မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Tuesday, July 7, 2015
နိုင်ငံတကာ ဆိုင်ရှင် ( Sanction )ကြောင့် မဟုတ်တော့ဘဲ၊
နိုင်ငံတကာ ဆိုင်ရှင်
( Sanction )ကြောင့် မဟုတ်တော့ဘဲ၊
ပြည်တွင်းဖြစ် ပြည်ဖျက် စစ်သူခိုးဒါးမြ ဆိုင်ရှင် အပိတ်ဆို.ခံထားရတဲ့ မြန်မာနိုင်ငံ ဖြစ်နေပြီ***
**
နိုင်ငံတကာ ကုမဏီ...တွေ
မြန်မာပြည်မှာ စီးပွားရေး လုပ်ဖို.
လိုအပ်တဲ့ အဆောက်အဦး တန်ဘိုးတွေ၊
မြေဈေးတွေ အလွန်အမင်း အဆမတန် ဈေးကြီးနေတာ ဘာတွေကြောင့်လဲ??
ဘယ်သူတွေက အဲဒီ အဆောက်အဦးကြီးတွေနဲ. မြေယာဧကပေါင်းများစွာကို ပိုင်ဆိုင်ထားတာလည်းမေးလိုက်တော့ စစ်ဗိုလ်ချုပ်ကြီး တွေ၊
စစ်ဗိုလ်ချုပ်ဟောင်းကြီး တွေ၊
အဲဒီ စစ်ဗိုလ်ချုပ် ကြီးတွေဝယ်နေတဲ့ ခရိုနီတွေ ပိုင်ဆိုင်ထားတယ်လို. ဆိုကြ
တယ်။
အဲဒီ အဆမတန် ဈေးကြီးတဲ့ အဆောက်အဦးတွေ၊
မြေဈေးတွေကြောင့် နိုင်ငံတကာ ကုမဏီတွေ အတွက် ၀န်ဆောင်စရိတ် အလွန်ကြီးမားပြီး၊ အကျိုးဆက်က အလုပ်သမားတွေကို လုပ်အားခ များများ မပေးနိုင်ဘဲ ဖြစ်နေတယ်လို. ဆိုကြတယ်။
အလုပ်သမားတွေကို လုပ်အားခ တိုးပေးပြန်ရင်လည်း အမြတ်ငွေနည်း တဲ့ အပြင် အရှူံးပါ ပေါ်ပြီး မကိုက်ဘူးလို. ပြောကြတယ်။
အရင်းစစ်လိုက်တော့ ဈေး အဆမတန်မြှင့်ထားတဲ့ အဆောက်အဦကြီးတွေ၊
မြေယာတွေကို မတရား ပိုင်ဆိုင်ထားတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေနဲ.
လက်ဝေခံ ခရိုနီတွေ ဖြစ်နေကြတယ်။
ဒီနေရာမှာ မေးစရာ နှစ်ခု ပေါ်လာတယ်။
ဘာ မက်လုံးကြောင့် နိုင်ငံတကာ ကုမဏီတွေ မြန်မာပြည်မှာ အထူး
သဖြင့် စက်ရုံတွေ လာဖွင့်ကြတာလည်း?
အတိုပြောရရင် အလုပ်သမားခ သက်သာတယ်ဆိုတဲ့ အဓိက မက်လုံးနဲ. နိုင်ငံတကာ ကုမဏီတွေ
မြန်မာပြည်ပြည်မှာ လာပြီး အရင်းအနှီး လာမြှပ်နှံကြခြင်းသာဖြစ်တယ်။
ဒါပေမဲ့ မြန်မာပြည်က
အဆောက်အဦး ငှားရမ်ခတွေ၊ မြေဈေးတွေဟာ အမေရိကန်နိုင်ငံက အချမ်းသာဆုံး တနည်းပြောရရင် ကမ္ဘာမှာဈေးအကြီးဆုံး လူနေရပ်ကွက်တွေရဲ. ဈေးနှုံးနဲ.
တပြေးထဲ ဖြစ်နေတယ်။
အဲဒီအတွက် နိုင်ငံတကာ ကုမဏီတွေ အတွက် အစဦး ၀န်ဆောင်စားရိတ် အဆမတန်ကြီးမြင့်နေတဲ့ အတွက် မှန်းချက်နဲ. နှမ်းထွက် မကိုက်ဘူး ဖြစ်နေကြတယ်။
ဥပမာပေးရရင် မြန်မာပြည်မှာက အခုမှ စတာ ရှိပါသေးတယ်။
တရုတ်၊ ဗီယက်နမ် နဲ. မက်ဆီကိုမှာဆို အမေရိကန် ကုမဏီတွေ ဖွင့်နေတာကြာပြီ။
သူတို.နိုင်ငံနဲ. စာရင်
တရုတ်၊ ဗီယက်နမ်၊ မက်ဆီကိုမှာက အလုပ်သမား ခ အလွန် သက်သာတယ်။
အဆောက်အဦး မြေယာ ငှားရမ်း၊
ပိုင်ဆိုင်ခ ပေါတယ်။
အဲဒီအတွက် အမြတ်များများကျန်တယ်။
ကုမဏီတွေလည်း ကိုက်တယ်။
အလုပ်သမားတွေလည်း ကိုက်တယ်။
နှစ်ဦးနှစ်ဘက် ကျေနပ်ဋ္ဌကတယ်။
ဒုတိယ မေးခွန်းက
သာမန် စစ်ဗိုလ်ချုပ် တယောက်ရဲ. သတ်မှတ်ထားတဲ့ နိုင်ငံတော်လစာနဲ. အဲဒီလောက် ကြီးမားတဲ့ အဆောက်အဦးကြီးတွေ၊
အိမ်ယာကြီးတွေ၊
မြေဧက ပေါင်းများစွာကို
ဝယ်ယူပိုင်ဆိုင် နိုင်ပါ့မလား ?
သတ်မှတ်ထားတဲ့ နိုင်ငံတော်လစာနဲ. မဖြစ်နိုင်ဘူးဆိုရင်၊
ခိုးရင်ခိုး၊
လာပ်စားရင်စား၊
ဥပဒေမဲ့ မတရားတာတွေ လုပ်ထားလို. ဖြစ်ကိုဖြစ်ရမယ်။
လူပိန်းပြော ပြောရရင် ခိုးရင်ခိုး၊
မတရားသိမ်းရင်သိမ်း
(ဒါးမြတိုက်တာနဲ. အတူတူဘဲ)
ဒါမှမဟုတ် ခိုးလည်းခိုး ဒါးမြလည်း တိုက်။
ဥပဒေပြင်ပက ရတဲ့ ငွေကြေးတွေနဲ. ချမ်းသာနေကြတယ် ဆိုတာ ထင်ရှားနေပါတယ်။
ပိုဆိုးတာက ဘယ်သူဘယ်ဝါတွေက ရွှေဥာဏ်တော် စူးရှပြီး ဒီလောက်တောင် အဆောက်အဦးမြေဈေးတွေကို တင်ထားကြတာလည်း?
ကမ္ဘာဈေးအကြီးဆုံး နေရာတွေနဲ. ရင်ပေါင်တန်းပြီး ဘာဖြစ်လို. ဈေးမြှင့်ထားတာလည်း?
တိုင်းပြည်က ဆင်းရဲတွင်းထဲက ရုန်းဘို. စမယ် ရှိသေးတယ်။
ဘာဖြစ်လို. ဒီလောက်တောင် မတရားလောဘတွေတက်နေကြလည်း?
အရင်းစစ်လိုက်ရင်
ဦးဏှောက်ပိုင်းဆိုင်ရာ မဖွံ. ဖြိုးသေးတဲ့
(ရက်စက် ယုတ်မာကောက်ကျစ်တဲ့
နေရာမှာ တော်ပေမဲ့)
စစ်အာဏာရူးတွေနဲ. ဒေါက်တိုင်
ခရိုနီတွေ ဖြစ်နေပြန်တယ်။
နိုင်ငံတကာ စီးပွားရေး ပိတ်ဆို.မှုက တစိတ်တပိုင်း တော်တော်များများ ရုတ်သိမ်းသွားပါပြီ။
ဒီကနေ. အလုပ်သမားတွေရဲ.
လစာပြသနာ၊
နိုင်ငံတကာ ကုမဏီကြီးတွေ ၀င်ရောက်လာမှုနည်းပါး
နေသေးတဲ့ ပြသနာ၊
လူတွေရဲ. ဆင်းရဲ တွင်းနစ်ပြီး ဒုက္ခပင်လယ်ဝေနေရတဲ့ ပြသနာတွေဟာ
တကယ်တမ်း ပြောရရင် ပြည်တွင်းဖြစ် စစ်သူခိုးဒါးမြတွေက တိုင်းပြည်ကို ပိတ်ဆို.ထားတဲ့ ပြည်တွင်းဖြစ် ပြည်ဖျက် စစ်သူခိုးဒါးမြ ဆိုင်ရှင်ကြောင့်လို. ဆိုရမယ်။ နိုင်ငံတကာ ဆိုင်ရှင်

တကယ်တမ်း ပြောရရင် ပြည်တွင်းဖြစ် စစ်သူခိုးဒါးမြတွေက တိုင်းပြည်ကို ပိတ်ဆို.ထားတဲ့ ပြည်တွင်းဖြစ် ပြည်ဖျက် စစ်သူခိုးဒါးမြ ဆိုင်ရှင်ကြောင့်လို. ဆိုရမယ်။
8888 NEW GENERATIONS
Subscribe to:
Post Comments (Atom)
No comments:
Post a Comment