မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Friday, July 10, 2015
ဘယ်သမီးတော်ရရ လက်ထပ်ချင်ပါသတဲ့ (သမီးတော် ရာဇ၀င် - 17) -
ဘယ်သမီးတော်ရရ လက်ထပ်ချင်ပါသတဲ့
(သမီးတော် ရာဇ၀င် - 17) -
================
၁၉၉၆ ခုနှစ်က ဖြစ်ပါတယ်။
ဘ၀ရှင် မင်းတရားကြီး ထီးနန်းစိုးစံပြီး
ငါးနှစ် အကြာမှာပေါ့။
သမီးတော်တွေထဲမှာ
အိမ်ထောင်ကျသူက ကျပြီး
အပျိုတွေလည်း ကျန်သေးသပေါ့။
အဲဒီအချိန်မှာ
တပ်မတော် ရေတပ်မှာလည်း
ပြဿနာပေါင်း သောင်းခြောက်ထောင် ဖြစ်နေတယ်။
အဓိက ကတော့ နိုင်ငံခြား ငါးခိုးသင်္ဘောတွေကို အခကြေးငွေ
ယူပြီး မြန်မာ့ရေပိုင်နက်ထဲမှာ ငါးဖမ်းခွင့်ပြုနေတဲ့ ကိစ္စကအစ
စစ်ဆင်ရေး အတွက် သုံးရမဲ့
စက်သုံးဆီတွေ ထုတ်ရောင်းတာက
အဆုံး ဖြစ်နေတယ်။
အဲဒီခေတ်က
ဆက်သွယ်ရေးကလည်း ခက်ခဲသေးချိန်ဆိုတော့ သတင်း
တစ်ခုရဖို့ မလွယ်သလို သတင်းရလို့
စစ် သင်္ဘောပေါ် တက်ရှာလိုက်တိုင်း အိမ်သုံး မှောင်ခိုပစ္စည်းကအစ ရွှေချောင်း အဆုံးမိပြီး တပ်မတော်ရေက စစ်သင်္ဘောပေါ် လိုက်တဲ့ အရာရှိတွေ ထောင်သွင်း အကျဉ်းချ ခံရချိန်လည်း ဖြစ်တယ်။
အဲဒီခေတ်က တပ်မတော်ရေတပ် ထဲမှာတောင် တရုတ်ပင်လယ် အရေးအခင်းဆိုပြီး နာမည်ကြီး ခဲ့တာပေါ့။
စစ်သင်္ဘော တစ်စီးပေါ်ဆိုရင်
သတင်းအရ တက်ရှာတာ ဘာမှ မတွေ့ရဘူး။
ဒါနဲ့ တက်ရှာတဲ့ အရာရှိက
စိတ်ညစ်ညစ်နဲ့ စစ်သင်္ဘော
ကက်ပတိန်
(ရေတပ်အခေါ်တော့ စီအို)ရဲ့
အိမ်ယာပေါ် ပစ်လှဲပြီး အိပ်လိုက်တာ။
သူ့ခေါင်းကို တူနဲ့ထုသလို ခံလိုက်
ရလို့ အဲဒီခေါင်းအုံးကိုလဲ ခွဲကြည့်ရော အထဲမှာ ရွှေချောင်းတွေ အပြည့်နဲ့ ရွှေခေါင်းအုံးကြီး ဖြစ်နေတာကို တွေ့
လိုက် ရပါသတဲ့။
အဲဒီစီအိုလည်း ထောင်သွင်း အကျဉ်းကျစေပေါ့။
ဒါတွေဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်နှစ်ခုက တကယ် ဖြစ်ပျက်ခဲ့တာတွေ ဖြစ်တယ်။
တကယ်ဆိုရင် လာဘ်ယူ တာပဲဗျာ ငွေပေးလဲ ယူလိုက်ပေါ့။
အခုတော့ ရွှေချောင်းမှ
တောင်းဆိုတော့ မှောင်ခိုသမားတွေရဲ့ အ၀ယ်တော်က ပုလောလို ဘုတ်ပြင်း
လို မြို့သေးသေးလေးမှာ ရွှေဆိုင်တွေ
က ရွှေတွေအားလုံး သိမ်းကျုံး ၀ယ်မှ
တော့ သတင်းက ပေါက်ကြားပြီပေါ့။
အဲဒီ အ၀ယ်တော်တွေ ထဲမှာ ဓမ္မစေတီ ခေါင်းလောင်း ရှာတဲ့ တစ်ယောက်တောင် ပါလိုက်သေးတယ်။
လက်စောင်းထက်က အဲဒီခေတ်က ထောင်သွင်း အကျဉ်းကျခဲ့တဲ့ ရေတပ် စစ်ဗိုလ်တစ်ယောက်ကို မေးဖူးပါတယ်။
ငွေယူလဲ ရသားနဲ့ ဘာလို့ ရွှေကိုမှ တောင်းရသလဲပေါ့။
သူကလဲ ပြန်ဖြေပါတယ်။
အဲဒီခေတ်က ငွေစက္ကူတွေကို
တစ်ချိန်လုံး တရားမ၀င် ကြေညာနေတာဆိုတော့ ကိုယ့်ငွေ
လေး ပါသွားမှာ စိုးလို့ပါတဲ့။
စစ်ရုံးမှာလဲ လူကြီးတွေ ခေါင်းချင်း
ဆိုင်ပြီး တပ်မတော် ရေတပ် အနေနဲ့ လာဘ်ပေးလာဘ်ယူ အမှုတွေနဲ့ ကင်းရှင်းစေဖို့ စီမံချက် တစ်ခုကို ဆွဲတင်ပြရမယ်ဆိုပြီး အမိန့်ထုတ်လိုက်တယ်။
အမိန့်ကတော့ ထုံးစံအတိုင်း
အဆင့်ဆင့် ဆက်ထုတ်လိုက်တာ နောက်ဆုံးမတော့ ဒီတာဝန်က
သံလျှက်စွန်း ရေတပ်က ဗိုလ်မှူး တစ်ယောက်ဆီမှာ ဆုံးသွားတယ်။
ဒီဗိုလ်မှူးကလဲ အထက်က သူ့ကို ယုံကြည်စိတ်ချစွာ ဒီလိုကြီးမားတဲ့ တာဝန်ပေးတယ်ဆိုပြီး နေ့မအိပ်
ညမအိပ် စီမံချက်ကို ရေးဆွဲတော့
တာပေါ့။
ဒီလို ရေးဆွဲနေရင်း ဒီစစ်ဗိုလ်လေး
က ဘာထူးဆန်းတဲ့ စိတ်ကူးတစ်ခု ပေါက်လာသလဲဆိုရင် သူ့အနေနဲ့ မိဘနောက်ခံလည်း ရှိတာမဟုတ်ဘူး။
သူရေးဆွဲတဲ့ စီမံချက်ကို တင်ပြလဲ ဘယ်သူကမှ အရေးတယူ လုပ်ကြမှာ မဟုတ်ဘူး။
ဒါဆိုရင်ဖြင့် သူအပင်ပန်းခံ ရေးဆွဲထား
ရတဲ့ စီမံချက်က အလကား ဖြစ်တော့မယ်။
တကယ်လို့သာ
သူဟာ အာဏာရှိတဲ့ လူကြီး မိသားစုဝင် ဖြစ်ခဲ့မယ်ဆိုရင် သူ့စီမံချက်ကြီး တကယ် အကောင်အထည်ဖော်ပြီး တပ်မတော် ရေတပ်ကြီးဟာ သန့်ရှင်းစင်ကြယ်တဲ့ တပ်ကြီးဖြစ်သွားမယ်လို့ တွေးမိလာတယ်။
ဒါကြောင့် တစ်နေ့မှာ
အဲဒီ စစ်ဗိုလ်လေးဟာ လက်ဆွဲအိတ် တစ်လုံးထဲမှာ သူ့ရဲ့ စီမံချက် စာရွက်တွေ ထည့်ပြီး ကမ္ဘာအေးဘုရားလမ်းက ဘ၀ရှင် မင်းတရားကြီး အိမ်ကို ချီတက်သွား ပါတော့တယ်။
မင်းတရားကြီးက
အပြင်ဂိတ် အတွင်းဂိတ်နဲ့ လုံခြုံရေး အထပ်ထပ် ချထားတာ ဆိုတော့ အပြင်ဂိတ်မှာ ပြဿနာက စပါလေရော။
စစ်ဗိုလ်လေးက စီမံချက်ကို
လာရှင်းပြဖို့ ရောက်လာတယ်
ပြောပြီး စီမံချက်တွေ ထုတ်ပြလိုက်
တော့ အပြင်ဂိတ်က မယုံ့တစ်ယုံနဲ့ လွှတ်ပေးလိုက်တယ်။
ဒီလိုနဲ့ ဒုတိယ အတွင်းဂိတ်ကို ရောက်သွားပါလေရော။
အဲဒီဂိတ်မှာတော့ စစ်ဆေးရတာ
စောဖေတို့ နောကြေနေပြီဆိုတဲ့ ထောက်လှမ်းရေးတွေပါ ရှိတာကိုး။
အပြင်ဂိတ်ကတော့
သာမန် စစ်တပ်က
စောင့်တာဆိုတော့
ရေတပ် စစ်ဗိုလ်လေး
က လိမ်လည်လို့ ရပေမဲ့ အတွင်းဂိတ်မှာတော့ မရတော့ဘူး။
ပြီးတော့ အရေးကြီးတဲ့ စီမံချက်ကို ဘယ်သူပဲဆွဲဆွဲ တကယ်တန်း ရှင်းပြရ
မှာက ရေတပ် ဦးစီးချုပ်လောက် ဖြစ်ရမှာလေ။
ခုတော့ အူတိအူကြောင် စစ်ဗိုလ်လေး လာတယ်ဆိုတော့ အတွင်းဂိတ်မှာ ဆွဲစိတော့တာပေါ့။
စစ်ဗိုလ်လေးကလဲ မညာရှာပါဘူး။
အမှန်အတိုင်း ပြောပြပါတယ်။
သူ့ကို အထက် အဆင့်ဆင့်က
တာဝန်ပေးလို့ ဒီတပ်မတော် ရေတပ်ကြီး သန့်ရှင်းစင်ကြယ်မဲ့ စီမံချက်ကို ရေးဆွဲခဲ့ရကြောင်း။
ဒါပေမဲ့ ဒီစီမံချက်ရေးရင်း
စဉ်းစားမိတာက သူသာ ဘ၀ရှင် မင်းတရားကြီးရဲ့ သမီးတော် တစ်ပါးပါး
နဲ့ စုံဖက်ခွင့်ရရင် ဒီစီမံချက်ကြီး တကယ် အသက်ဝင်ပြီး တပ်မတော်ကြီးဟာ
လည်း လူကြည်ညိုစရာ တပ်မတော်ကြီး ဖြစ်မယ့်အကြောင်း၊
ဒါကြောင့် မင်းတရားကြီးဆီကို
လာပြီး သမီးတော် တစ်ပါးပါးနဲ့
သူ့ကို ထိမ်းမြားခွင့်ပြုဖို့ လာရောက်တင်ပြခြင်းလည်း ဖြစ်ကြောင်း၊
သူ့အနေနဲ့ ဘယ်သမီးတော်ကိုပဲရရ ရိုးမြေကျ လင့်ဝတ္တရား ငါးပါးနဲ့အညီ ပေါင်းသင်းသွားမယ် ဖြစ်ကြောင်းတွေ ပြောပြလိုက်တယ်။
အတွင်းဂိတ်က
ထောက်လှမ်းရေးတွေသာ ဆက်လွှတ်ပေးခဲ့ရင် အဲဒီ
စစ်ဗိုလ်လေးဟာ အိမ်ရှေ့စံ
ကိုယ်တော်လေး ဖြစ်မသွားဘူးလို့ ဘယ်သူကမှ မပြောနိုင်ပေဘူး။
အခုတော့ ပါလေရာ
ထောက်လှမ်းရေးနဲ့ တွေ့သွား
တော့ ခမျာလေး ကံဆိုးလို့ အချုပ်ထဲ ရောက်သွားရှာတော့တယ်။
နောက်ဆုံးမတော့
စစ်ရေယာဉ်မှူးဆီကို ဖုန်းတစ်လုံး ၀င်လာတယ်။
မင်းဆီက အရာရှိ တစ်ယောက်ကို ဘောင်ဒရီလမ်းက တပ်ထိန်း
အချုပ်ထဲမှာ ဖမ်းထားတယ်။
အဲဒါသွားခေါ်ပြီး တပ်ထဲက အချုပ်ထဲ ပြောင်းထည့်လိုက်တဲ့။
စစ်ရေယာဉ်မှူးကလဲ သွားရော သူ့တပည့်ကျော်ကို အချုပ်ထဲမှာ မှိုင်ရက်သားလေး တွေ့တယ်။
ဘာတွေများ မဟုတ်တာ လုပ်မိလို့လဲမေးတော့ တပည့်ကျော်က သူဘာမှ မဟုတ်တာ မလုပ်ခဲ့ကြောင်း၊
ဟုတ်တာတွေသာ
လုပ်ရင်း သူ့ကိုဒီအထဲ ထည့်ထားတာ ဖြစ်ကြောင်း နတ်သံနှောပြီး ဘ၀ရှင် မင်းတရားကြီး အိမ်ကို သမီးတော် တစ်ပါးသွားတောင်းတာလဲ ပြောရော နားထောင်နေတဲ့ အထက်အရာရှိမှာ ကြက်သီးမွှေးညှင်း တဖြန်းဖြန်း ထပြီး ဒီလောက် အတင့်ရဲ ရသလားပေါ့။
နောက်ဆုံးမတော့ အဲဒီအရာရှိလေး
ကို စိတ်ရောဂါ စွဲကပ်နေတယ်ဆိုပြီး တပ်တော်ကနေ ဆေးပင်စင် ပေးလိုက်
တာနဲ့ အဆုံးသတ် သွားပါတယ်။
တကယ်တော့ ဘုရင့် သမီးနဲ့
ဆင်းရဲသား ရတာတို့ သူဌေးသမီးနဲ့ သူတောင်းစားရတာတို့ ဆိုတာတွေက ဒဏ္ဍာရီတွေထဲမှာ စိတ်ကူးယဉ်ပြီး လျှောက်ရေးထား ကြတာတွေလေ။
ဒါကို အဟုတ်ထင်ရင်ဖြင့်
အခုလို ဖြစ်မှာပဲ။
တပ်မတော်မှာ ထူးထူးခြားခြား
လေတပ် ဦးစီးချုပ်ရဲ့ သမီးကိုလဲ လေယာဉ်မှူး အရာရှိ တစ်ယောက်က ဒီလိုမျိုး လာတောင်းဖူးသေးတယ်လို့ ကြားဖူးတယ်။
စစ်ဗိုလ်တွေကလဲ ဇွတ်တွေချည်း
ထင်ပါရဲ့။
လက်စောင်းထက်
Tomorrow. ဂျာနယ် ဘယ်သမီးတော်ရရ လက်ထပ်ချင်ပါသတဲ့

Tomorrow. ဂျာနယ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment