Monday, July 6, 2015

ဗိုလ်ချုပ်ကိုယ်တိုင်ပါဝင်ခဲ့သည့် ဘွိုင် ကော့တာ(Boycotter)ဇာတ်ကား** ***-*****

ဗိုလ်ချုပ်ကိုယ်တိုင်ပါဝင်ခဲ့သည့် ဘွိုင် ကော့တာ(Boycotter)ဇာတ်ကား**
***-*****

ဘွိုင်ကော့တာရုပ်ရှင်ဇာတ်ကားတွင် ရန်ကုန်တက္ကသိုလ်ကျောင်းသား 
သမဂ္ဂ မှကျောင်းသားကိုအောင်ဆန်း
သာမ က
ကိုနု(နောင်ဝန်ကြီးချုပ်ဦးနု)၊

ကိုရာ ရှစ်(နောင်ဝ န်ကြီး)၊

ကိုထွန်းအုံ (နောင် မြူနီစီပါယ်မင်းကြီး)

တို့လည်း ပါဝင် သရုပ်ဆောင်ထားကြသည်။

ကိုနုသည်ကိုယ်တိုင်သရုပ်ဆောင်ရုံမျှမက
ဇာတ် လမ်းဇာတ်ညွှန်းရေးသားပြီး တွဲဖက် ဒါရိုက်တာအဖြစ်ပင် ဒါရိုက်တာဦးဘ ခင်ကို ကူညီခဲ့သေးသည်။

ပွဲဆူခဲ့သည့်နံပါတ်တုတ်ရုပ်ရှင်ကား

၁၉၃၈ခုနှစ် ဒီဇင်ဘာလ ၂ဝ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် ကျောင်း သားများစုဝေးပြီး စီတန်း၍ အတွင်း ဝန်များရုံးကို ဝိုင်းဝန်းလှည့်လည်ကြ သည်။

ဗြိတိသျှအစိုးရ အာဏာပိုင် များကဝိုင်းဝန်းလှည့်လည်သော ကျောင်း သားအား နံပါတ်တုတ်ဖြင့် ရိုက်ခြင်း၊

မြင်းနှင့်တိုက်၍ လူစုခွဲခြင်းတို့ဖြင့် ရက်စက်စွာ ဖြိုခွင်းခဲ့သည်။

ထိုဖြိုခွင်း နှိ မ်နှင်းမှုကြောင့် 
ကျောင်းသား ကို အောင်ကျော်
သေဆုံးခဲ့ရပြီး ကျောင်းသား၂ဝဝကျော်
ဒဏ်ရာရခဲ့ကြသည်။

ရုပ်ရှင်ကြည့် ပရိသတ်မှာဒေါသ ထွက်လာကြပြီး ‘ပုလိပ်တွေေ ခါင်းကို ရိုက်မယ့် နံပါတ်တုတ်ကွ’ဟု ဆူညံစွာ အော်ဟစ်ကြသည်။

ရုပ်ရှင်ရုံတွင်းက အော်
ဟစ်သည့်သတင်းကို ပုလိပ် မင်းကြီးကြားသိရသည်နှင့် နံပါတ်တုတ် အမည်ကို ပြောင်းစေခဲ့သောကြောင့်

‘ဂုဏ်ရည်သွေး’

ဟု ပြင်ဆင်ပေးခဲ့ရ သည်။

စာရေးဆရာသိန်းဖေမြင့်သည်သပိတ် မှောက်အရေးအခင်းတွင်ပါသော သက်ရှိထင်ရှား လူပုဂ္ဂိုလ်များကို
အခြေခံ၍ ဇာတ်ဆောင်ဖွဲ့ကာ ရေး ထားခြင်း ဖြစ်သည်။’

သပိတ်မှောက် ကျောင်းသား’နှင့် ‘ဘွိုင်ကော့တာ’ ရုပ်ရှင်ဇာတ်ကား’ဘွိုင်ကော့ တာ’ဟု အသံထွက် သော အင်္ဂလိပ်စကားလုံး

Boycotterဟူသည်မှာ

မြန်မာလို “သပိတ်မှောက် သူ”
ဟု အဓိပ္ပယ်ရ သည်။

‘ဘွိုင်ကော့တာ’

မည်သော မြန်မာရုပ်ရှင်ဇာတ် ကားသည် မြန်မာ့ ရုပ်ရှင်သမိုင်းတွင် စိတ်ဝင်စားဖွယ် ကောင်းခဲ့သည်။

သပိတ် မှောက် ကျောင်းသား’
ဝတ္ထု ထွက်ပြီး မကြာမီမှာ ပင်ကိုနုသည်ဗြိတိသျှ ဘားမားရုပ်ရှင်မှ

အသံတိတ် “ဘွိုင်ကော့တာ” ရုပ်ရှင်

ကားကို သူကိုယ်တိုင် ဒါရိုက်တာအဖြစ် ရိုက်ခဲ့သည်။

ကျောင်းသားသပိတ်ဇာတ်ကား ဖြစ်လို့

ထိုဇာတ်ကားတွင်

ကိုအောင် ဆန်း၊

ကိုရာ ရှစ်(နောင်ဝန်ကြီး)၊

ကို ထွန်းအုံ(နောင်မြူနီစီပါယ် မင်းကြီး)

တို့ပါဝင်သရုပ်ဆောင်ထားကြသည်။

ရန်ကုန်မြို့အော်လံပီယာရုံ တွင်
၁၉၃၇ခုနှစ် စက်တင်ဘာလ ၁၈ရက်
ကစ၍ ရက်သတ္တနှစ်ပတ်ပြခဲ့သည်။

အင်္ဂလိပ်နယ်ချဲ့တို့ကို တိုက် ခိုက်ရာတွင်ရုပ်ရှင်သည်
ထိရောက်သော လက်နက်ဖြစ်မှန်း တက္ကသိုလ်ကျောင်း သားများက
ရိပ်မိသဖြင့် ဗြိတိသျှ ဘားမား၊အေဝမ်းစသော 
ရုပ်ရှင်ကုမ္ပဏီ ကြီးများသို့ 
တက္ကသိုလ် ကျောင်းသား များ ပညာသင်အဖြစ် ဝင်ရောက်ခဲ့ကြဖြစ်
မည်ဟု ထင်မြင်မိပါတော့သည်။

အလင်းဆက်(IR)ဆောင်းပါးမှာ

Like

No comments: