Monday, July 6, 2015

KIA လက်နက်ကိုင်တာဟာ မတရားနည်းလမ်းနဲ့ရတဲ့ ငွေကြေးစည်းစိမ်ကြောင့်ပါ =================

KIA လက်နက်ကိုင်တာဟာ မတရားနည်းလမ်းနဲ့ရတဲ့ ငွေကြေးစည်းစိမ်ကြောင့်ပါ
=============================
5, July, 2015 By Voice Of Kachin

ကချင်ပြည်နယ်အတွင်းရှိ KIA လက်နက်ကိုင်သောင်းကျန်းသူဟာ ကချင်ပြည်နယ်အတွင်း မကောင်းမှုဒုစရိုက်လုပ်ငန်းများ မှောင်ခိုလုပ်ငန်းများဖြင့် ကြီးစိုးထားကာ မတရားသဖြင့် ရရှိလာသော ငွေကြေးစည်းစိမ်ဥစ္စာတို့ကိုရစ်မူး၍ တချိန်ချိန်တွင် စွန့်လွှတ်ပေးရမည်ကို ကြောက်လန့်ပြီး အာဏာရလိုစိတ်ကြောင့်သာ ဖြစ်ကြောင်း သိသာထင်ရှားပါသည်။

တပ်မတော်သားများကတော့ တိုက်ပွဲတွေဖြစ်နေပေမယ့်လဲ ကူညီဖို့အတွက်ဆိုရင် ရန်သူနယ်မြေ မိမိနယ်မြေမခွဲခြားပါဘူး။ လူမျိုး၊ ဘာသာမခွဲခြားတက်ပါဘူး၊ KIA လို ဆက်ကြေး ကောက်ဖို့ အချိန်မရှိပါဘူး၊ စည်းစိမ်ရစ်မူးနေဖို့လဲ သူတို့တွေမှာ အချိန်မရှိပါဘူး။ ပြည်သူတွေကို ကူညီဖို့အတွက်ဆိုရင် သူတို့ရဲ့ဘ၀တွေကိုတောင်မှ နစ်မြုပ်ထားကြတဲ့သူတွေပါ။

No comments: