မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Wednesday, July 15, 2015
ပညာရေးသပိတ်တွင် ပါဝင်၍ အကျဉ်းကျခံနေသူ ၁၁ ဦး အာမခံရ

-------------------------------------------
အမျိုးသားပညာရေး ဥပဒေကို ပြင်ရန် သပိတ်မှောက် တောင်းဆိုရာတွင် ပါဝင်၍ ပဲခူးတိုင်းဒေသကြီး သာယာဝတီ အကျဉ်းထောင်တွင် အကျဉ်းကျနေသူ ကျောင်းသား ၁၀ ဦးနှင့် ဝန်းရံသူတစ်ဦးတို့ ဇူလိုင်လ ၁၄ ရက်နေ့ ၁၃ ကြိမ်မြောက် ရုံးထုတ်စစ်ဆေးရာတွင် အာမခံရရှိခဲ့ကြောင်း သာယာဝတီ တရားရုံးမှ ရှေ့နေတစ်ဦးက ပြောကြားသည်။
နတ်တလင်းမြို့နယ်မှ ကျောင်းသားငါးဦး၊ မြောင်မြို့နယ်မှ ကျောင်းသားတစ်ဦး၊ ရန်ကုန်မှ ကျောင်းသားနှစ်ဦး၊ လက်ပန်းတန်းမြို့နယ်မှ ကျောင်းသားနှစ်ဦးနှင့် မန္တလေးမြို့မှ ဝန်းရံသူ အမျိုးသမီးတစ်ဦး တို့ကို သာယာဝတီမြို့နယ် တရားရုံးက အာမခံပေးလိုက်ကြောင်း ဖမ်းဆီးခံ ကျောင်းသားများ၏ အကျိုးဆောင်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောဆိုသည်။
သာယာဝတီမြို့နယ် တရားရုံးသို့ ရုံးထုတ်စဉ် ကျောင်းသားနှင့် ဝန်းရံသူများက ကျန်းမာရေး စစ်ဆေးပေးရန် လက်မှတ်ထိုး၍ စာတင်ထားကြောင်း၊ ဇွန်လ ၃၀ ရက် က ရုံးထုတ်အပြီး အကျဉ်းထောင်သို့ ပြန်ရောက်စဉ် တားမြစ်ပစ္စည်းများ သယ်ဆောင်မှုဖြင့် ကျောင်းသားခုနစ်ဦးကို အကျဉ်းထောင်အက်ဥပဒေ ၄၂ ဖြင့် တရားစွဲထားခြင်းသည် ဥပဒေနှင့်မညီကြောင်း အစရှိသည်များကို မြို့နယ်တရား သူကြီးထံ တင်ပြကြကြောင်း ကျောင်းသား မိဘများ ထံမှ သိရသည်။
“ကျွန်တော်တို့ ကျောင်းသားတွေ လက်ပံတန်းအကြမ်းဖက် ဖြိုခွင်းခံရပြီးတော့ ကျောင်းသားတွေ အတွင်းဒဏ်ရာတွေ ရကြတယ်။ အပြင်ဒဏ်ရာတွေမဟုတ်တော့ ကျောင်းသားတွေ စိုးရိမ်မှုတွေ ရှိလာရတယ်” ဟု ကိုနန္ဒာစစ်အောင်က ဆိုသည်။
ဇွန်လ ၃၀ ရက်က ကျောင်းသား ၁၅ ဦး အာမခံ လျှောက်ထားရာတွင် စာရွက်စာတမ်း မပြည့်စုံသည့်အတွက် ကျောင်သားနှစ်ဦးကို ပယ်ချခဲ့ပြီး အဝေးသင် ကျောင်းသား ၁၀ ဦးနှင့် ဝန်းရံသူ မန္တလေးမြို့မှ ကလေးငါးယောက်မိခင် တစ်ဦးကို အာမခံပေး၍ ဇူလိုင်လ ၂၁ ရက်သို့ ပြန်လည် ချိန်းဆိုလိုက်ပြီး ထပ်မံ၍အာမခံ လျှောက်ထားသူ တစ်ဦးရှိကြောင်း ဦရောဘတ်စန်းအောင်က ပြောကြားသည်။
ဖမ်းဆီးခံထားရသည့် သပိတ်မှောက် ကျောင်းသားများသည် လွှတ်တော်က ပြဋ္ဌာန်းခဲ့သည့် အမျိုးသားပညာရေး ဥပဒေကို ကန့်ကွက်ဆန္ဒပြရာမှ မတ်လ ၁၀ ရက်တွင် အကြမ်းဖက် နှိမ်နင်းဖမ်းဆီး ခံထားရခြင်းဖြစ်ကာ ကျောင်းသားများ၊ ဝန်းရံသူများကို နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅(ခ) အပါအဝင် လူစုလူဝေးဆိုင်ရာ ပုဒ်မများဖြစ်သည့် ပုဒ်မ ၁၄၃၊ ၁၄၅၊ ၁၄၇၊ ၃၃၂ တို့ဖြင့် တရားစွဲဆို ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။ ပညာရေးသပိတ်တွင် ပါဝင်၍ အကျဉ်းကျခံနေသူ ၁၁ ဦး အာမခံရ
-------------------------------------------
အမျိုးသားပညာရေး ဥပဒေကို ပြင်ရန် သပိတ်မှောက် တောင်းဆိုရာတွင် ပါဝင်၍ ပဲခူးတိုင်းဒေသကြီး သာယာဝတီ အကျဉ်းထောင်တွင် အကျဉ်းကျနေသူ ကျောင်းသား ၁၀ ဦးနှင့် ဝန်းရံသူတစ်ဦးတို့ ဇူလိုင်လ ၁၄ ရက်နေ့ ၁၃ ကြိမ်မြောက် ရုံးထုတ်စစ်ဆေးရာတွင် အာမခံရရှိခဲ့ကြောင်း သာယာဝတီ တရားရုံးမှ ရှေ့နေတစ်ဦးက ပြောကြားသည်။
နတ်တလင်းမြို့နယ်မှ ကျောင်းသားငါးဦး၊ မြောင်မြို့နယ်မှ ကျောင်းသားတစ်ဦး၊ ရန်ကုန်မှ ကျောင်းသားနှစ်ဦး၊ လက်ပန်းတန်းမြို့နယ်မှ ကျောင်းသားနှစ်ဦးနှင့် မန္တလေးမြို့မှ ဝန်းရံသူ အမျိုးသမီးတစ်ဦး တို့ကို သာယာဝတီမြို့နယ် တရားရုံးက အာမခံပေးလိုက်ကြောင်း ဖမ်းဆီးခံ ကျောင်းသားများ၏ အကျိုးဆောင်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောဆိုသည်။
သာယာဝတီမြို့နယ် တရားရုံးသို့ ရုံးထုတ်စဉ် ကျောင်းသားနှင့် ဝန်းရံသူများက ကျန်းမာရေး စစ်ဆေးပေးရန် လက်မှတ်ထိုး၍ စာတင်ထားကြောင်း၊ ဇွန်လ ၃၀ ရက် က ရုံးထုတ်အပြီး အကျဉ်းထောင်သို့ ပြန်ရောက်စဉ် တားမြစ်ပစ္စည်းများ သယ်ဆောင်မှုဖြင့် ကျောင်းသားခုနစ်ဦးကို အကျဉ်းထောင်အက်ဥပဒေ ၄၂ ဖြင့် တရားစွဲထားခြင်းသည် ဥပဒေနှင့်မညီကြောင်း အစရှိသည်များကို မြို့နယ်တရား သူကြီးထံ တင်ပြကြကြောင်း ကျောင်းသား မိဘများ ထံမှ သိရသည်။
“ကျွန်တော်တို့ ကျောင်းသားတွေ လက်ပံတန်းအကြမ်းဖက် ဖြိုခွင်းခံရပြီးတော့ ကျောင်းသားတွေ အတွင်းဒဏ်ရာတွေ ရကြတယ်။ အပြင်ဒဏ်ရာတွေမဟုတ်တော့ ကျောင်းသားတွေ စိုးရိမ်မှုတွေ ရှိလာရတယ်” ဟု ကိုနန္ဒာစစ်အောင်က ဆိုသည်။
ဇွန်လ ၃၀ ရက်က ကျောင်းသား ၁၅ ဦး အာမခံ လျှောက်ထားရာတွင် စာရွက်စာတမ်း မပြည့်စုံသည့်အတွက် ကျောင်သားနှစ်ဦးကို ပယ်ချခဲ့ပြီး အဝေးသင် ကျောင်းသား ၁၀ ဦးနှင့် ဝန်းရံသူ မန္တလေးမြို့မှ ကလေးငါးယောက်မိခင် တစ်ဦးကို အာမခံပေး၍ ဇူလိုင်လ ၂၁ ရက်သို့ ပြန်လည် ချိန်းဆိုလိုက်ပြီး ထပ်မံ၍အာမခံ လျှောက်ထားသူ တစ်ဦးရှိကြောင်း ဦရောဘတ်စန်းအောင်က ပြောကြားသည်။
ဖမ်းဆီးခံထားရသည့် သပိတ်မှောက် ကျောင်းသားများသည် လွှတ်တော်က ပြဋ္ဌာန်းခဲ့သည့် အမျိုးသားပညာရေး ဥပဒေကို ကန့်ကွက်ဆန္ဒပြရာမှ မတ်လ ၁၀ ရက်တွင် အကြမ်းဖက် နှိမ်နင်းဖမ်းဆီး ခံထားရခြင်းဖြစ်ကာ ကျောင်းသားများ၊ ဝန်းရံသူများကို နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅(ခ) အပါအဝင် လူစုလူဝေးဆိုင်ရာ ပုဒ်မများဖြစ်သည့် ပုဒ်မ ၁၄၃၊ ၁၄၅၊ ၁၄၇၊ ၃၃၂ တို့ဖြင့် တရားစွဲဆို ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment