မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Wednesday, July 22, 2015
ထောက်လှမ်းရေးက မြှောက်စားလို့ တောက်ကြွားခဲ့တဲ့ တရုတ်ခရိုနီ – ===========================
ထောက်လှမ်းရေးက မြှောက်စားလို့ တောက်ကြွားခဲ့တဲ့ တရုတ်ခရိုနီ –
===========================
ဒီတစ်ပတ်တော့ နောက်ထပ် တရုတ်ခရိုနီတစ်ယောက် အကြောင်း ပြောပြမယ်။
သူကတော့ အရေး အခင်း မတိုင်ခင်ကာလမှာ တရုတ်တန်းမှာ သုံးဘီးမောင်းရာက စစ်အစိုးရ လက်ထက်မှာ ကုဋေကြွယ် သူဌေးကြီး ဖြစ်လာတဲ့သူပဲ။
တခြား တရုတ်ခရိုနီတွေလို သူလည်းမူးယစ်ဆေးနဲ့ မကင်းဘူး။
ထောက်လှမ်းရေး ညွှန်မှူးး ဗိုလ်ချုပ်ခင်ညွန့်နဲ့ အလွန်ပလဲနာမသင့်ပြီး အင်းလျားကန်ရှေ့က မြကန်သာအိမ်ရာ၊
တာမွေက မေတ္တာညွန့်အိမ်ရာ၊
ဗဟန်း ဗိုလ်ချိုအိမ်ရာ၊
အလုံ အမှိုက်ပုံက မြစ်ကမ်းသာ အိမ်ရာ စီမံကိန်းတွေ တည်ဆောက်ခွင့် ရခဲ့ရုံမ
က အခု အစိုးရ လက်ထက်မှာလည်း လေဟာပြင် ဈေးကြီးကို စည်ပင်နဲ့ အကျိုးတူ ပူးပေါင်းဆောင်ရွက်ခွင့် ရခဲ့သူပေါ့။
သူ့နောက်မှာ မြန်မာစကား မပြောတတ်တဲ့ မန္တလေးက တရုတ် သူဌေးကြီး တစ်ဦးရှိတယ်။
အဲဒီလူ ကနောက်မှာနေပြီး သူကရှေ့ထွက် လူလုံးပြရင်း ချမ်းသာလာတာ ဖြစ်တယ်။
ထောက်လှမ်းရေး ဆိုတာကလည်း
အဲဒီခေတ်က တန်ခိုး အလွန်ထွားသ
မို့ ထင်ပေါ်လို့ ထောက်လှမ်းရေးက
ကောက်လိုက်ရင် တစ်ခါတည်း
စင်ပေါ်ရောက်လာတာပေါ့ဗျာ။
အဲဒီလူက ဘဏ်ထောင်တော
့ အလုပ်ခေါ်ရာမှာ မတတ်တာကို တတ်အောင် သင်ပေးလို့ရတယ်၊
မလှတာကို လှအောင်ပြင်ပေးလို
့ မရဘူးဆိုတဲ့ မူနဲ့ ၀န်ထမ်းမလေး
တွေ ခန့်ခဲ့တာပေါ့။
သူ့ရဲ့ဆောက်လုပ်ရေး
ကုမ္ပဏီထဲမှာလည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက
ကော်မတီဝင် တချို့ကို အစုရှယ်ယာ
ထည့်ပေးထားတော့ စည်ပင်က
အလုပ်မှန်သမျှ သူချည်းရနေတဲ့သူ
လည်း ဖြစ်တယ်။
သူက ပြီးခဲ့တဲ့ အပတ်ပြောခဲ့တဲ့ ဘိန်းတရုတ်ခရိုနီလိုပဲ ရေအား လျှပ်စစ်စီမံကိန်းတွေကို ကုမ္ပဏီ
နာမည် အမျိုးမျိုးနဲ့ ရလည်းရထားတယ်။
အထင်ရှားဆုံး ပြောပြရရင် ရဲရွာ ရေအားလျှပ်စစ် စီမံကိန်းပေါ့။
ဘိန်းတရုတ် ခရိုနီက
လျှပ်စစ်ဝန်ကြီး ဗိုလ်ချုပ်တင်ထွဋ် လက်ထက်မှာ စီမံကိန်းတွေ ရခဲ့တာဖြစ်ပြီး ဒီတရုတ် ခရိုနီကတော့ လျှပ်စစ်တွေ ပိုနေလို့ နိုင်ငံခြားတောင် ရောင်းစားနေရတယ်လို့ ပြောခဲ့တဲ့ နာမည်ကျော် လျှပ်စစ်ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်း လက်ထက်မှာ စီမံကိန်း တွေရခဲ့တာ ဖြစ်တယ်။
အာဏာရှင်ရဲ့ မိသားစုနဲ့ ရွှေလမ်း၊ငွေလမ်း ပေါက်အောင်လည်း
အဲဒီ လျှပ်စစ်ဝန်ကြီး ဗိုလ်ချုပ်ဇော်မင်း
ကပဲ ဖောက်ပေးခဲ့တာ ဖြစ်တယ်။
ဒီတရုတ်ခရိုနီက
ဘယ်လောက်တောင် လောဘကြီးခဲ့ သလဲဆိုရင် ဓာတ်ဆီ၊ ဒီဇယ်သုံးရတဲ့ ၀န်ကြီးဌာနတွေ ဖြစ်တဲ့ ပို့ဆောင်ရေး ၀န်ကြီးဌာန၊ ရထားပို့ဆောင်ရေး ၀န်ကြီးဌာန၊ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနနဲ့ စွမ်းအင် ၀န်ကြီးဌာန လေးခုကိုပေါင်းပြီး
Ministy of Energy စွမ်းအင်ဝန်ကြီး ဌာနတစ်ခု အဖြစ် ပေါင်းပစ်ဖို့တောင် စီမံချက်တစ်ခုဆွဲပြီး ၂၀၀၈ ခုနှစ်က တင်ခဲ့သေးတာ။
အဲဒီစီမံချက်ကို ရေးပေးတဲ့သူက တလောကပဲ သမ္မတရဲ့
နိုင်ငံ့စွမ်းဆောင်ရည်ဆု ရသွားတဲ့သူရဲ့
သားဗျ။
ဌာနလေးခုပေါင်းရဲ့ ၀န်ကြီးအဖြစ် ဗိုလ်ချုပ်ဇော်မင်းက လုပ်မယ်ပေါ့ဗျာ။
အဲဒါကို
အာဏာရှင် သာဂိကြီးဆီ အထိ တင်ခဲ့သေးတယ်။
ဟိုကလည်း သူ့အကျိုးစီးပွားပါလို့ အတည်ပြုခါနီးမှာ ကျန်တဲ့ ထိုင်ခုံပျောက်မယ့် ၀န်ကြီးတွေက
ဝိုင်းကန့်ကွက်လို့ ပျက်သွားတာ။
တစ်ချိန်တုန်းက
လျှမ်းလျှမ်းတောက်ခဲ့တဲ့ သူ့ရဲ့ဘဏ်ကလည်း မြန်မာနိုင်ငံ စီးပွားရေး တိုးတက်ဖို့ ထောင်တာမဟုတ်ဘဲ
မြေဈေး၊ ရွှေ ဈေး၊ အိမ်ဈေးနဲ့
အဲဒီခေတ်က ကားဈေးကွက်ကို ကစားဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ထောင်ခဲ့တာဖြစ်တယ်။
သူ့ဆီက ငွေထုတ်ချေးတဲ့
သူတွေဟာ ကုန်ထုတ်လုပ်ငန်း
လုပ်တဲ့သူတွေ မဟုတ်ဘဲ လက်ထဲ ငွေရတာနဲ့ မြန်မာ့စီးပွားရေးကို သွက်သွက်ခါအောင် ကိုင်ကိုင်
လှုပ်ခဲ့တဲ့ တရုတ်တွေချည်းပဲ။
အဲဒီကနေလည်း သူ့အတွက် အကျိုးအမြတ်တွေ အများကြီး
ရခဲ့တယ်။
သူက အငှားကားမောင်းသမား
ဘ၀ကနေ ဒီလိုသူဌေးကြီး
ဖြစ်လာတာကို လူငယ်တွေ
အတုယူ သင့်ကြောင်း
အဲဒီခေတ်က အင်တာဗျူးတွေမှာ ဖြေလေ့ရှိတယ်။
ဒါပေမဲ့ စာနယ်ဇင်းသမား
တစ်ယောက်က
အငှားကားမောင်းရာကနေ
နှစ် ၂၀အတွင်းမှာ ဒီလို
သူဌေးကြီး ဖြစ်လာအောင် ဘယ်ကငွေတွေ ရခဲ့ပါသလဲ မေးပြီးတဲ့နောက်မှာ
သူ့ရဲ့အင်တာဗျူးတွေကို မတွေ့ရတော့ဘူး။
သူ့ဘဏ်လျှမ်းလျှမ်းတောက်
နေချိန်မှာ တရုတ်အစိုးရက
ဒီဘဏ်ဟာ မူးယစ်ဆေး၊
ငွေကြေး ခ၀ါချမှုတွေနဲ့ ပတ်သက်
နေလို့ ပိတ်ပစ်ဖို့ စစ်အစိုးရကို ဖိအားပေးခဲ့တယ်။
တရုတ်ကလည်း အလကား
ပိတ်ခိုင်းတာ မဟုတ်ဘူး။
ဒီဘဏ်နဲ့ ချိတ်ထားတဲ့ တရုတ်ဘဏ်တွေက နာမည်ပျက် စာရင်းဝင်နေတဲ့ ဘဏ်တွေဖြစ်လို့ ကြာရင် ဒီငွေမည်းတွေနဲ့ သူခံရတော့မယ်ဆိုတာ သိလို့ ပိတ်ခိုင်းတာ ဖြစ်တယ်။
ဒီခရိုနီကလည်း ပြောရရင်
ကူမင်တန် အကြွင်းအကျန်တွေ မြန်မာပြည်ထဲ ကျူးကျော်ဝင်လာရာ
က ပေါက်ဖွား လာတဲ့သူ ဖြစ်တယ်။
အဲဒီအချိန်မှာ စစ်အစိုးရကလည်း
အာဏာတည်မြဲဖို့ တရုတ် တောင်းဆိုသမျှကို လိုက်လျော
နေရတဲ့အချိန် ဖြစ်လေတော့ သူ့ကိုချစ်သော်လည်း တရုတ်ကြီး
စိတ်မငြိုငြင်ရအောင် ဘဏ်ကို ပိတ်ပစ်ခိုင်းလိုက်တယ်။
ထူးဆန်းတာက ဘဏ်နဲ့
ပတ်သက်ပြီး ရရန်၊
ပေးရန်တွေကို အဲဒီခေတ်က အတွင်းရေးမှူး(၁)က
ဦးဆောင်ပြီး ဘယ်သူမှ မနစ်နာရလေအောင် စာရင်း ရှင်းလင်းပေးခဲ့တာ ဖြစ်တယ်။
ဒီတစ်ကွက်တည်း ကြည့်မယ်
ဆိုရင် စစ်အစိုးရဟာ အလွန်မှ
ပြည်သူ ပြည်သားတွေကို ငဲ့ညှာ သနားတတ်တဲ့ အသွင်တောင် ဆောင်နေသေးတယ်။
ဘဏ်လုပ်ငန်းရှင် ဆိုတာ တခြား ဘာအလုပ်မှ မလုပ်ရဘူး။
ကိုယ့်ကို ယုံကြည်စိတ်ချလို့
လာအပ် သူတွေရဲ့ ငွေကို လက်ခံ၊
လုပ်ထုံး လုပ်နည်းနဲ့ အညီ ငွေလိုတဲ့ သူတွေကို အတိုးနဲ့ချေး။
ပြီးရင် ချေးငွေနဲ့ အပ်ငွေကြားက အတိုးကိုပဲ သူက စားရမှာ။
အခုတော့ ဘဏ်တစ်ခု ထောင်ပြီး
တာနဲ့ ဆောက်လုပ်ရေးတွေ တွဲလုပ်လိုလုပ်၊
လေကြောင်းလိုင်းတွေ ထောင်လိုထောင်နဲ့။
ဘာလို့ ဒီလောက် အစိုးရက သဘောကောင်း ပေးရသလဲဆိုရင် အောင်ထွန်းလေးလို့ ခေါ်တဲ့
သာဂိကြီးရဲ့ ညွှန်ကြားချက်တွေကြောင့်ပေါ့ဗျာ။
ဒါကြောင့်လည်း မူးယစ်ဆေးနဲ့၊
ငွေမည်းတွေနဲ့ ဘယ်လို ပတ်သက် ပတ်သက်၊
ဒီတရုတ် ခရိုနီက သာဂိကြီး အိမ်ကို အ၀င်အထွက် မပျက်တာပေါ့။
ဒါတောင် သာဂိကြီးက ဘဏ်ကိစ္စမှာ စိတ်ဆိုး ဟန်ဆောင်လိုက်လို့ တရုတ်ခရိုနီက သူ့သားအကြီးဆုံးကို လွှတ်ပြီး စိန်လမ်းရွှေလမ်း အတော်ပြန်ဖောက် လိုက်ရသေးတယ်တဲ့။
ဖိုးသူတော် မျက်စိလည်ဆန်ရ၊
သာဂိကြီး စိတ်ဆိုးရင် စိန်တွေ ရသပေါ့ဗျာ။
အဲဒီလိုနဲ့ သာဂိကြီးက တိုင်းပြည်ကို နှစ်ပေါင်း ၂၀လောက် အုပ်ချုပ်လိုက်
ရာမှာ မြန်မာနိုင်ငံရဲ့ ဓနဥစ္စာတွေဟာ သာဂိကြီးတို့ မိသားစုနဲ့ တရုတ်ခရိုနီ
တွေ လက်ထဲကို လုံးလုံးကို ကျရောက်သွားတော့တာပါပဲ။
အခု ပြည်သူပြည်သားတွေ ကျောကော့နေအောင် စခံနေရပြီဖြစ်
တဲ့ လျှပ်စစ်မီတာခတွေ
တိုးကောက်ဖို့ လျှပ်စစ်ဓာတ်အားကို ပုဂ္ဂလိက ပေးခွင့်ပြုဖို့ ဆိုတာတွေဟာ အရင် လျှပ်စစ်ဝန်ကြီးတွေနဲ့ ဒီတရုတ်ခရိုနီတွေ ပေါင်းကြံသွားတဲ့ ကိစ္စသက်သက်ပဲဗျ။
ဒီအစိုးရနဲ့ ဒီခရိုနီတွေကတော့ ဟုတ်နေတော့တာပဲ၊ ခရိုနီတွေက
သူတို့ မွေးထားတဲ့ လူကြီးတွေ အိမ်ကိုသွား၊ ဒူးကလေး ထောက်ပြီး အဘွအဘွနဲ့ ဟိုစီမံချက် တင်ပြ၊ ဒီစီမံချက် ချပြနဲ့။
လူကြီးဆိုတဲ့ စားဖားတွေ ကလည်း အဲဒီစီမံချက်တွေ ပေါ်မှာ သူတို့အိတ်ထဲ ဘယ်လောက် ရောက်မလဲ မြင်တာနဲ့ ပြည်သူတွေ လစဉ်၊ နှစ်စဉ် သားစဉ်မြေးဆက် ခံရတော့မှာကို မျက်ကွယ်ပြုပြီး ခွင့်ပြုပေးနဲ့။
ဒါလားဗျ မျိုးချစ်စိတ်၊ ဒါလားဗျ တိုင်းပြည်ကို တိုးတက်အောင် လုပ်တာလို့ပြောရင်း သူ့စကားကို အဆုံးသတ် သွားပါတော့တယ်။
လက်စောင်းထက်
Tomorrow Journal ထောက်လှမ်းရေးက မြှောက်စားလို့ တောက်ကြွားခဲ့တဲ့ တရုတ်ခရိုနီ –

Tomorrow Journal
Subscribe to:
Post Comments (Atom)
No comments:
Post a Comment