှ ရေထုတ်လွှတ် ခဲ့သည်။ မင်းမြင်တမံကို ရေပြည့်အမြင့်မှတ်ကျော်လွန်ပါက ရေပိုလွှဲမှ ရေကျော်ကျစေရန် တည်ဆောက်ထားခြင်း ဖြစ်သော်လည်း အချိန်တိုအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေပိုလွှဲမှ ရေပိုမိုထုတ်လွှတ်ခဲ့ရာ တမံ အောက်ဘက်ရှိ နေရာအချို့တွင် ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့သည်။ အဆိုပါ မင်းမြင်တမံကြံ့ခိုင်မှုအတွက် ဆည်မြောင်း ဦးစီးဌာနမှ တာဝန်ရှိသူများက အချိန်ပြည့် စောင့်ကြည့် စစ်ဆေးခြင်း၊ လိုအပ်သောနေရာများတွင် တပ်မတော်သား များနှင့်ပူးပေါင်း၍ သဲအိတ်များချထားကာကွယ်ခြင်းများ ဆောင်ရွက်ခဲ့ပြီး ဒေသဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့အစည်း များကလည်း တပ်မတော်သားများနှင့်ပူးပေါင်းကာ တမံ အောက်ဘက်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများအား ဘေးကင်းလုံခြုံရာသို့ ကြိုတင်ရွှေ့ပြောင်းပေးခြင်းတို့ ကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ခဲ့သည်။ ယင်းသို့ တမံတွင် ရေပြည့်အမှတ်ထက်ကျော်လွန် သည်အထိ ရေဝင်ရောက်မှုများကြောင့် မြေသား တမံ အလျားပေ ၂ဝ ခန့် နေရာနှစ်ခု တွင် ရေစီးကြောင်းတိုက်စားမှုကြောင့် မြေသားပဲ့ကျမှုသာဖြစ်ပေါ်ခဲ့ပြီး တမံ ၏ကိုယ်ထည်နှင့် အခြားအဆောက် အအုံများ ထိခိုက်ပျက်စီးမှုမရှိ ကြောင်း၊ ဆည်မြောင်းဦးစီးဌာနမှ တာဝန်ရှိသူများသည် တပ်မတော် သားများနှင့် ပူးပေါင်းပြီး အချိန်နှင့် တစ်ပြေးညီ ပြန်လည်ပြုပြင်နိုင်ခဲ့ပြီး ဆက်လက်ဆောင်ရွက်လျက်ရှိသဖြင့် ဘေးကင်းလုံခြုံပြီး စိတ်ချရမှုရှိပြီး ဖြစ်ကြောင်း၊ မင်းမြင်တမံ၏ ရေပြည့် မှတ်မှာလည်း ယနေ့နံနက် ၆ နာရီ တွင်ျွူ. ၆၈၈ ဒသမ ၆ဝ ပေသို့ ပြန်လည်ကျဆင်းခဲ့ပြီး မိုးရွာသွန်းမှု လျော့နည်းလာမှုနှင့်အတူ ဆက်လက် ကျဆင်းမည်ဖြစ်ကြောင်း သိရ သည်။ (သတင်းစဉ်)

No comments: