Tuesday, July 14, 2015

ဗိုလ်ချုပ်ရုပ်ရှင်နဲ့ ကျွန်တော် (၆) - =============//====

ဗိုလ်ချုပ်ရုပ်ရှင်နဲ့ ကျွန်တော် (၆) - =============//==== ကျွန်တော်တို့ ရိုက်တာက ရုပ်ရှင်ပါ။ တစ်ဆင့်ပိုပြီးတော့ တက်ရရင် အတ္ထုပ္ပတိ ရုပ်ရှင်ပေါ့။ နိုင်ငံရေး ခေါင်းဆောင် တစ်ယောက် ဒါမှမဟုတ် စစ်ရေးခေါင်းဆောင် တစ်ယောက်ကို ရွေးနေတာ မဟုတ် သလို တင်မြှောက်နေတာလဲ မဟုတ်ပါဘူး။ ဘုန်းကြီးအဖြစ် သရုပ်ဆောင်တဲ့ သူဟာ ဘုန်းကြီးနဲ့ တူအောင်သာ သရုပ်ဆောင်မှာဖြစ်ပြီး ဘုန်းကြီး အစစ် ဖြစ်ဖို့ မလိုပါဘူး။ ဆယ်ပါးသီလလည်း ထိန်းနေဖို့ မလိုပါဘူး။ ရုပ်ရှင်ရိုက်ပြီးလို့ အိမ်ပြန် ရောက်တာနဲ့ သရုပ်ဆောင် လုပ်သူကတော့ ညစာပြန်စားချင်စားမှာ ဖြစ်သလို သူ့မိန်းမနဲ့အတူ အိပ်ချင်လဲ အိပ်မှာပါ။ သူဟာ သရုပ်ဆောင် နေချိန်မှာသာ ဘုန်းကြီးနဲ့ တူအောင် နေထိုင်ကျင့်ကြံ ပြောဆိုပြီး ကျန်တဲ့ အချိန်မှာတော့ သာမာန်လူလိုလဲ နေသွားရမှာပါ။ ဒီသဘော အတိုင်းပါပဲ။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ နေရာမှာ သရုပ်ဆောင် လုပ်မဲ့သူဟာ ဗိုလ်ချုပ် အဖြစ် သရုပ်ဆောင်ရမှာပါ။ တကယ့် တပ်မတော် ဖခင်ကြီး လုပ်ရမှာ မဟုတ်သလို တကယ့် ၀န်ကြီးချုပ်ကြီး၊ အမျိုးသား ခေါင်းဆောင်ကြီး လုပ်ရမှာ မဟုတ်ပါဘူး။ The Lady ဇာတ်ကားထဲက ဒေါ်အောင်ဆန်းစုကြည် နေရာမှာ သရုပ်ဆောင်တဲ့ မစ်ရှယ်ယိုးဟာ ဘယ်လို မိန်းမမျိုးလဲဆိုတာ တကမ္ဘာ လုံး သိပါတယ်။ တရုတ်နွယ်ဖွား မလေးရှားသူပါ။ မြန်မာလိုဆိုရင် ဖိုက်တင် မင်းသမီး စတန့် မင်းသမီးပါ။ James Bond ရုပ်ရှင် Tomorrow Never Diesတို့ Crouching Tiger Hidden Dragonတို့ကို ရိုက်ပြီး နာမည်ရလာတဲ့ ကွန်ဖူးမယ်ပါ။ သူက ဒေါ်အောင်ဆန်းစုကြည်လို လူထုခေါင်းဆောင် နေရာကနေ သရုပ်ဆောင်မယ် ဆိုတာကို ကျွန်တော်တို့က ကန့်ကွက်လို့ မရနိုင် ပါဘူး။ သူ့ဖာသာသူ ယောကျာင်္း ဘယ်နှစ် ယောက်နဲ့ တွဲတွဲ၊ ကွဲကွဲ ရုပ်ရှင်ဆိုတာ ရုပ်ရှင်ပါပဲ။ သူဟာ ၁၉၆၂ ခုနှစ်မှာ မွေးတာဖြစ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေရာ မှာ သရုပ်ဆောင်ဖို့ အသက် အပိုင်းအခြားအားဖြင့် ဖြစ်နိုင် မဖြစ်နိုင် စဉ်းစားလို့ ရပါတယ်။ ဒါပေမဲ့ ဘယ်သူမှ ဘာမှမပြောခဲ့ကြပါဘူး။ ပြောလို့လဲ မရပါဘူး။ ပြင်သစ် ဒါရိုက်တာ လုခ်ဘဆန်ဟာ အင်မတန် ခေါင်းမာတဲ့ ညှိနှိုင်းမရတဲ့ ဒါရိုက်တာ တစ်ယောက်ပါ။ ဆိုပါတော့။ The Lady ဇာတ်ကားရဲ့ ရိုက်ကွင်း ပေါ်မှာ မြန်မာလူမျိုး တစ်ချို့က သဘာဝ မကျတာတွေကို ထောက်ပြညွှန်ပြတဲ့ အခါမှာ သူဟာ လုံးဝ လက်မခံခဲ့ပါဘူး။ ဒါကြောင့်လဲ သူ့ဇာတ်ကားရဲ့ အစမှာတင် ဗိုလ်ချုပ် အောင်ဆန်းကို လုပ်ကြံသူတွေက ဗိုလ်ချုပ်ရဲ့ နဖူးတည့်တည့်ကို ပစ္စတိုချိန်ပြီး လာပစ်သွားတာကို ကျွန်တော်တို့ရဲ့ ဗိုလ်ချုပ်က မျက်စေ့လေး မှိတ်ပြီးတောင် အပစ်ခံသွားသေးတယ်လို့ သူထည့် ရိုက်လိုက်တော့တာပေါ့။ ဘယ်လောက် ရှက်စရာ ကောင်းတဲ့ အမှားကြီးလဲ။ ပြီးတော့ ၁၉၈၈ လူထုတိုက်ပွဲကြီး တစ်ခုလုံးကို မိုက်ကယ်အဲရစ် ကပဲ နောက်ကွယ်ကနေ ကြိုးကိုင်ထား သလိုလို ရိုက်ပြသွားတာကလည်း တော်တော် ဆိုးပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဘာမှပြောခွင့် ငြင်းဆိုခွင့် မရခဲ့ပါဘူး။ သူ့သဘောနဲ့သူ၊ သူ့ပိုက်ဆံနဲ့သူ ရိုက်တာကို ကြိုက်ကြိုက် မကြိုက်ကြိုက် ထိုင်လို့သာ ကြည့်ခဲ့ရတာ မဟုတ်ပါလား။ အခု ကျွန်တော်တိုရဲ့ ဗိုလ်ချုပ်ရုပ်ရှင်မှာတော့ အဲသလို လွတ်လွတ်လပ်လပ် စိတ်တိုင်းကျ ဖန်တီးခွင့် မရခဲ့ပါဘူး။ အားလုံးက ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဆိုတာနဲ့ သူတို့နဲ့ ဆိုင်တယ်လို့ သတ်မှတ် ထားကြတာကိုး။ တစ်ခုခု မမှားလိုက်နဲ့ တွယ်မယ်ဆိုတာချည်းပါပဲ။ ကျွန်တော်တို့ ဘာမှမစရသေးခင်မှာပဲ ပြဿနာ အကြီးကြီး ဆောင့်တက်လာ တာပါ။ ကျွန်တော်တို့ ရွေးချယ်ထားတဲ့ ဆန်ကာတင် သရုပ်ဆောင်ထဲက မောင်ကျောက်ခဲနဲ့ ပတ်သက်ပြီး တိုက်ခိုက်တာ ရေရေလည်လည် ခံရပါတော့တယ်။ ကျွန်တော် တစ်ဦးတည်း သဘောအရ မောင်ကျောက်ခဲကို ပိုကြိုက်ပါတယ်။ ကျွန်တော်တို့က သရုပ်ဆောင် နှစ်ယောက် ရွေးထားတယ်ဆိုတာ စိတ်ကူးရှိလို့ပါ။ တစ်ယောက်မဟုတ် တစ်ယောက် ခြေချော်လက်ချော် ဖြစ်နိုင်ပါတယ်။ အဲဒီလို ဖြစ်ခဲ့ရင် ကျွန်တော်တို့ ချက်ချင်းဘယ်မှာမှ လိုက်ရှာဖို့ မဖြစ်နိုင်ပါဘူး။ ဒါ့ကြောင့် နှစ်ယောက် ရွေးထားတာပါ။ မောင်ကျောက်ခဲဟာ အနုပညာလည်း ၀မ်းစာရှိသလို အင်္ဂလိပ် စကားလဲ ပြောနိုင်ပါတယ်။ ကြိုးလဲ ကြိုးစားပါတယ်။ ဒါပေမဲ့ သူ့ကို ရွေးချယ်ထားတဲ့ အထဲ ကနေ ဖြုတ်ပေးဖို့ စာတွေနဲ့ရော ဖုန်းဆက်ပြီးတော့ပါ ၀ိုင်းကန့်ကွက် လိုက်ကြတာ NLD အဖွဲ့ကပါပဲ။ ဒီနေရာမှာတင် ကျွန်တော်တို့ အဖွဲ့ အချင်းချင်းလဲ ပြဿနာတွေ တက်ခဲ့ပါကုန်ရော။ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက် ရေး အဖွဲ့ဟာ NLD ကင်းလွတ်နယ်မြေ ဖြစ်ရမယ်ဆိုတာ မူလ ကထည်းက ချမှတ်ထားတဲ့ သဘောတူထားတဲ့မူပါ။ ခုတော့ သူတို့ ကန့်ကွက်လာတာကို ကျွန်တော်တို့ လက်ခံလိုက်ရတော့မှာ လား ဆိုပြီး ကျွန်တော်တို့ အချင်းချင်း ငြင်းခုန်ကြရပါတော့တယ်။ မောင်ကျောက်ခဲဟာ အခြေအနေအရ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီဝင် ဖြစ်ချင်ဖြစ်မယ်၊ အခြေအနေ အရ ရပ်ရွာထဲမှာ ရည်းစားထားပြီး အိမ်ထောင်ပြုဖို့ ပျက်ကွက်ချင် ပျက်ကွက်မယ်။ ကျွန်တော်တို့ ရုပ်ရှင်နဲ့ ဘာမှမဆိုင်ပါဘူး။ ဒါပေမဲ့ မောင်ကျောက်ခဲကို ဖြုတ်ပေးဖို့ နေ့တိုင်းလိုလို ဖိအားပေး ခံနေရတော့ ကျွန်တော်တို့ အဖွဲ့ဝင် တစ်ချို့  စိတ်တွေ ကတိမ်းကပါး ဖြစ်ခဲ့ပါတယ်။ နောက်ဆုံးတော့ ဒီပြသနာဟာ ကျွန်တော့ ခေါင်းပေါ်ပဲ ပုံကျလာပါတော့တယ်။ ကျွန်တော့ အခြေခံမူကိုက အလုပ်နဲ့ ကိုယ်ရေးကိုယ်တာနဲ့ ခွဲခြားထားသူပါ။ ခုတော့ ကိုယ်ရေး ကိုယ်တာထဲကို မလွှဲသာပဲ ၀င်ပါရပါတော့တယ်။ ပြည်ထောင်စု ကြံ့ခိုင်ရေး ပါတီက လူတစ်ယောက် ကရော ဗိုလ်ချုပ်အဖြစ် သရုပ်ဆောင်ခွင့် မရသင့်ဘူးလား။ ဒီမေးခွန်းကို ကျွန်တော် အကြိမ်ကြိမ် မေးမိနေပါတယ်။ ဒါဆို ဂဠုန်ဦးစော နေရာမှာ ပါဝင် သရုပ်ဆောင်မယ့် လူကိုရော ဘယ်ပါတီကနေ ရွေးရမလဲ။ အမေရိကန် သမ္မတ လင်ကွန်းအဖြစ် သရုပ်ဆောင်သူက ဒင်နီရယ်လ် ဒေးလူးဝစ္စပါ။ အိုင်ရစ် လူမျိုးပေါ့။ အင်္ဂလန် နိုင်ငံသားပါ နိုင်ငံရေး အယူအဆ အတွေးအခေါ် ကြောင့် သူ့ကိုရွေးတာ မဟုတ်ပါဘူး။ သရုပ်ဆောင် ကောင်းလို့ ရွေးတာပါ။ ဒေးလူးဝစ်ရဲ့ နဂိုစရိုက်နဲ့ လင်ကွန်းနဲ့ တခြားစီပါ။ ဒါပေမဲ့ သူဘယ်လောက် သရုပ်ဆောင် ကောင်းခဲ့တယ်ဆိုတာ တကမ္ဘာလုံး အသိပါ။l ဟောလီးဝုဒ်မှာ သရုပ်ဆောင်တွေ ရိုက်သတ်လို့  မကုန်အောင် ရှိပေမဲ့ ဒါရိုက်တာ စတီဗင် စပီးလ်ဘတ်ဂ်က အိုင်ရစ် လူမျိုး ဒေးလူးဝစ်ကိုမှ ရွေးခဲ့တာပါ။၂၀၁၂ ခုနှစ် အတွက် အော်စကာ ရုပ်ထုကို ဒေးလူးဝစ် ရခဲ့ပါတယ်။ မာဂရက်သက်ချာ နေရာမှာ ပါဝင် သရုပ်ဆောင်ရတဲ့ မာရယ် စထရိပ်ဟာ နယူးဂျာစီသူ အမေရိကန် စစ်စစ်ကြီးပါ။ မာဂရက် သက်ချာက အင်္ဂလိပ် စစ်စစ်ကြီးပါ။ လေယူလေသိမ်းက အစ မတူသလို အကျင့်စရိုက်လဲ ကွာပါတယ်။ ကမ္ဘာကျော် Eneagramခေါ်တဲ့ လူတွေရဲ့ အမူအကျင့်နဲ့ ပတ်သက်တဲ့ စစ်တမ်းအရ မာဂရက်သက်ချာဟာ Reformer ခေါ်တဲ့ ပြုပြင်ပြောင်းလိုသူ အုပ်စုထဲမှာ ပါဝင်ပါတယ်။ မာရယ် စထရိပ်ကတော့ Individualist ခေါ်တဲ့ တစ်ကိုယ်တော် ကျိတ်တဲ့ အုပ်စုဝင်ပါ။ ဒါပေမဲ့ သရုပ်ဆောင်ဟာ သရုပ်ဆောင်တာပါပဲ။ သူ အဲဒီဇာတ်ကားနဲ့ အော်စကာ ရခဲ့ပါတယ်။ ဒါတွေ ကျွန်တော် ပြောနေရတာ ကျွန်တော်တို့မှာ သရုပ်ဆောင် ရွေးချယ်တာတောင် လွတ်လပ်ခွင့် မရခဲ့ပါဘူးဆိုတာ သိစေ ချင်လို့ပါ။ နောက်ဆုံးမှာတော့ မောင်ကျောက်ခဲ ကိုယ်တိုင် စိတ်ရှုပ်လာပြီး သရုပ်ဆောင် အဖြစ်ကနေ နှုတ်ထွက် သွားပါတော့တယ်။ ကျွန်တော့်ဘ၀မှာ လူတော် တစ်ယောက်ကို ဆုံးရှုံးလိုက်ရလို့ စိတ်မကောင်းကြီးစွာ ဖြစ်ခဲ့ရပါတယ်။ ဒီလောက်နဲ့တင် ရပ်မသွားပဲ နောက်ပြဿနာကြီး ဆောင့်တက်လာပြန်တော့ ဗိုလ်ချုပ်ရုပ်ရှင် အဖွဲ့ ကြီး ကွဲထွက် တော့မလို ဖြစ်ခဲ့ပါလေရော။ (ဆက်ပါမည်) ဇာဂနာ ဒါတွေကိုတင်ပြနေရခြင်းသည် ဗိုလ်ချုပ်ရုပ်ရှင် ဘာကြောင့်ကြန့်ကြာနေ ရသလည်းဆိုတာကိုသိစေချင်လို့ပါ။ ဗိုလ်ချုပ်ရုပ်ရှင်နဲ့ ကျွန်တော် (၆) - =============//==== ကျွန်တော်တို့ ရိုက်တာက ရုပ်ရှင်ပါ။ တစ်ဆင့်ပိုပြီးတော့ တက်ရရင် အတ္ထုပ္ပတိ ရုပ်ရှင်ပေါ့။ နိုင်ငံရေး ခေါင်းဆောင် တစ်ယောက် ဒါမှမဟုတ် စစ်ရေးခေါင်းဆောင် တစ်ယောက်ကို ရွေးနေတာ မဟုတ် သလို တင်မြှောက်နေတာလဲ မဟုတ်ပါဘူး။ ဘုန်းကြီးအဖြစ် သရုပ်ဆောင်တဲ့ သူဟာ ဘုန်းကြီးနဲ့ တူအောင်သာ သရုပ်ဆောင်မှာဖြစ်ပြီး ဘုန်းကြီး အစစ် ဖြစ်ဖို့ မလိုပါဘူး။ ဆယ်ပါးသီလလည်း ထိန်းနေဖို့ မလိုပါဘူး။ ရုပ်ရှင်ရိုက်ပြီးလို့ အိမ်ပြန် ရောက်တာနဲ့ သရုပ်ဆောင် လုပ်သူကတော့ ညစာပြန်စားချင်စားမှာ ဖြစ်သလို သူ့မိန်းမနဲ့အတူ အိပ်ချင်လဲ အိပ်မှာပါ။ သူဟာ သရုပ်ဆောင် နေချိန်မှာသာ ဘုန်းကြီးနဲ့ တူအောင် နေထိုင်ကျင့်ကြံ ပြောဆိုပြီး ကျန်တဲ့ အချိန်မှာတော့ သာမာန်လူလိုလဲ နေသွားရမှာပါ။ ဒီသဘော အတိုင်းပါပဲ။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ နေရာမှာ သရုပ်ဆောင် လုပ်မဲ့သူဟာ ဗိုလ်ချုပ် အဖြစ် သရုပ်ဆောင်ရမှာပါ။ တကယ့် တပ်မတော် ဖခင်ကြီး လုပ်ရမှာ မဟုတ်သလို တကယ့် ၀န်ကြီးချုပ်ကြီး၊ အမျိုးသား ခေါင်းဆောင်ကြီး လုပ်ရမှာ မဟုတ်ပါဘူး။ The Lady ဇာတ်ကားထဲက ဒေါ်အောင်ဆန်းစုကြည် နေရာမှာ သရုပ်ဆောင်တဲ့ မစ်ရှယ်ယိုးဟာ ဘယ်လို မိန်းမမျိုးလဲဆိုတာ တကမ္ဘာ လုံး သိပါတယ်။ တရုတ်နွယ်ဖွား မလေးရှားသူပါ။ မြန်မာလိုဆိုရင် ဖိုက်တင် မင်းသမီး စတန့် မင်းသမီးပါ။ James Bond ရုပ်ရှင် Tomorrow Never Diesတို့ Crouching Tiger Hidden Dragonတို့ကို ရိုက်ပြီး နာမည်ရလာတဲ့ ကွန်ဖူးမယ်ပါ။ သူက ဒေါ်အောင်ဆန်းစုကြည်လို လူထုခေါင်းဆောင် နေရာကနေ သရုပ်ဆောင်မယ် ဆိုတာကို ကျွန်တော်တို့က ကန့်ကွက်လို့ မရနိုင် ပါဘူး။ သူ့ဖာသာသူ ယောကျာင်္း ဘယ်နှစ် ယောက်နဲ့ တွဲတွဲ၊ ကွဲကွဲ ရုပ်ရှင်ဆိုတာ ရုပ်ရှင်ပါပဲ။ သူဟာ ၁၉၆၂ ခုနှစ်မှာ မွေးတာဖြစ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေရာ မှာ သရုပ်ဆောင်ဖို့ အသက် အပိုင်းအခြားအားဖြင့် ဖြစ်နိုင် မဖြစ်နိုင် စဉ်းစားလို့ ရပါတယ်။ ဒါပေမဲ့ ဘယ်သူမှ ဘာမှမပြောခဲ့ကြပါဘူး။ ပြောလို့လဲ မရပါဘူး။ ပြင်သစ် ဒါရိုက်တာ လုခ်ဘဆန်ဟာ အင်မတန် ခေါင်းမာတဲ့ ညှိနှိုင်းမရတဲ့ ဒါရိုက်တာ တစ်ယောက်ပါ။ ဆိုပါတော့။ The Lady ဇာတ်ကားရဲ့ ရိုက်ကွင်း ပေါ်မှာ မြန်မာလူမျိုး တစ်ချို့က သဘာဝ မကျတာတွေကို ထောက်ပြညွှန်ပြတဲ့ အခါမှာ သူဟာ လုံးဝ လက်မခံခဲ့ပါဘူး။ ဒါကြောင့်လဲ သူ့ဇာတ်ကားရဲ့ အစမှာတင် ဗိုလ်ချုပ် အောင်ဆန်းကို လုပ်ကြံသူတွေက ဗိုလ်ချုပ်ရဲ့ နဖူးတည့်တည့်ကို ပစ္စတိုချိန်ပြီး လာပစ်သွားတာကို ကျွန်တော်တို့ရဲ့ ဗိုလ်ချုပ်က မျက်စေ့လေး မှိတ်ပြီးတောင် အပစ်ခံသွားသေးတယ်လို့ သူထည့် ရိုက်လိုက်တော့တာပေါ့။ ဘယ်လောက် ရှက်စရာ ကောင်းတဲ့ အမှားကြီးလဲ။ ပြီးတော့ ၁၉၈၈ လူထုတိုက်ပွဲကြီး တစ်ခုလုံးကို မိုက်ကယ်အဲရစ် ကပဲ နောက်ကွယ်ကနေ ကြိုးကိုင်ထား သလိုလို ရိုက်ပြသွားတာကလည်း တော်တော် ဆိုးပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဘာမှပြောခွင့် ငြင်းဆိုခွင့် မရခဲ့ပါဘူး။ သူ့သဘောနဲ့သူ၊ သူ့ပိုက်ဆံနဲ့သူ ရိုက်တာကို ကြိုက်ကြိုက် မကြိုက်ကြိုက် ထိုင်လို့သာ ကြည့်ခဲ့ရတာ မဟုတ်ပါလား။ အခု ကျွန်တော်တိုရဲ့ ဗိုလ်ချုပ်ရုပ်ရှင်မှာတော့ အဲသလို လွတ်လွတ်လပ်လပ် စိတ်တိုင်းကျ ဖန်တီးခွင့် မရခဲ့ပါဘူး။ အားလုံးက ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဆိုတာနဲ့ သူတို့နဲ့ ဆိုင်တယ်လို့ သတ်မှတ် ထားကြတာကိုး။ တစ်ခုခု မမှားလိုက်နဲ့ တွယ်မယ်ဆိုတာချည်းပါပဲ။ ကျွန်တော်တို့ ဘာမှမစရသေးခင်မှာပဲ ပြဿနာ အကြီးကြီး ဆောင့်တက်လာ တာပါ။ ကျွန်တော်တို့ ရွေးချယ်ထားတဲ့ ဆန်ကာတင် သရုပ်ဆောင်ထဲက မောင်ကျောက်ခဲနဲ့ ပတ်သက်ပြီး တိုက်ခိုက်တာ ရေရေလည်လည် ခံရပါတော့တယ်။ ကျွန်တော် တစ်ဦးတည်း သဘောအရ မောင်ကျောက်ခဲကို ပိုကြိုက်ပါတယ်။ ကျွန်တော်တို့က သရုပ်ဆောင် နှစ်ယောက် ရွေးထားတယ်ဆိုတာ စိတ်ကူးရှိလို့ပါ။ တစ်ယောက်မဟုတ် တစ်ယောက် ခြေချော်လက်ချော် ဖြစ်နိုင်ပါတယ်။ အဲဒီလို ဖြစ်ခဲ့ရင် ကျွန်တော်တို့ ချက်ချင်းဘယ်မှာမှ လိုက်ရှာဖို့ မဖြစ်နိုင်ပါဘူး။ ဒါ့ကြောင့် နှစ်ယောက် ရွေးထားတာပါ။ မောင်ကျောက်ခဲဟာ အနုပညာလည်း ၀မ်းစာရှိသလို အင်္ဂလိပ် စကားလဲ ပြောနိုင်ပါတယ်။ ကြိုးလဲ ကြိုးစားပါတယ်။ ဒါပေမဲ့ သူ့ကို ရွေးချယ်ထားတဲ့ အထဲ ကနေ ဖြုတ်ပေးဖို့ စာတွေနဲ့ရော ဖုန်းဆက်ပြီးတော့ပါ ၀ိုင်းကန့်ကွက် လိုက်ကြတာ NLD အဖွဲ့ကပါပဲ။ ဒီနေရာမှာတင် ကျွန်တော်တို့ အဖွဲ့ အချင်းချင်းလဲ ပြဿနာတွေ တက်ခဲ့ပါကုန်ရော။ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက် ရေး အဖွဲ့ဟာ NLD ကင်းလွတ်နယ်မြေ ဖြစ်ရမယ်ဆိုတာ မူလ ကထည်းက ချမှတ်ထားတဲ့ သဘောတူထားတဲ့မူပါ။ ခုတော့ သူတို့ ကန့်ကွက်လာတာကို ကျွန်တော်တို့ လက်ခံလိုက်ရတော့မှာ လား ဆိုပြီး ကျွန်တော်တို့ အချင်းချင်း ငြင်းခုန်ကြရပါတော့တယ်။ မောင်ကျောက်ခဲဟာ အခြေအနေအရ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီဝင် ဖြစ်ချင်ဖြစ်မယ်၊ အခြေအနေ အရ ရပ်ရွာထဲမှာ ရည်းစားထားပြီး အိမ်ထောင်ပြုဖို့ ပျက်ကွက်ချင် ပျက်ကွက်မယ်။ ကျွန်တော်တို့ ရုပ်ရှင်နဲ့ ဘာမှမဆိုင်ပါဘူး။ ဒါပေမဲ့ မောင်ကျောက်ခဲကို ဖြုတ်ပေးဖို့ နေ့တိုင်းလိုလို ဖိအားပေး ခံနေရတော့ ကျွန်တော်တို့ အဖွဲ့ဝင် တစ်ချို့  စိတ်တွေ ကတိမ်းကပါး ဖြစ်ခဲ့ပါတယ်။ နောက်ဆုံးတော့ ဒီပြသနာဟာ ကျွန်တော့ ခေါင်းပေါ်ပဲ ပုံကျလာပါတော့တယ်။ ကျွန်တော့ အခြေခံမူကိုက အလုပ်နဲ့ ကိုယ်ရေးကိုယ်တာနဲ့ ခွဲခြားထားသူပါ။ ခုတော့ ကိုယ်ရေး ကိုယ်တာထဲကို မလွှဲသာပဲ ၀င်ပါရပါတော့တယ်။ ပြည်ထောင်စု ကြံ့ခိုင်ရေး ပါတီက လူတစ်ယောက် ကရော ဗိုလ်ချုပ်အဖြစ် သရုပ်ဆောင်ခွင့် မရသင့်ဘူးလား။ ဒီမေးခွန်းကို ကျွန်တော် အကြိမ်ကြိမ် မေးမိနေပါတယ်။ ဒါဆို ဂဠုန်ဦးစော နေရာမှာ ပါဝင် သရုပ်ဆောင်မယ့် လူကိုရော ဘယ်ပါတီကနေ ရွေးရမလဲ။ အမေရိကန် သမ္မတ လင်ကွန်းအဖြစ် သရုပ်ဆောင်သူက ဒင်နီရယ်လ် ဒေးလူးဝစ္စပါ။ အိုင်ရစ် လူမျိုးပေါ့။ အင်္ဂလန် နိုင်ငံသားပါ နိုင်ငံရေး အယူအဆ အတွေးအခေါ် ကြောင့် သူ့ကိုရွေးတာ မဟုတ်ပါဘူး။ သရုပ်ဆောင် ကောင်းလို့ ရွေးတာပါ။ ဒေးလူးဝစ်ရဲ့ နဂိုစရိုက်နဲ့ လင်ကွန်းနဲ့ တခြားစီပါ။ ဒါပေမဲ့ သူဘယ်လောက် သရုပ်ဆောင် ကောင်းခဲ့တယ်ဆိုတာ တကမ္ဘာလုံး အသိပါ။l ဟောလီးဝုဒ်မှာ သရုပ်ဆောင်တွေ ရိုက်သတ်လို့  မကုန်အောင် ရှိပေမဲ့ ဒါရိုက်တာ စတီဗင် စပီးလ်ဘတ်ဂ်က အိုင်ရစ် လူမျိုး ဒေးလူးဝစ်ကိုမှ ရွေးခဲ့တာပါ။၂၀၁၂ ခုနှစ် အတွက် အော်စကာ ရုပ်ထုကို ဒေးလူးဝစ် ရခဲ့ပါတယ်။ မာဂရက်သက်ချာ နေရာမှာ ပါဝင် သရုပ်ဆောင်ရတဲ့ မာရယ် စထရိပ်ဟာ နယူးဂျာစီသူ အမေရိကန် စစ်စစ်ကြီးပါ။ မာဂရက် သက်ချာက အင်္ဂလိပ် စစ်စစ်ကြီးပါ။ လေယူလေသိမ်းက အစ မတူသလို အကျင့်စရိုက်လဲ ကွာပါတယ်။ ကမ္ဘာကျော် Eneagramခေါ်တဲ့ လူတွေရဲ့ အမူအကျင့်နဲ့ ပတ်သက်တဲ့ စစ်တမ်းအရ မာဂရက်သက်ချာဟာ Reformer ခေါ်တဲ့ ပြုပြင်ပြောင်းလိုသူ အုပ်စုထဲမှာ ပါဝင်ပါတယ်။ မာရယ် စထရိပ်ကတော့ Individualist ခေါ်တဲ့ တစ်ကိုယ်တော် ကျိတ်တဲ့ အုပ်စုဝင်ပါ။ ဒါပေမဲ့ သရုပ်ဆောင်ဟာ သရုပ်ဆောင်တာပါပဲ။ သူ အဲဒီဇာတ်ကားနဲ့ အော်စကာ ရခဲ့ပါတယ်။ ဒါတွေ ကျွန်တော် ပြောနေရတာ ကျွန်တော်တို့မှာ သရုပ်ဆောင် ရွေးချယ်တာတောင် လွတ်လပ်ခွင့် မရခဲ့ပါဘူးဆိုတာ သိစေ ချင်လို့ပါ။ နောက်ဆုံးမှာတော့ မောင်ကျောက်ခဲ ကိုယ်တိုင် စိတ်ရှုပ်လာပြီး သရုပ်ဆောင် အဖြစ်ကနေ နှုတ်ထွက် သွားပါတော့တယ်။ ကျွန်တော့်ဘ၀မှာ လူတော် တစ်ယောက်ကို ဆုံးရှုံးလိုက်ရလို့ စိတ်မကောင်းကြီးစွာ ဖြစ်ခဲ့ရပါတယ်။ ဒီလောက်နဲ့တင် ရပ်မသွားပဲ နောက်ပြဿနာကြီး ဆောင့်တက်လာပြန်တော့ ဗိုလ်ချုပ်ရုပ်ရှင် အဖွဲ့ ကြီး ကွဲထွက် တော့မလို ဖြစ်ခဲ့ပါလေရော။ (ဆက်ပါမည်) ဇာဂနာ ဒါတွေကိုတင်ပြနေရခြင်းသည် ဗိုလ်ချုပ်ရုပ်ရှင် ဘာကြောင့်ကြန့်ကြာနေ ရသလည်းဆိုတာကိုသိစေချင်လို့ပါ။

No comments: