မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Friday, July 10, 2015
ကာမိုင်းမြို့နယ် မအူပင်ကျေးရွာအနီး KIA နှင့် လှုပ်ရှားစစ်ကြောင်းတို့ ထိတွေ့ကာ တိုက်ပွဲဖြစ်ပွား ======================================
ကာမိုင်းမြို့နယ် မအူပင်ကျေးရွာအနီး KIA နှင့် လှုပ်ရှားစစ်ကြောင်းတို့ ထိတွေ့ကာ တိုက်ပွဲဖြစ်ပွား
======================================
9, July, 2015 By Voice Of Kachin
ဇူလိုင် ၂၈ ရက်နေ့ စကခ(၇)လက်အောက်ခံ ခလရ(၂၅၀)မှ လှုပ်ရှားတပ်ခွဲသည် ကာမိုင်းမြို့နယ်အတွင်း နယ်မြေစိုးမိုးရေး ဆောင်ရွက်စဉ် လွယ်ဆိုင်းရွာနှင့် မအူပင်ကျေးရွာကြား ဂျာမိုင်ကထောင်သို့ ရောက်ရှိစဉ် KIA အင်အား(၁၀)ဦးခန့်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး တောင်ကြောပေါ်သို့ ဆုတ်ခွာထွတ်ပြေးသွားကြောင်း သိရှိရပါသည်။
၎င်းနောက် လှုပ်ရှားတပ်ခွဲမှ ထုတ်နှုတ်(၁)စိတ်ဖြင့် လိုက်လံရှင်းလင်းရာ KIA မှ သံပိုက်လုံးဖြင့် ပြုလုပ်ထားသည့် ရီမုမိုင်း(၁)လုံးအား တွေ့ရှိခဲ့ပြီး စနစ်တကျဖော်ထုတ်သိမ်းဆည်း ခဲ့ကြောင်း သိရှိရပါသည်။ KIA မှ တပ်မတော်စစ်ကြောင်းများ အလစ်အငိုက်တွင် ၀င်ရောက်ကာ မိုင်းထောင်ခြင်း ဆက်ကြေးကောက်ခြင်း အခါအခွင့်သင့်ပါက လူသစ်ဆွဲခြင်းပါ လုပ်ဆောင်နေခြင်း ကြောင့် ကာမိုင်းမြို့နယ်ရှိ ဒေသခံများ စိုးရိမ်နေကြရကြောင်း သိရှိရပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment