Tuesday, July 7, 2015

ကဲကဲ စစ်ခွာ အောက်က ဘောမ သားသားမီးမီးတို့ရေ မင်းတို့ရဲ့အဖေ ဘဘကြီးပြောမယ် နားထောင်ကြဟေ့ ဟိုနားက ငိုသံကြား (ရွာတွေကို ဖျက်ရမယ် လယ်တွေကိုသိမ်း ရမယ်ဟေ့) စစ်ခွာအောက်က ဘောမ သားသားမီးမီးတို့ရေ မင်းတို့ရဲ့အဖေ ဘဘကြီးပြောမယ် နားထောင်ကြဟေ့ ဟိုနားကဆူသံကြား(စွမ်းအားရှင်တွေမွေးရမယ် လက်ပက်နီတွေပေးရမယ်ဟေ့) စစ်ခွာအောက်က ဘောမ သားသားမီးမီးတို့ရေ မင်းတို့ရဲ့အဖေ ဘဘကြီး ပြောမယ် နားထောင်ကြဟေ့ ဟိုနားက ညည်းသံကြား(ဘုန်းကြီးတွေ ကိုရိုက်ရမယ် ဘုန်းကြီးတွေကိုသက်ရမယ်ဟေ.) စစ်ခွာအောက်က ဘောမ သားသား မီးမီးတို့ရေ မင်းတို့ရဲ့အဖေ ဘဘကြီး ပြောမယ် နားထောင် ကြဟေ့ ဟိုနားကသေနက်သံကြား( ကိုပါကြီးကို ပစ်ရမယ် ဒေါ်ခင်ဝင်းကို ပစ်ရမယ်ဟေ့) စစ်ခွာအောက်က ဘောမ သားသား မီးမီး တို့ရေ မင်းတို့ရဲ့အဖေ ဘဘကြီးပြောမယ် နားထောင်ကြ ဟေ့ ဟိုနားက ဆူသံကြား (တိုင်းရင်းသားဆို မုန်းရမယ် ကုလားဆို ဝုန်းရမယ် တရုတ်ဆို ကုန်းရမယ်ဟေ့) ကဲထမီခြုံ ဒီမိုသားသားမီးမီးတို့ရေ.... မယ်မယ်ပြောမယ် နားထောင်ကြဟေးးး အမိန့်အာဏာဟူသမျှဖီဆန်ကြ ။ (ငါ့လက်ထက်ကြမှအမိန့်ဥပဒေတွေကို လိုက်နာကြ။) သူတပါးလုပ်တာမှန်သမျှ ကပျက်ယပျက်လုပ်ကြ။ (ငါ့လက်ထက်ကြမှ ကောင်းကောင်းပြန်လုပ်ကြ။) ထောက်ပံ့ကူညီမှုမှန်သမျှ မပေးပဲရပ်ထားကြပါ။ (ငါ့လက်ထက်ကြမှအကုန်ပုံအောပေးကြပါ။) ဘယ်သူဖော်ဆောင် ဖော်ဆောင်ဒီမိုကရေစီမဟုတ်ဘူးလို့ သတ်မှတ်ကြ။ (ငါဖော်ဆောင်မှ ဒီမိုကရေစီ ရမှာလို့ ၀ါဒဖြန့်ကြ။) တိုင်းပြည်အတွက် ဘယ်သူ လုပ်လုပ် မကောင်းဘူးလို့ ပြောဆိုကြ။ (ငါရူးပေါက် အီးပါတာကမှ တိုင်းပြည်အတွက်လို့ ၀ါဒဖြန့်ကြ။) ဘယ်သူတိုးတက်အောင် လုပ်လုပ် မတိုးတက်ဘူးလို့ ပြောဆို ကြ။ (ငါစီးပွားရေးပိတ်ဆို့တာကမှ တိုင်းပြည်အတွက် တိုးတက်ပြောင်းလဲသွားတာလို့ ၀ါဒဖြန့်ကြ။) ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဘယ်သူတွေပဲ ငြိငြိ သမ္မတ မဖြစ်သင့်ဘူးလို့ ပြောဆိုကြ။ (ငါ့အလှည့်မှသာ ငါသမ္မတ မဖြစ်အောင် ရေးထားတာလို့ ပြောဆိုကြ။) ပုံ ဒီမိုမယ်မယ် ဆုကြည်

No comments: