မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Friday, July 17, 2015
ပိုင်ရှင်မဲ့မူးယစ်ဆေးဝါးကျပ်သိန်း ၁၆၀ ကျော်ဖိုးနှ်င့် ဆိုင်ကယ်တစ်စီးဖမ်းဆီးရမိ ==============================
ပိုင်ရှင်မဲ့မူးယစ်ဆေးဝါးကျပ်သိန်း ၁၆၀ ကျော်ဖိုးနှ်င့် ဆိုင်ကယ်တစ်စီးဖမ်းဆီးရမိ
==============================
မိုးညှင်း ဇူလိုင် ၁၆
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မိုးညှင်းရဲစခန်းပိုင်နယ်မြေအတွင်း ခန့်မှန်း တန်ဖိုး ကျပ်သိန်း ၁၆ဝ ကျော်ရှိ မူးယစ်ဆေးဝါးများနှင့် ပိုင်ရှင်မဲ့ဆိုင်ကယ် တစ်စီးကို ဇူလိုင် ၁၃ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဇူလိုင်၁၃ရက် မွန်းတည့် ၁၂ နာရီခန့်တွင် မိုးညှင်းမြို့အုပ်ကျင်းရပ်ကွက် ရှမ်းသင်္ချိုင်းအနီး၌ မူးယစ်ဆေးဝါးသုံးစွဲနေကြောင်းသတင်းအရ မိုးညှင်းမြို့မ ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ခိုင်လွင်နှင့် တပ်ဖွဲ့ဝင်များက သက် သေများဖြစ်သော အုပ်ကျင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ဆွေအဖွဲ့ နှင့်အတူ သွားရောက်ရှာဖွေစဉ် ကာဒူရွာဘက်မှ မိုးညှင်းဘက်သို့ ဆိုင်ကယ် စီးလာသော အမျိုးသားတစ်ဦး ပြန်လှည့်ပြေးသည်ကိုတွေ့ရသဖြင့် လိုက်လံ ဖမ်းဆီးရာ ၄င်းထံမှ ကျောပိုးအိတ်တစ်လုံးကျကျန်ခဲ့ပြီး ဆိုင်ကယ်မောင်းနှင် သူမှာ သင်္ချိုင်းနှင့် တစ်မိုင်ခန့်အကွာ လယ်တောတဲတွင် စီးလာသည့်MIKKO
125 ဆိုင်ကယ်ကို ရပ်ထားကာ တောထဲသို့ ထွက်ပြေးလွတ်မြောက်သွားခဲ့ ကြောင်းသိရသည်။
ကျကျန်ခဲ့သောကျောပိုးအိတ်ကို သက်သေများရှေ့တွင်ရှာဖွေရာ ရောင်စုံ ဆပ်ပြာခွက် ၂၂ ခွက်အတွင်းမှ ဘိန်းဖြူဟုယူဆရသော အဝါရောင်အမှုန့် အလေးချိန် ၂၇၁ ဂရမ်ခန့်၊ ခန့်မှန်းကာလတန်ဖိုးငွေကျပ် ၁၆၂၆ဝဝဝဝ ကို စစ်ဆေးတွေ့ရှိရသဖြင့် ဒုရဲအုပ်ခိုင်လွင်က ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့ပြီး မိုးညှင်းမြို့မရဲစခန်း၌ အမှုဖွင့်ထားက ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (၁၄၉)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment