မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Tuesday, July 7, 2015
ရုရှားနိုင်ငံရှိ ထင်ပေါ်ကျော်ကြားသူများ အမှတ်တရပြတိုက်တွင် မင်းကွန်းဆရာတော်ကြီး ရုပ်တုထားရှိ ***********************
ရုရှားနိုင်ငံရှိ ထင်ပေါ်ကျော်ကြားသူများ အမှတ်တရပြတိုက်တွင် မင်းကွန်းဆရာတော်ကြီး ရုပ်တုထားရှိ
***********************
ကမ္ဘာ့နိုင်ငံများမှ
ထင် ပေါ်ကျော်ကြားသည့်
ပုဂ္ဂိုလ်များကို ပြသထားသော ရုရှားဖက်ဒရေးရှင်းနိုင်ငံ ပြတိုက်၌
မင်း ကွန်းဆရာတော်၏ပုံတူထုလုပ် ထားရှိကာ မှတ်တမ်းတင်လိုက်ပြီဖြစ်
သည်။
မော်စကိုမြို့မှ
ကီလိုမီတာ၁၅၀ ခန့် ကွာဝေးသည့် အက်နားမီယာအရပ် ကာလုကာမြို့
ကမ္ဘာ့ ယဉ်ကျေးမှုရွာရှိ ပြတိုက်တွင် မင်းကွန်းဆရာတော်ဘုရားကြီး
ရုပ်တု ကို ထားရှိလိုက်ခြင်း ဖြစ်သည်။
ဇူလိုင် ၂ ရက်က ပြုလုပ် သည့် ကမ္ဘာ့မှတ်ဉာဏ်အကောင်း ဆုံးဖြစ်
သော မင်းကွန်းဆရာတော် ကြီး၏ ရုပ်တုဖွင့်ပွဲအခမ်းအနားသို့ သီတဂူဆရာတော် တက်ရောက် ၍ ၀မ်းမြောက်ကြောင်း စကားမိန့် ကြားတော်မူပြီး အခမ်းအနားဖွင့် လှစ်ပေးခဲ့သည်။
ထိုပြခန်းထဲ၌ ကမ္ဘာပေါ်တွင် ထင်ရှားကျော်ကြားသည့်
စာပေ ပညာရှင်များ၊
ထူးချွန်ထက်မြက် သည့်
အတွေးအခေါ် ပညာရှင် များ၊
ကိုးကွယ်ရာ ဘာသာတရား ကို တည်ထောင်ခဲ့ကြသည့် ဘာ သာရေးခေါင်းဆောင်များ၏ ရုပ်တုများ
(မြတ်ဗုဒ္ဓ၏ ရုပ်ပွားတော်၊
မဟတ္တမဂန္ဒီ ရုပ်တု) အစရှိသည့် ရုပ်တုပေါင်းငါးဆယ်ကျော်ကို စုဆောင်းပြသထားသည်။
ထိုပြ ခန်းထဲရှိ ရုပ်တုများကို
ထုလုပ်ခဲ့ သည့် ပန်းပုဆရာမှာ Mr.Aleksey Leonov ဖြစ်သည်။
ကျေးဇူးတော်ရှင်
မင်းကွန်းဆရာတော်ကြီး၏ ရုပ်တုတော်ဖွင့်ပွဲသို့
သီတဂူဆရာတော် တက် ရောက်
ဖွင့်လှစ်နိုင်ခြင်းသည်
မြန်မာနိုင်ငံအတွက် အလွန်ဂုဏ် ယူဖွယ်ကောင်းသည့် သမိုင်းမှတ်
တမ်းတစ်ခု ရေးထိုးလိုက်ခြင်း ဖြစ်သည်။
7 Day Daily ရုရှားနိုင်ငံရှိ ထင်ပေါ်ကျော်ကြားသူများ အမှတ်တရပြတိုက်တွင် မင်းကွန်းဆရာတော်ကြီး ရုပ်တုထားရှိ

7 Day Daily
Subscribe to:
Post Comments (Atom)
No comments:
Post a Comment