မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Tuesday, July 14, 2015
လျို့ဝှက်ဖိုင် 21 =========== သမီးတော်ရာဇဝင် (18)
လျို့ဝှက်ဖိုင် 21
===========
သမီးတော်ရာဇဝင် (18)
ကာလအတန်ကြာ ပျောက်ကွယ်
နေပြီးမှ လက်စောင်းထက် ပြန်ပေါ်လာ
လို့ အံ့သြသွားကြမယ် ထင်ပါတယ်။
အမှန်တကယ်တော့ သမီးတော် ရာဇ၀င်
ကို ဆက်မရေးတော့ဘဲ၊ ပြည်ဖုံးကားချခဲ့ဖို့
ကျွန်တော် ဆုံးဖြတ်ခဲ့ပြီးသားပါ။
ဒီလို ဆုံးဖြတ်ခဲ့ရတဲ့ အကြောင်းရင်း
တစ်ရပ်ကတော့ Tomorrow
နှစ်ပတ်လည် ညစာစားပွဲနဲ့ ဆိုင်ပါတယ်။
အဲဒီအခမ်းအနားကို Tomorrowက
ဆရာတွေ ဖိတ်လို့ လက်စောင်းထက်လည်း
တက်ရောက်ခဲ့ပါတယ်။
ဒါပေမယ့် အားလုံးသိတဲ့အတိုင်း
လက်စောင်းထက်ကို သိချင်သူများတဲ့
အတွက် ခပ်လျိုလျိုလေးပဲ နောက်တန်း
ခပ်ကျကျမှာ ထိုင်ခဲ့တာပါ။
အခမ်းအနားမှာ ပြန်ကြားရေး ၀န်ကြီးနဲ့
တကွ အရင် အစိုးရ လက်ထက်က
တပ်မတော် အရာရှိကြီးတွေ အတော်
များများ တွေ့ရသလို ထောင်ထွက် နိုင်ငံရေးသမားများ၊
စာရေးဆရာများကိုလည်း တွေ့ရပါတယ်။
ထူးခြားတဲ့ ပေါင်းစည်းမှုလို့ ဆိုရမှာပေါ့။
ဒီအခမ်းအနားမှာ Tomorrowကို
ပဲ့ကိုင်မောင်းနှင်နေတဲ့ ဆရာတွေ
စကားပြောသလို ပြန်ကြားရေး
ဝန်ကြီးကလည်း ပြောပါတယ်။
ပြန်ကြားရေးဝန်ကြီး ပြောတဲ့ အထဲမှာ
တော့ စာရေးသူနဲ့ သက်ဆိုင်တဲ့
အကြောင်းအရာတွေ ပါဝင်လာပါတယ်။
အထူးသဖြင့် Tomorrowဟာ
တစ်နှစ်အတွင်း ပြည်သူတွေ အားပေး
တဲ့ ဂျာနယ်ကြီး တစ်စောင် ဖြစ်လာပေ
မယ့် ပုဂိ္ဂုလ်ရေး တိုက်ခိုက်တဲ့ ဆောင်းပါးတွေ ပါဝင်တာကိုတော့ မနှစ်သက်ဘူးလို့ ဆိုပါတယ်။
Tomorrowရဲ့ ဆရာ
ဇော်သက်ထွေးကလည်း ဂျာနယ်ရဲ့
အနာဂတ် ခရီးမှာ ပုဂ္ဂိုလ်ရေး
တိုက်ခိုက်မှုတွေကို ဂျာနယ်ကနေ
ဖယ်ရှားသွားမယ်လို့ အတိအလင်း
ဆိုလိုက်ပါတယ်။
ဒါကြောင့် လက်စောင်းထက်ရဲ့
ဆောင်းပါးတွေ မလိုအပ်တော့ဘူးလို့
အလိုလို သဘောပေါက်
နားလည်လိုက်ပါတယ်။
အဲဒီ ရှေ့ပိုင်းမှာလည်း ဆရာမာဂျေက
စာမူ တကျည်ကျည် တောင်းသလောက်
ဆရာဇော်ကတော့ ခပ်အင်အင်
ဖြစ်သွားတာကို တွေ့ရပါတယ်။
ကျွန်တော်ကလည်း သမီးတော်
ရာဇ၀င် ရေးဖြစ်တာဟာ ပုဂ္ဂိုလ်ရေး
မလိုမုန်းထားမှုတွေ မရှိဘဲ အတိတ်က
သင်ခန်းစာတွေကိုယူပြီး၊ နောင်လာမယ့်
နိုင်ငံ့ အကြီးအကဲတွေရဲ့ မိသားစုတွေဟာ
ကိုယ့်ရဲ့ အခန်းကဏ္ဍကို သဘောပေါက်
နားလည်ဖို့ တိုင်းပြည်အတွက် စေတနာ
ထားပြီး၊ ရေးခဲ့တာ ဖြစ်ကြောင်း
သစ္စာဆိုနိုင်ပါတယ်။
ဒါပေမယ့် Tomorrowက
မလိုအပ်တော့ဘူး ဆိုတော့လည်း
မရေးရုံဘဲပေါ့လို့ သဘောပိုက်ခဲ့ပါတယ်။
ဒီလိုနေခဲ့ပြီးမှ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း
မှာ မြန်မာနိုင်ငံရဲ့ သမိုင်းဝင်
အဆောက်အဦဖြစ်တဲ့ ယခင် ၀န်ကြီးများ
ရုံးထဲမှာ ယခင် အစိုးရခေတ်က ထိပ်ပိုင်း
ခေါင်းဆောင်တစ်ဦးရဲ့ သမီးတော်က
မွေးနေ့ပွဲ ကျင်းပလို့ဆိုပြီး၊ ပူညံပူညံ
အသံတွေ ထွက်လာပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး မွေးနေ့ပွဲ လုပ်
တယ် မလုပ်ဘူးတို့
ဒေါက်တာ သန်းမြင့်ဦး ဦးဆောင်တဲ့
YHT (Yangon Heritage Trust)
က ပြန်လည် သုံးသပ်သင့်တယ်လို့
YHTကလည်း သူတို့အနေနဲ့ ဆုံးဖြတ်
ခွင့် မရှိဘူးဆိုပြီး ကြေညာတာတို့တွေ
ရှိပေမယ့် လက်စောင်းထက် အနေနဲ့
အငြင်းမပွားလိုပါဘူး။
ဒီလို ဖြစ်လာရတဲ့ အရင်းခံ အကြောင်းတရားတွေထဲမှာ ယခင်
န၀တ အစိုးရ လက်ထက် လူကြီးဟောင်းတွေရဲ့ သားသမီးတွေ
ဟာ မိဘတွေရဲ့ သြဇာ အရှိန်အ၀ါကို
သုံးပြီး၊ အခွင့်အရေးတွေ၊
လုပ်ငန်းပါမစ်တွေ၊ စီးပွားရေး လုပ်ပိုင်ခွင့်တွေကို ဥပဒေမဲ့ အရယူခဲ့ပြီး၊
ယခုလက်ရှိ အခြေအနေမှာ အင်မတန်
ချမ်းသာနေလို့ပါပဲ။
လက်စောင်းထက် အနေနဲ့ လူတွေ စိတ်အ၀င်စားဆုံး နံပါတ် ၁ နေရာမှာ
ရှိတဲ့ သမီးတော်တွေကိုပဲ မီးမောင်းထိုးပြခဲ့
ပေမယ့် ကျန်တဲ့ လူကြီး သားသမီးတွေထဲ
က သမီးတော် မြောက်များစွာရဲ့ နေပုံထိုင်ပုံ
လုပ်ပုံကိုင်ပုံတွေကို ရေးပြဖို့
ပျက်ကွက်ခဲ့ပါတယ်။
အမှန်တကယ်တော့
ဒီအကြောင်းအရာတွေ ရေးဖို့
စာရေးသူအတွက် မခက်ခဲပါဘူး။
သူတို့တွေ အကြောင်းကို သီးခြား
ပြုစုထားတဲ့ လျှို့ဝှက်ဖိုင်တစ်ခု
ကျွန်တော့်ဆီမှာ ရှိပါတယ်။
အဲဒီဖိုင်ကို လျှို့ဝှက်ဖိုင် နံပါတ် ၂၁လို့
အမည်ပေးထားပါတယ်။
အရင်ခေတ်က ဗဟိုအစိုးရ အဖွဲ့မှာရှိတဲ့
ဗိုလ်ချုပ်ကြီးတွေတင် အာဏာရှိတာ
မဟုတ်ပါဘူး။
သက်ဆိုင်ရာ တိုင်းမှူးတွေဟာလည်း
ဘုရင်ခေတ်က နယ်စား ပယ်စားကြီး
တွေလို သူ့မြို့ သူ့ဒေသမှာ အတုမရှိ တန်ခိုးထွားပါတယ်။
ဒီလို အာဏာစူးရှတဲ့ အတွက်ကြောင့်
အဲဒီဒေသမှာရှိတဲ့ စီးပွားရေး
လုပ်ငန်းရှင်ကြီးတွေ၊
မြို့မိမြို့ဖတွေ၊
ကုန်ကုန်ပြောရရင်
ရဟန်းသံဃာတွေပါမကျန် လေးစား
ကြောက်ရွံ့ရပါတယ်။
အထူးသဖြင့် အကြောက်ရဆုံးကတော့
စီးပွားရေးသမားတွေပါပဲ။
စီးပွားရေး သမားဆိုတာ
ပစ္စည်းဥစ္စာတွေကို တိုးပွားသည်ထက်
တိုးပွားအောင် လုပ်ရတာဆိုတော့
အမြဲတမ်း မုသာဝါဒကံကို
ချိုးဖောက်နေကြရတာပါ။
လုပ်ငန်းပါမစ်တွေ ထပ်မံရရှိဖို့
ဆိုတာကလည်း သက်ဆိုင်ရာ အာဏာ
အကြီးဆုံးသူရဲ့ မျက်နှာသာ ပေးခြင်းကို
ခံရမှဖြစ်တာပါ။
ဒီကြားထဲမှာ ဆက်ဆံရေး အဖုအထစ်
ဖြစ်သွားရင် လက်ရှိ လုပ်ငန်းတွေတောင်
ပျက်စီးသွားနိုင်ပါတယ်။
စီးပွားရေးသမားဆိုတာ အပြစ်ရှာရင်
ရှာသလို အချိန်မရွေး ရပါတယ်။
အမြတ်ခွန် တိမ်းရှောင်တာကို
လိုက်မလား။
အလုပ်သမား ဥပဒေ ချိုးဖောက်နေတာ
ကို စစ်ဆေးမလား။
ငွေဖြူ ငွေမဲ ခ၀ါချတာကို ဖော်မလား။
ကြိုက်တာ အပြစ်ရှာလို့ ရပါတယ်။
ဒါကြောင့် ကျောမလုံတဲ့ စီးပွားရေးသမားတွေဟာ
အာဏာရှိသူတွေ ထံမှာ
ဒူးထောက်ကြရပါတယ်။
ဒီလို အခြေအနေမှာ အ၀င်အထွက်
လှပဖို့အတွက် လုပ်ပိုင်ခွင့်ရှိသူရဲ့
မိသားစုကိုလည်း အကျေအလည်
ပေါင်းရပါတယ်။
ပေါင်းရင်း ပေါင်းရင်း ဇနီးတော်တွေ
သမီးတော်တွေဟာ လိုတရ ဘ၀ကို
ရောက်ကုန်ကြပါတယ်။
လက်ညှိုးညွှန်ရာ ရေဖြစ်လာပါတယ်။
အာဏာရှင် မိသားစုတွေဟာလည်း
ဥစ္စာဓနငွေကြေး ချမ်းသာလာတာ
နဲ့အမျှ ဘ၀င်တွေ မြင့်ကုန်ပါတယ်။
တောထဲမှာ ရဲဘော်တွေနဲ့အတူ
ဟန်းကောချိုင့်ကို နွေးပြီးထမင်း
စားရတဲ့ ဘ၀တွေကို မေ့သွားကြ
ပါတယ်။
မိသားစုဝင်တွေဟာ
တော်ဝင်မျိုးနွယ်တွေလိုလို ဘာလိုလို
ဖြစ်ကုန်ကြပါတယ်။
နိုင်ငံခြား သွားရင်
Business Classကမှ
စီးချင်ကြတယ်။
လေဆိပ်ထဲဝင်ရင် VIP အပေါက်ကမှ
ဝင်ချင် ကြတယ်။
နိုင်ငံခြားကို ဆေးတွေ ဘာတွေ
စစ်ဖို့သွားတဲ့ ရက်ပိုင်းလေး အတွင်း
မှာ ကားငှားရင်တောင် မာစီတီးတို့၊
အော်ဒီတို့လို အဖိုးတန် ဇိမ်ခံကားတွေ
ကိုမှ ငှားချင်ကြတယ်။
တစ်ခါတုန်းကလည်း ၀န်ကြီးတစ်ပါး
ဈေးဝယ်ထွက်တာ တစ်ခါတည်းနဲ့ သိန်း
၅၀၀နီးပါး ၀ယ်ပါသတဲ့။
ဒါတွေ အားလုံးဟာ ကိုယ်စံစားရတဲ့
တစ်ဘ၀တာ အတွင်း ဟုတ်သလိုလို
ရှိပေမယ့် ကိုယ်မမြင်နိုင်တဲ့ နောက်ဆက်
တွဲ ဆိုးကျိုးတွေကတော့ အများကြီးပါပဲ။
အထူးသဖြင့် ပိုက်ဆံချမ်းသာတော့
သားသမီး အများစုဟာ
ပျက်စီးကုန်တော့တာပေါ့။
ယခင် အစိုးရ အဖွဲ့ဝင် လူကြီး
တစ်ချို့ရဲ့ သားသမီးတွေဟာ
အရမ်းဆိုးလွန်းလို့ သူတို့သတင်းတွေ
က နီးစပ်ရာ ပတ်ဝန်းကျင်မှာ အပုတ်နံ့
တလှိုင်လှိုင်နဲ့ ပျံ့နေပါတယ်။
အဲဒီခေတ်က မီဒီယာ မပွင့်လင်းသေး
တာ ကံကောင်းတယ်လို့ ဆိုရပါမယ်။
ဥပမာ တစ်ချို့ကို ထုတ်ပြရရင်
အစိုးရ အဖွဲ့ဝင် လူကြီး တစ်ယောက်ရဲ့
သားတစ်ယောက်ဟာ အရမ်းဆိုးပြီး၊
ဆေးစွဲနေတယ်လို့ သတင်း
ထွက်နေပါတယ်။
သူ့ရဲ့ချမ်းသာမှုနဲ့ အရေးပါ
အရာရောက်မှုကြောင့် ရုပ်ရှင်လောကနဲ့
မော်ဒယ်လောကက
မိန်းကလေးတွေကလည်း သဲသဲလှုပ်
ဖြစ်နေပြီး၊ အချစ်ဇာတ်လမ်းတွေ
တပွေ့တပိုက်နဲ့ပေါ့။
စီးပွားရေး လုပ်ငန်းတွေကလည်း
မအောင်မြင်ပါဘူး။
နောက်ဆုံး သားဖြစ်သူကို
ထိန်းသိမ်းဆုံးမဖို့ သူ့အထက်က
ခေါင်းဆောင်ကြီးက အသိပေးရတဲ့
အထိပါဘဲ။
နောက်ဆုံး သူ့သားကို ချော့မော့ဆုံးမ
ရာမှာ အောင်မြင်သွားပြီး၊ သူ့သားက
ဘုန်းကြီးဝတ်မယ်လို့ ကတိပေးပါတယ်။
မိဘတွေကလည်း ၀မ်းသာအားရ
ဖြစ်သွားပြီး၊ ရဟန်းတက်ဖို့
အိမ်ကိုလူတွေဖိတ်၊ အလှူအတန်းတွေ
လုပ်ဖို့ ပြင်ဆင်ပါတယ်။
အဲဒီ မနက်လည်း ရောက်ရော
သူ့သားက
“ကျွန်တော် စိတ်ပြောင်းသွားပြီ၊
ဘုန်းကြီး မ၀တ်တော့ဘူး”
ဆိုပြီး အိမ်ပေါ်က ဆင်းသွားပါတယ်။ အဖေနဲ့အမေလည်း မျက်စိပျက်
မျက်နှာပျက်နဲ့ အလှူ ဖိတ်ထားတဲ့
လူတွေကို တောင်းပန်ကျွေးမွေးပြီး
ဧည့်ခံရပါတော့တယ်။
တလောကလည်း အရင်ခေတ်က
အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီး
တစ်ယောက်ရဲ့ သားဟာ ဂျီအီးတပ်
အတွင်း ညဘက်သေနတ် ဖောက်မှုနဲ့
အမှုဖွင့် ခံနေရပါတယ်။
ဒီအမှုဟာ အမှုကြီးစာရင်း ၀င်ပေမယ့်
အာမခံပေးထားရသလို တရားလို
ဘက်က မလာရောက်တဲ့ အတွက်
ရုတ်သိမ်းခွင့် တင်ထားတယ်လို့ သိရ
ပါတယ်။
တရားလိုဖြစ်တဲ့ ဂျီးအီးတပ်ကလည်း
အရင်ခေတ်က အရှိန်အ၀ါတွေကို
တွက်ဆနေပုံပေါ်ပါတယ်။
ဒီလို သားတော်တွေ ရှိနေသလို၊
အစွမ်းထက်တဲ့ သမီးတော်တွေက
လည်း ထုနဲ့ဒေးပါပဲ။
သားတော်တွေက ရုပ်ရှင်မင်းသမီးနဲ့
မော်ဒယ်တွေကို အာရုံကျသလို
သမီးတော်တွေကလည်း မင်သားတွေ
ဂီတသမားတွေကို အာရုံကျပါတယ်။
လူကြီးတစ်ဦးရဲ့ သမီးတော်
တစ်ယောက်ဆိုရင် ဂီတကို
အတော်ဝါသနာပါတယ် ထင်ပါရဲ့။
အဆိုတော်တွေနဲ့ ဒွေးရောယှက်တင်
နေရုံတင်မကပါဘူး၊
စီးရီးတွေတောင် ထုတ်လိုက်သေးရဲ့။
တခြား ခေါင်းဆောင်ကြီးရဲ့
သမီးတော်ကတော့ တစ်မျိုး
တစ်ဘာသာ။
သူ့ရဲ့ အိုင်တီ ကုမ္ပဏီကို ကြီးပွားအောင်
လုပ်ချင်တော့ ၀န်ကြီးဌာန အားလုံးကို
E-Government ပြောင်းရမယ်
ဆိုပြီး လုပ်ပါတယ်။
အဲဒီဝန်ကြီးဌာန အားလုံးက
ဒီသမီးတော်ရဲ့ အိုင်တီ ကုမ္ပဏီမှာ
လုပ်ငန်းတွေ အပ်နှံ ရပါတယ်။
အရင် တိုင်းမှူးကြီးရဲ့ သမီးတော်
ကတော့ တစ်မျိုးတစ်ဖုံပါ။
လူကြီးတွေ တားမြစ်နေတဲ့ကြားက
နိုင်ငံခြားသား တစ်ယောက်နဲ့ တိတ်
တခိုး မေတ္တာမျှပြီး၊ ထိုင်း-မြန်မာ နယ်စပ်
ကို ထွက်ပြေးတဲ့ အထိပါပဲ။
အဲဒါကို တချိန်က တန်ခိုးထွားခဲ့တဲ့
တပ်မတော် ထောက်လှမ်းရေးက
မသိခဲ့ဘူးဆိုဘဲ။ နောက်ဆုံး နယ်စပ်
သွားပြီး၊ တိုးတိုးတိတ်တိတ် ဆုံးမချော့မော့ပြီး ပြန်ခေါ်ခဲ့ရပါတယ်။
တခြား သမီးတော် တစ်ယောက်
ကတော့ ဘ၀မှာ နှစ်မင်္ဂလာကို ကြီးကြီးကျယ်ကျယ် ဆောင်ပြီး၊
ဒုတိယ မင်္ဂလာဆောင်မှာ သားတော်မောင်ကို စန္ဒယား
တီးခိုင်းပါသတဲ့။
ဒါကတော့ အတိတ်မှာ ဘုန်းမီးနေလ တောက်ပခဲ့တဲ့ သမီးတော်တွေရဲ့ ဇာတ်လမ်းတွေ ဖြစ်ပါတယ်။
ဒီဘက်ခေတ်မှာလည်း မီဒီယာတွေ လွတ်လပ် ပွင့်လင်းလာပြီး၊ လျှို့ဝှက်လို့ မရတော့ပေမယ့် အရင်ခေတ်က သမီးတော်တွေရဲ့ ဘ၀ကို အားကျပြီး၊
စိတ်ကူးယဉ်နေတဲ့ သူတွေလည်း
ရှိပါတယ်။
သူတို့တွေလည်း စာရင်းမပိတ်မီ
ကျွန်တော်ပြုစုထားတဲ့ သမီးတော်
တွေရဲ့ လျှို့ဝှက်ဖိုင် နံပါတ် ၂၁ ထဲပါ ချင်ဟန်တူပါရဲ့။
လက်စောင်းထက် လျို့ဝှက်ဖိုင် 21
===========
သမီးတော်ရာဇဝင် (18)
ကာလအတန်ကြာ ပျောက်ကွယ်
နေပြီးမှ လက်စောင်းထက် ပြန်ပေါ်လာ
လို့ အံ့သြသွားကြမယ် ထင်ပါတယ်။
အမှန်တကယ်တော့ သမီးတော် ရာဇ၀င်
ကို ဆက်မရေးတော့ဘဲ၊ ပြည်ဖုံးကားချခဲ့ဖို့
ကျွန်တော် ဆုံးဖြတ်ခဲ့ပြီးသားပါ။
ဒီလို ဆုံးဖြတ်ခဲ့ရတဲ့ အကြောင်းရင်း
တစ်ရပ်ကတော့ Tomorrow
နှစ်ပတ်လည် ညစာစားပွဲနဲ့ ဆိုင်ပါတယ်။
အဲဒီအခမ်းအနားကို Tomorrowက
ဆရာတွေ ဖိတ်လို့ လက်စောင်းထက်လည်း
တက်ရောက်ခဲ့ပါတယ်။
ဒါပေမယ့် အားလုံးသိတဲ့အတိုင်း
လက်စောင်းထက်ကို သိချင်သူများတဲ့
အတွက် ခပ်လျိုလျိုလေးပဲ နောက်တန်း
ခပ်ကျကျမှာ ထိုင်ခဲ့တာပါ။
အခမ်းအနားမှာ ပြန်ကြားရေး ၀န်ကြီးနဲ့
တကွ အရင် အစိုးရ လက်ထက်က
တပ်မတော် အရာရှိကြီးတွေ အတော်
များများ တွေ့ရသလို ထောင်ထွက် နိုင်ငံရေးသမားများ၊
စာရေးဆရာများကိုလည်း တွေ့ရပါတယ်။
ထူးခြားတဲ့ ပေါင်းစည်းမှုလို့ ဆိုရမှာပေါ့။
ဒီအခမ်းအနားမှာ Tomorrowကို
ပဲ့ကိုင်မောင်းနှင်နေတဲ့ ဆရာတွေ
စကားပြောသလို ပြန်ကြားရေး
ဝန်ကြီးကလည်း ပြောပါတယ်။
ပြန်ကြားရေးဝန်ကြီး ပြောတဲ့ အထဲမှာ
တော့ စာရေးသူနဲ့ သက်ဆိုင်တဲ့
အကြောင်းအရာတွေ ပါဝင်လာပါတယ်။
အထူးသဖြင့် Tomorrowဟာ
တစ်နှစ်အတွင်း ပြည်သူတွေ အားပေး
တဲ့ ဂျာနယ်ကြီး တစ်စောင် ဖြစ်လာပေ
မယ့် ပုဂိ္ဂုလ်ရေး တိုက်ခိုက်တဲ့ ဆောင်းပါးတွေ ပါဝင်တာကိုတော့ မနှစ်သက်ဘူးလို့ ဆိုပါတယ်။
Tomorrowရဲ့ ဆရာ
ဇော်သက်ထွေးကလည်း ဂျာနယ်ရဲ့
အနာဂတ် ခရီးမှာ ပုဂ္ဂိုလ်ရေး
တိုက်ခိုက်မှုတွေကို ဂျာနယ်ကနေ
ဖယ်ရှားသွားမယ်လို့ အတိအလင်း
ဆိုလိုက်ပါတယ်။
ဒါကြောင့် လက်စောင်းထက်ရဲ့
ဆောင်းပါးတွေ မလိုအပ်တော့ဘူးလို့
အလိုလို သဘောပေါက်
နားလည်လိုက်ပါတယ်။
အဲဒီ ရှေ့ပိုင်းမှာလည်း ဆရာမာဂျေက
စာမူ တကျည်ကျည် တောင်းသလောက်
ဆရာဇော်ကတော့ ခပ်အင်အင်
ဖြစ်သွားတာကို တွေ့ရပါတယ်။
ကျွန်တော်ကလည်း သမီးတော်
ရာဇ၀င် ရေးဖြစ်တာဟာ ပုဂ္ဂိုလ်ရေး
မလိုမုန်းထားမှုတွေ မရှိဘဲ အတိတ်က
သင်ခန်းစာတွေကိုယူပြီး၊ နောင်လာမယ့်
နိုင်ငံ့ အကြီးအကဲတွေရဲ့ မိသားစုတွေဟာ
ကိုယ့်ရဲ့ အခန်းကဏ္ဍကို သဘောပေါက်
နားလည်ဖို့ တိုင်းပြည်အတွက် စေတနာ
ထားပြီး၊ ရေးခဲ့တာ ဖြစ်ကြောင်း
သစ္စာဆိုနိုင်ပါတယ်။
ဒါပေမယ့် Tomorrowက
မလိုအပ်တော့ဘူး ဆိုတော့လည်း
မရေးရုံဘဲပေါ့လို့ သဘောပိုက်ခဲ့ပါတယ်။
ဒီလိုနေခဲ့ပြီးမှ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း
မှာ မြန်မာနိုင်ငံရဲ့ သမိုင်းဝင်
အဆောက်အဦဖြစ်တဲ့ ယခင် ၀န်ကြီးများ
ရုံးထဲမှာ ယခင် အစိုးရခေတ်က ထိပ်ပိုင်း
ခေါင်းဆောင်တစ်ဦးရဲ့ သမီးတော်က
မွေးနေ့ပွဲ ကျင်းပလို့ဆိုပြီး၊ ပူညံပူညံ
အသံတွေ ထွက်လာပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး မွေးနေ့ပွဲ လုပ်
တယ် မလုပ်ဘူးတို့
ဒေါက်တာ သန်းမြင့်ဦး ဦးဆောင်တဲ့
YHT (Yangon Heritage Trust)
က ပြန်လည် သုံးသပ်သင့်တယ်လို့
YHTကလည်း သူတို့အနေနဲ့ ဆုံးဖြတ်
ခွင့် မရှိဘူးဆိုပြီး ကြေညာတာတို့တွေ
ရှိပေမယ့် လက်စောင်းထက် အနေနဲ့
အငြင်းမပွားလိုပါဘူး။
ဒီလို ဖြစ်လာရတဲ့ အရင်းခံ အကြောင်းတရားတွေထဲမှာ ယခင်
န၀တ အစိုးရ လက်ထက် လူကြီးဟောင်းတွေရဲ့ သားသမီးတွေ
ဟာ မိဘတွေရဲ့ သြဇာ အရှိန်အ၀ါကို
သုံးပြီး၊ အခွင့်အရေးတွေ၊
လုပ်ငန်းပါမစ်တွေ၊ စီးပွားရေး လုပ်ပိုင်ခွင့်တွေကို ဥပဒေမဲ့ အရယူခဲ့ပြီး၊
ယခုလက်ရှိ အခြေအနေမှာ အင်မတန်
ချမ်းသာနေလို့ပါပဲ။
လက်စောင်းထက် အနေနဲ့ လူတွေ စိတ်အ၀င်စားဆုံး နံပါတ် ၁ နေရာမှာ
ရှိတဲ့ သမီးတော်တွေကိုပဲ မီးမောင်းထိုးပြခဲ့
ပေမယ့် ကျန်တဲ့ လူကြီး သားသမီးတွေထဲ
က သမီးတော် မြောက်များစွာရဲ့ နေပုံထိုင်ပုံ
လုပ်ပုံကိုင်ပုံတွေကို ရေးပြဖို့
ပျက်ကွက်ခဲ့ပါတယ်။
အမှန်တကယ်တော့
ဒီအကြောင်းအရာတွေ ရေးဖို့
စာရေးသူအတွက် မခက်ခဲပါဘူး။
သူတို့တွေ အကြောင်းကို သီးခြား
ပြုစုထားတဲ့ လျှို့ဝှက်ဖိုင်တစ်ခု
ကျွန်တော့်ဆီမှာ ရှိပါတယ်။
အဲဒီဖိုင်ကို လျှို့ဝှက်ဖိုင် နံပါတ် ၂၁လို့
အမည်ပေးထားပါတယ်။
အရင်ခေတ်က ဗဟိုအစိုးရ အဖွဲ့မှာရှိတဲ့
ဗိုလ်ချုပ်ကြီးတွေတင် အာဏာရှိတာ
မဟုတ်ပါဘူး။
သက်ဆိုင်ရာ တိုင်းမှူးတွေဟာလည်း
ဘုရင်ခေတ်က နယ်စား ပယ်စားကြီး
တွေလို သူ့မြို့ သူ့ဒေသမှာ အတုမရှိ တန်ခိုးထွားပါတယ်။
ဒီလို အာဏာစူးရှတဲ့ အတွက်ကြောင့်
အဲဒီဒေသမှာရှိတဲ့ စီးပွားရေး
လုပ်ငန်းရှင်ကြီးတွေ၊
မြို့မိမြို့ဖတွေ၊
ကုန်ကုန်ပြောရရင်
ရဟန်းသံဃာတွေပါမကျန် လေးစား
ကြောက်ရွံ့ရပါတယ်။
အထူးသဖြင့် အကြောက်ရဆုံးကတော့
စီးပွားရေးသမားတွေပါပဲ။
စီးပွားရေး သမားဆိုတာ
ပစ္စည်းဥစ္စာတွေကို တိုးပွားသည်ထက်
တိုးပွားအောင် လုပ်ရတာဆိုတော့
အမြဲတမ်း မုသာဝါဒကံကို
ချိုးဖောက်နေကြရတာပါ။
လုပ်ငန်းပါမစ်တွေ ထပ်မံရရှိဖို့
ဆိုတာကလည်း သက်ဆိုင်ရာ အာဏာ
အကြီးဆုံးသူရဲ့ မျက်နှာသာ ပေးခြင်းကို
ခံရမှဖြစ်တာပါ။
ဒီကြားထဲမှာ ဆက်ဆံရေး အဖုအထစ်
ဖြစ်သွားရင် လက်ရှိ လုပ်ငန်းတွေတောင်
ပျက်စီးသွားနိုင်ပါတယ်။
စီးပွားရေးသမားဆိုတာ အပြစ်ရှာရင်
ရှာသလို အချိန်မရွေး ရပါတယ်။
အမြတ်ခွန် တိမ်းရှောင်တာကို
လိုက်မလား။
အလုပ်သမား ဥပဒေ ချိုးဖောက်နေတာ
ကို စစ်ဆေးမလား။
ငွေဖြူ ငွေမဲ ခ၀ါချတာကို ဖော်မလား။
ကြိုက်တာ အပြစ်ရှာလို့ ရပါတယ်။
ဒါကြောင့် ကျောမလုံတဲ့ စီးပွားရေးသမားတွေဟာ
အာဏာရှိသူတွေ ထံမှာ
ဒူးထောက်ကြရပါတယ်။
ဒီလို အခြေအနေမှာ အ၀င်အထွက်
လှပဖို့အတွက် လုပ်ပိုင်ခွင့်ရှိသူရဲ့
မိသားစုကိုလည်း အကျေအလည်
ပေါင်းရပါတယ်။
ပေါင်းရင်း ပေါင်းရင်း ဇနီးတော်တွေ
သမီးတော်တွေဟာ လိုတရ ဘ၀ကို
ရောက်ကုန်ကြပါတယ်။
လက်ညှိုးညွှန်ရာ ရေဖြစ်လာပါတယ်။
အာဏာရှင် မိသားစုတွေဟာလည်း
ဥစ္စာဓနငွေကြေး ချမ်းသာလာတာ
နဲ့အမျှ ဘ၀င်တွေ မြင့်ကုန်ပါတယ်။
တောထဲမှာ ရဲဘော်တွေနဲ့အတူ
ဟန်းကောချိုင့်ကို နွေးပြီးထမင်း
စားရတဲ့ ဘ၀တွေကို မေ့သွားကြ
ပါတယ်။
မိသားစုဝင်တွေဟာ
တော်ဝင်မျိုးနွယ်တွေလိုလို ဘာလိုလို
ဖြစ်ကုန်ကြပါတယ်။
နိုင်ငံခြား သွားရင်
Business Classကမှ
စီးချင်ကြတယ်။
လေဆိပ်ထဲဝင်ရင် VIP အပေါက်ကမှ
ဝင်ချင် ကြတယ်။
နိုင်ငံခြားကို ဆေးတွေ ဘာတွေ
စစ်ဖို့သွားတဲ့ ရက်ပိုင်းလေး အတွင်း
မှာ ကားငှားရင်တောင် မာစီတီးတို့၊
အော်ဒီတို့လို အဖိုးတန် ဇိမ်ခံကားတွေ
ကိုမှ ငှားချင်ကြတယ်။
တစ်ခါတုန်းကလည်း ၀န်ကြီးတစ်ပါး
ဈေးဝယ်ထွက်တာ တစ်ခါတည်းနဲ့ သိန်း
၅၀၀နီးပါး ၀ယ်ပါသတဲ့။
ဒါတွေ အားလုံးဟာ ကိုယ်စံစားရတဲ့
တစ်ဘ၀တာ အတွင်း ဟုတ်သလိုလို
ရှိပေမယ့် ကိုယ်မမြင်နိုင်တဲ့ နောက်ဆက်
တွဲ ဆိုးကျိုးတွေကတော့ အများကြီးပါပဲ။
အထူးသဖြင့် ပိုက်ဆံချမ်းသာတော့
သားသမီး အများစုဟာ
ပျက်စီးကုန်တော့တာပေါ့။
ယခင် အစိုးရ အဖွဲ့ဝင် လူကြီး
တစ်ချို့ရဲ့ သားသမီးတွေဟာ
အရမ်းဆိုးလွန်းလို့ သူတို့သတင်းတွေ
က နီးစပ်ရာ ပတ်ဝန်းကျင်မှာ အပုတ်နံ့
တလှိုင်လှိုင်နဲ့ ပျံ့နေပါတယ်။
အဲဒီခေတ်က မီဒီယာ မပွင့်လင်းသေး
တာ ကံကောင်းတယ်လို့ ဆိုရပါမယ်။
ဥပမာ တစ်ချို့ကို ထုတ်ပြရရင်
အစိုးရ အဖွဲ့ဝင် လူကြီး တစ်ယောက်ရဲ့
သားတစ်ယောက်ဟာ အရမ်းဆိုးပြီး၊
ဆေးစွဲနေတယ်လို့ သတင်း
ထွက်နေပါတယ်။
သူ့ရဲ့ချမ်းသာမှုနဲ့ အရေးပါ
အရာရောက်မှုကြောင့် ရုပ်ရှင်လောကနဲ့
မော်ဒယ်လောကက
မိန်းကလေးတွေကလည်း သဲသဲလှုပ်
ဖြစ်နေပြီး၊ အချစ်ဇာတ်လမ်းတွေ
တပွေ့တပိုက်နဲ့ပေါ့။
စီးပွားရေး လုပ်ငန်းတွေကလည်း
မအောင်မြင်ပါဘူး။
နောက်ဆုံး သားဖြစ်သူကို
ထိန်းသိမ်းဆုံးမဖို့ သူ့အထက်က
ခေါင်းဆောင်ကြီးက အသိပေးရတဲ့
အထိပါဘဲ။
နောက်ဆုံး သူ့သားကို ချော့မော့ဆုံးမ
ရာမှာ အောင်မြင်သွားပြီး၊ သူ့သားက
ဘုန်းကြီးဝတ်မယ်လို့ ကတိပေးပါတယ်။
မိဘတွေကလည်း ၀မ်းသာအားရ
ဖြစ်သွားပြီး၊ ရဟန်းတက်ဖို့
အိမ်ကိုလူတွေဖိတ်၊ အလှူအတန်းတွေ
လုပ်ဖို့ ပြင်ဆင်ပါတယ်။
အဲဒီ မနက်လည်း ရောက်ရော
သူ့သားက
“ကျွန်တော် စိတ်ပြောင်းသွားပြီ၊
ဘုန်းကြီး မ၀တ်တော့ဘူး”
ဆိုပြီး အိမ်ပေါ်က ဆင်းသွားပါတယ်။ အဖေနဲ့အမေလည်း မျက်စိပျက်
မျက်နှာပျက်နဲ့ အလှူ ဖိတ်ထားတဲ့
လူတွေကို တောင်းပန်ကျွေးမွေးပြီး
ဧည့်ခံရပါတော့တယ်။
တလောကလည်း အရင်ခေတ်က
အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီး
တစ်ယောက်ရဲ့ သားဟာ ဂျီအီးတပ်
အတွင်း ညဘက်သေနတ် ဖောက်မှုနဲ့
အမှုဖွင့် ခံနေရပါတယ်။
ဒီအမှုဟာ အမှုကြီးစာရင်း ၀င်ပေမယ့်
အာမခံပေးထားရသလို တရားလို
ဘက်က မလာရောက်တဲ့ အတွက်
ရုတ်သိမ်းခွင့် တင်ထားတယ်လို့ သိရ
ပါတယ်။
တရားလိုဖြစ်တဲ့ ဂျီးအီးတပ်ကလည်း
အရင်ခေတ်က အရှိန်အ၀ါတွေကို
တွက်ဆနေပုံပေါ်ပါတယ်။
ဒီလို သားတော်တွေ ရှိနေသလို၊
အစွမ်းထက်တဲ့ သမီးတော်တွေက
လည်း ထုနဲ့ဒေးပါပဲ။
သားတော်တွေက ရုပ်ရှင်မင်းသမီးနဲ့
မော်ဒယ်တွေကို အာရုံကျသလို
သမီးတော်တွေကလည်း မင်သားတွေ
ဂီတသမားတွေကို အာရုံကျပါတယ်။
လူကြီးတစ်ဦးရဲ့ သမီးတော်
တစ်ယောက်ဆိုရင် ဂီတကို
အတော်ဝါသနာပါတယ် ထင်ပါရဲ့။
အဆိုတော်တွေနဲ့ ဒွေးရောယှက်တင်
နေရုံတင်မကပါဘူး၊
စီးရီးတွေတောင် ထုတ်လိုက်သေးရဲ့။
တခြား ခေါင်းဆောင်ကြီးရဲ့
သမီးတော်ကတော့ တစ်မျိုး
တစ်ဘာသာ။
သူ့ရဲ့ အိုင်တီ ကုမ္ပဏီကို ကြီးပွားအောင်
လုပ်ချင်တော့ ၀န်ကြီးဌာန အားလုံးကို
E-Government ပြောင်းရမယ်
ဆိုပြီး လုပ်ပါတယ်။
အဲဒီဝန်ကြီးဌာန အားလုံးက
ဒီသမီးတော်ရဲ့ အိုင်တီ ကုမ္ပဏီမှာ
လုပ်ငန်းတွေ အပ်နှံ ရပါတယ်။
အရင် တိုင်းမှူးကြီးရဲ့ သမီးတော်
ကတော့ တစ်မျိုးတစ်ဖုံပါ။
လူကြီးတွေ တားမြစ်နေတဲ့ကြားက
နိုင်ငံခြားသား တစ်ယောက်နဲ့ တိတ်
တခိုး မေတ္တာမျှပြီး၊ ထိုင်း-မြန်မာ နယ်စပ်
ကို ထွက်ပြေးတဲ့ အထိပါပဲ။
အဲဒါကို တချိန်က တန်ခိုးထွားခဲ့တဲ့
တပ်မတော် ထောက်လှမ်းရေးက
မသိခဲ့ဘူးဆိုဘဲ။ နောက်ဆုံး နယ်စပ်
သွားပြီး၊ တိုးတိုးတိတ်တိတ် ဆုံးမချော့မော့ပြီး ပြန်ခေါ်ခဲ့ရပါတယ်။
တခြား သမီးတော် တစ်ယောက်
ကတော့ ဘ၀မှာ နှစ်မင်္ဂလာကို ကြီးကြီးကျယ်ကျယ် ဆောင်ပြီး၊
ဒုတိယ မင်္ဂလာဆောင်မှာ သားတော်မောင်ကို စန္ဒယား
တီးခိုင်းပါသတဲ့။
ဒါကတော့ အတိတ်မှာ ဘုန်းမီးနေလ တောက်ပခဲ့တဲ့ သမီးတော်တွေရဲ့ ဇာတ်လမ်းတွေ ဖြစ်ပါတယ်။
ဒီဘက်ခေတ်မှာလည်း မီဒီယာတွေ လွတ်လပ် ပွင့်လင်းလာပြီး၊ လျှို့ဝှက်လို့ မရတော့ပေမယ့် အရင်ခေတ်က သမီးတော်တွေရဲ့ ဘ၀ကို အားကျပြီး၊
စိတ်ကူးယဉ်နေတဲ့ သူတွေလည်း
ရှိပါတယ်။
သူတို့တွေလည်း စာရင်းမပိတ်မီ
ကျွန်တော်ပြုစုထားတဲ့ သမီးတော်
တွေရဲ့ လျှို့ဝှက်ဖိုင် နံပါတ် ၂၁ ထဲပါ ချင်ဟန်တူပါရဲ့။
လက်စောင်းထက်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment