Tuesday, July 14, 2015

ပြည်သူ့တပ်မတော်သား အစစ်အမှန်များ - *****************************

ပြည်သူ့တပ်မတော်သား အစစ်အမှန်များ - ***************************** စစ်အာဏာရှင်တွေရဲ့မှားယွင်းမှုကို အနီးကပ် သိရှိပြီးတော့ တပ်မတော် အတွင်း ပြုပြင်ပြောင်းလဲရေး အတွက် ဖန်တီးခွင့် ရှိသူတွေဟာ လုပ်ပိုင်ခွင့် အများဆုံးရရှိထားတဲ့ ကိုယ်ရေး အရာရှိတွေနဲ့ ထောက်လမ်းရေး တပ်ဖွဲ့တွေသာ ဖြစ်ကြပါတယ်။ ဒါကြောင့် သူတို့ဟာ စစ်အာဏာရှင်တွေ ကို ကိုင်လှုပ်ခဲ့သူတွေ အဖြစ် ပေါ်ထွက်ခဲ့ပါတယ်။ ၁၉၇၇ခုနှစ် ကတည်းက ဆိုရှယ်လစ် စနစ်နဲ့ စစ်အာဏာရှင် တွေကို ဆန်ကျင်ခဲ့သူကတော့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး သူရကျော်ထင်ရဲ့ ကိုယ်ရေးအရာရှိ ဗိုလ်ကြီးအုံးကျော်မြင့် ဖြစ်ပါတယ်။ သူဟာ O.T.S (29) သင်တန်း ဆင်း၊ အကောင်းဆုံး ဗိုလ်လောင်းဆု ရရှိခဲ့သူဖြစ်ပြီး ပျော်ဘွယ်နဲ့ ရမည်းသင်းအကြား ယင်းတော်ရွာ ဇာတိဖြစ်ပါတယ်။ ငယ်စဉ်ကပင် ထူးချွန်ထက်မြက်သူ အဖြစ် ကျော်ကြားပြီး စစ် ရုံးမှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရဲ့ မိန့်ခွန်းတွေ ရေးသားတာကအစ ဗိုလ်ကြီး အုံးကျော်မြင့် ရေးသားတယ် ဆိုရင် လူကြီးတွေက ပြင်ဆင်မှုမရှိဘဲအတည်ပြု ပေးကြတဲ့ အထိ ထက်မြက်လှပါတယ်။ ဗိုလ်ကြီး အုံးကျော်မြင့်ဟာ ၁၉၇၄-၇၅-၇၆ ခုနှစ်တွေက ဖြစ်ခဲ့တဲ့ အလုပ်သမား၊ ကျောင်းသားလူထု အုံကြွမှု အရေးအခင်းကြီးတွေမှာ သွေးထွက် သံယို ဖြစ်တဲ့အထိ မဆလ အာဏာရှင်များက ကိုင်တွယ် ဖြေရှင်း တာကို ဘ၀င်မကျခဲ့ကြောင်းနဲ့ ဆဲဗင်းဂျူလိုင်မှာ ပါဝင်ခဲ့တဲ့ သူ့ သူငယ်ချင်းတွေ အပေါ် တမ်းတ သတိရလျက် ရှိကြောင်း ကြားသိခဲ့ ပါတယ်။ ဗိုလ်ကြီးအုံးကျော်မြင့်တို့ရဲ့ အပတ်စဉ် (၂၉) ကျောင်းဆင်း အရာရှိတွေကို ဦးနေ၀င်းက သတိထား စောင့်ကြည့် ခဲ့ကြောင်းလည်း သိရှိရပါတယ်။ ဗိုလ်ကြီးအုံးကျော်မြင့်ဟာ ထိုင်းနိုင်ငံကို ရောက်ရှိခဲ့စဉ် တိုးတက်စ ပြုနေတဲ့ ထိုင်းနိုင်ငံရဲ့ အခြေအနေ၊ စိမ်းလန်းစိုပြေနေတဲ့ စပါးခင်းတွေကို ကြည့်ပြီး မြန်မာနိုင်ငံရဲ့ စီးပွားရေး ကျဆင်းနေမှုနဲ့ တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ စနစ်ကိုသဘောကျ နှစ်ခြိုက်မှု မရှိခဲ့ကြောင်း သိရပါတယ်။ သူလေးစားတဲ့ ပုဂ္ဂိုလ်တွေထဲက ဗိုလ်ချုပ်ကြီး သူရတင်ဦး (ယခု NLD ဒုဥက္ကဋ္ဌ) ဖြုတ်ချ ခံခဲ့ရတာနဲ့ ပတ်သက်လို တရားမျှတမှု မရှိတာကိုလည်း သုံးသပ်လာပါတယ်။ ဒီနေရာမှာ ဗိုလ်ချုပ်ကြီး သူရတင်ဦးနဲ့ ပတ်သက်ပြီး တင်ပြရမယ်ဆိုရင် သူဟာ စစ်သည်တွေကို အဆင့်အတန်း မခွဲခြားဘဲ ခြင်းခတ်အတူတူ၊ ထမင်းလက်ဆုံ စားခဲ့သူ ဖြစ်ပါတယ်။ စစ်သည်တွေ ရိက္ခာ မလောက်လို့ တင်ပြလာတာကို ရှေ့တန်းထွက် စစ်သည်တွေရဲ့ တိုက်ခိုက်ရေး ရိက္ခာထုတ်နဲ့ ရိက္ခာ နှစ်ဆရအောင် စီစဉ် ပေးခဲ့လို့ စစ်သည်တွေရဲ့ လေးစားချစ်ခင်မှုကို ရရှိခဲ့သူဖြစ်ပါတယ်။ ဒါကို ထောက်လှမ်းရေးမှုးချုပ် ဗိုလ်မှူးချုပ် မျက်မှန်တင်ဦးက အုပ်စုဖွဲ့ လေဟန် ဦးနေ၀င်းထံ တင်ပြခဲ့လို့ ဦးနေ၀င်းက စတင်သံသယ ၀င်ခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီး စန်းယုကလည်း ဗိုလ်ချုပ်ကြီး တင်ဦးဟာ တပ်ရဲ့ သက်သာ ချောင်ချိရေး ခေါင်းစဉ်နဲ့ ဦးစားပေး လုပ်နေတာ ကြောင့် နိုင်ငံ့ ဘဏ္ဍာငွေ ပိုမို ကုန်ကျနေပါတယ်လို့ ဦးနေ၀င်းထံ သွေးထိုးပြောဆိုခဲ့ပါတယ်။ အဲဒီနောက် ဗိုလ်ချုပ်ကြီးတင်ဦးရဲ့ သား နိုင်ငံခြားမှာ ဆေးသွားကုတဲ့ ကိစ္စနဲ့ အိမ်ဆောက်ရန် လိုအပ်တဲ့ ဆောက်လုပ် ရေး ပစ္စည်းတွေ နိုင်ငံခြားက တင်သွင်းတဲ့ ကိစ္စတွေကို အကြောင်းရှာ ပြီးတော့ ဗိုလ်ချုပ်ကြီးတင်ဦးကို အရေးယူ ဖြုတ်ပစ်ခဲ့ပါတယ်။ ဒါတွေကို သိရှိနားလည်တဲ့ ဗိုလ်ကြီးအုံးကျော်မြင့်ဟာ ဗိုလ်ချုပ်ကြီးတင်ဦးကို ခေါင်းဆောင် ပြန်တင်ကာ တပ်မတော်အတွင်း ပြုပြင် ပြောင်းလဲရေးလုပ်ရန် ရည်ရွယ်ပြီး အာဏာသိမ်းဖို့ ကြံစည်ခဲ့ပါတယ်။ ဗိုလ်ကြီးအုံးကျော်မြင့်ဟာ သူတစ်ပါးနိုင်ငံ တိုးတက်နေတာကို ကြည့်ပြီး မဆလ စနစ်နဲ့ အာဏာရှင် စစ်ခေါင်းဆောင်တွေကို ဖြုတ်ချဖို့ စဉ်းစားဆုံးဖြတ်ပြီးတော့ ကာကွယ်ရေး ၀န်ကြီးဌာန စခန်းမှုး ဗိုလ်မှူးစိန်မြင့်၊ ဗိုလ်ကြီးသိန်းဝင်းနဲ့ ကိုယ်ရေးအရာရှိတချို့၊ ခလရ (၁၆) မှ ဗိုလ်မှူးမောင်လတ်၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးကြီးလှဖေတို့ ကို တိုင်ပင်ညှိနှိုင်း ခဲ့ပါတယ်။ လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်စောဖြူ ကိုလည်း တိုင်ပင် ညှိနှိုင်းရန် ကြိုးစားပြီး ဗုံးကြဲ လေယာဉ် တောင်းခံမှု လုပ်ထုံးလုပ်နည်းကို မေးမြန်းခဲ့ပါတယ်။ သံချပ်ကာနဲ့ တင့်ကားတပ်မှူး ကိုလည်း တီးခေါက်ဆွေးနွေး မေးမြန်းပြီး ဆက်တိုက် လှုပ်ရှားခဲ့ပါတယ်။ တခါတရံ ကားပေါ်မှာ ဆွေးနွေးခြင်း၊ မထင်မှတ်တဲ့နေရာမှာ ချိန်းဆိုခြင်းတို့ကို ပြုလုပ်ခဲ့ပါတယ်။ အာဏာသိမ်းဖို့ ကြံစည်တဲ့ အစီအစဉ်ကို တချို့ ဆွေးနွေးနေတဲ့ အရာရှိကြီးများကို မပြောဘဲ လိမ်မာပါးနပ်စွာ လျှို့ဝှက်ထားပြီး သူ့ဆရာ ကာကွယ်ရေးဦးစီးချုပ်က မေးခိုင်းသလို ပုံစံမျိုးနဲ့ ဆောင်ရွက်ခဲ့ ပါတယ်။ ယုံကြည်စိတ်ချရမယ် ထင်တဲ့အရာရှိတွေကို အရိပ်အမြွက် ပြောဆိုခဲ့ပြီး ဗိုလ်ချုပ်ကြီးတင်ဦးထံ သွားရောက်တွေ့ဆုံ ခဲ့ပါတယ်။ အဲဒီလျှို့ဝှက် စစ်ဆင်ရေးရဲ့ သင်္ကေတကို "ငရုတ်သီး" လို့ သတ်မှတ်ခဲ့ပါတယ်။ မဟာဗျူဟာ အစီအစဉ်အနေနဲ့ လေဆိပ်နဲ့ အသံလွှင့်ဌာနကို ထိန်းချုပ် ထားပြီး ညစာစားပွဲမှာဖြစ်စေ၊ ပါတီညီလာခံမှာဖြစ်စေ ၀င်ရောက် စီးနင်းဖို့ စနစ်တကျ အစီအစဉ် ရေးဆွဲထားပါတယ်။ ဗိုလ်ကြီးအုံးကျော်မြင့်ဟာ သူ့ရဲ့ဆရာ ကာကွယ်ရေး ဦးစီးချုပ်ရဲ့ အရှိန် အ၀ါကြောင့် လည်းကောင်း၊ သူကိုယ်တိုင် ထူးချွန် ထက်မြက်တာ ကြောင့် လည်းကောင်း၊ (ကကကြည်း) ရုံးတံဆိပ်ကြောင့် လည်းကောင်း၊ လက်အောက်ခံ ကြည်းတပ်တွေ ကြောက်ရွံ့ပြီး အလွယ်တကူ လိုက်နာ လှုပ်ရှားကြမယ်လို့ ငရုတ်သီး စစ်ဆင်ရေးမှာ ပါဝင်တဲ့ အရာရှိကြီးငယ် တွေ အနေနဲ့ ယုံကြည်မျှော်လင့် ထားခဲ့ပါတယ်။ ဒါပေမယ့် လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်စောဖြူဟာ သံသယ၀င်ခဲ့ပြီး တိုးတိုးတိတ်တိတ် မေးမြန်းစုံစမ်းရာမှ အသံဗလံ အစအန ထွက်လာခဲ့ပါတယ်။ အဲဒီနောက် ညစာစားပွဲ တစ်ခုမှာ ဗိုလ်ကြီးအုံးကျော်မြင့်ရဲ့ သကာင်္မကင်းဖွယ်ရာ လှုပ်ရှားမှုကို ထောက်လှမ်းရေးတပ်ဖွဲ့က ခြေရာခံ လိုက်မိနေပါတယ်။ တဖန်ကြည်းတပ် တပ်မှူးတစ်ချို့ ဖြစ်တဲ့ ဗိုလ်မှူးမောင်လတ်နဲ့ သံချပ်ကာ တပ်မှူးတို့ဟာ အစီအစဉ် အကောင်အထည်ဖော်ရာမှာ ရှောင်ရှားကြောက်ရွံ့လို့ ဟန်ချက်လွဲသွားခဲ့ပါတယ်။ ပိုပြီးဆိုးတာက ဗိုလ်ကြီး အုံးကျော်မြင့်ဟာ ဗိုလ်မှူးကြီး သန်းတင်ကို သွားရောက် တိုင်ပင်ခဲ့ရာမှာ အမှားကြီး မှားခဲ့ပါတယ် ဗိုလ်မှူးကြီး သန်းတင်က မလုပ်သင့်ကြောင်း ပြောရာမှ သူကလက်မခံဘဲ တိုင်ကြားနိုင်သည် ကို ရိပ်မိ သိရှိပြီး ဗိုလ်ကြီး အုံးကျော်မြင့်လည်း အမေရိကန်သံရုံးမှာ ၁၉၇၇ ခုနှစ် ဇူလိုင်လ(၂)ရက်နေ့ ညနေ အချိန်က နိုင်ငံရေးခိုလှုံခွင့် ၀င်ရောက် တောင်းခံခဲ့ပါတယ်။ သံရုံးအနေနဲ့ ဥပဒေအရ လုပ်ပေးလို့ မရကြောင်း အကြောင်းပြန်လိုက်လို့ သံရုံးက ပြန်ထွက်လာစဉ် ထောက်လှမ်း ရေး တပ်ဖွဲ့ရဲ့ ဖမ်းဆီးခြင်း ခံခဲ့ရပါတယ်။ ၁၉၇၇ ဇူလိုင်လ(၂၀)ရက်နေ့မှာ ဗိုလ်ကြီး(၁၁)ဦး၊ ဗိုလ်မှူး(၃)ဦးနဲ့ တိုင်းမှူးတစ်ဦး အပါအ၀င် ဗိုလ်ချုပ်ကြီး တင်ဦးတို့ကို ခုံရုံးတင်ခဲ့ပြီး ဗိုလ်ကြီးအုံးကျော်မြင့်ကိုတော့ သေဒဏ်အမိန့် ပေးခဲ့ပါတယ်။ စစ်အာဏာရှင်ခေတ်မှာ သေဒဏ်ပေးခဲ့တဲ့ အရပ်သားများနဲ့ လောစစ်ဟန် အပါအ၀င် မြောက်ကိုးရီးယားက ကွန်မန်ဒို ဗုံးခွဲခဲ့သူများကို မသတ်ဘဲ ဆိုင်းငံထားပြီး ဗိုလ်ကြီးအုံးကျော်မြင့်ကိုတော့ မသေမချင်း ရက်ရက်စက်စက် ကြိုးပေး ကွပ်မျက်ခဲ့လို့ သားသုံးသားမှာ စစ်သားကို စစ်အာဏာရှင်တွေက အထူး ကြောက်ရွံ့ပြီး အငြိုးကြီးစွာ နှိပ်ကွပ် ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် စစ်အာဏာရှင်တွေဟာ ဒီကိစ္စနဲ့ပတ်သက်ပြီး စိုးရိမ်ထိတ်လန့် စွာနဲ့ စစ်သည်အရာရှိတွေ အုံကြွမှု မဖြစ်ပွားစေဖို့ အပူတပြင်း လုပ်ဆောင်ခဲ့ရပါတယ်။ တိုင်း၊ တပ်မ၊ တပ်ရင်း၊ တပ်ဖွဲ့တွေကို ကိုယ်စားလှယ်စေလွှတ် ရှင်းလင်းခြင်း၊ အသံသွင်းပြီး ရှင်းလင်းခြင်း စသဖြင့် ပြုလုပ်ခဲ့ပါတယ်။ တချို့ စစ်သည်တွေဟာ သူတို့ ချစ်ခင်လေးစားတဲ့ ဗိုလ်ချုပ်ကြီးတင်ဦး ပြုတ်သွားလို့ ယူကြုံးမရ ဖြစ်ကာ ငိုယိုနေ လို့ ဂယက်ရိုက်မှုကြီးစွာ ဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း မဆလ ဗဟိုကော်မတီဝင် (၄၀)ဦး၊ ပါတီဝင်(၅၀၀၀၀) ခန့်ကို ပါတီသန့်စင်ရေး ဆိုပြီး ဖြုတ်၊ ထုတ်၊ ချ လုပ်ခဲ့ရပါတယ်။ ယနေ့ထိပ်ပိုင်း စစ်အာဏာရှင်မှာ န၀တ ခေတ်က တက်လာသူ နှစ်ဦးသာကျန်တော့လို့ "ဘယ်သူခွဲခွဲ ဒို့မခွဲ၊ အမြဲစည်းလုံးမယ်" ဆောင်ပုဒ်အစား "ဘယ်သူ့ ဘယ်သူမှ တပ်ကိုမခွဲ၊ ဒို့အချင်းချင်းဘဲ ခွဲနေမယ်" ဆိုတာ သက်သေပြနေပါတယ်။ "ဘေးပြောတာကိုမယုံနဲ့၊ သွေးပြောတာကိုယုံ "ဆောင်ပုဒ် ဟာလည်း ပြောင်းပြန်ဖြစ်နေကာ "ဘေးကမိန်းမတွေ ပြောတာကိုယုံပြီး၊ သွေးဖြစ်တဲ့ ရဲဘော်၊ ရဲဘက်တွေက ပြုပြင်ပြောင်းလဲရေး၊ အချင်းချင်းသင့်မြတ်ရေး ပြောနေတာကိုတော့ မယုံဘူး" ဖြစ်နေပါတယ်။ "အမျိုးသား ပြန်လည် သင့်မြတ်ရေး" အစား "အမျိုးသား ပြန်လည် သတ်ဖြတ်ရေး"ကို လုပ်ဆောင် နေပါ တယ်။ စစ်တပ်ရဲ့ လုပ်ထုံးလုပ်နည်းအရ ကြိုးနီစနစ်နဲ့ ထိန်းချုပ်ထားတဲ့ အပြင် ဆက်သွယ်ရေး ကွန်ယက် ကန့်သတ်ချက်များနဲ့ တင်းကျပ်လှတဲ့ စစ်စည်းကမ်းတွေကြားထဲက ကိုယ်ရေးအရာရှိ(PA)ရဲ့ စည်းစိမ်ဥစ္စာများ စွန့်လွှတ်ကာ အသက်ကိုပဓာနမထားဘဲ အာဏာရှင်ကို တော်လှန်ရဲတဲ့ ဗိုလ်ကြီးအုံးကျော်မြင့်ရဲ့ သတ္တိကို မချီးကျုးပဲမနေနိုင်ပါဘူး။ ဒီအကြောင်းလေးတင်ပြရတာကတော့ ဗိုလ်ကြီးအုန်းကျော်မြင့်အကြောင်းလေး တင်ပေးတဲ့အခါ ဦးတင်ဦးကတောင်ဘယ်လိုအုန်းကျော်မြင့် အပေါ်သဘောထားသလည်းဆိုတာကို မန့်မှာတွေ့ရတဲ့အတွက်ကြောင့် ဖိုးတရုပ်ရဲ့တင်ပြထားမှုလေးကိုတင်ပေး လိုက်ရခြင်းဖြစ်ပါတယ် ပြည်သူ့တပ်မတော်သား အစစ်အမှန်များ - ***************************** စစ်အာဏာရှင်တွေရဲ့မှားယွင်းမှုကို အနီးကပ် သိရှိပြီးတော့ တပ်မတော် အတွင်း ပြုပြင်ပြောင်းလဲရေး အတွက် ဖန်တီးခွင့် ရှိသူတွေဟာ လုပ်ပိုင်ခွင့် အများဆုံးရရှိထားတဲ့ ကိုယ်ရေး အရာရှိတွေနဲ့ ထောက်လမ်းရေး တပ်ဖွဲ့တွေသာ ဖြစ်ကြပါတယ်။ ဒါကြောင့် သူတို့ဟာ စစ်အာဏာရှင်တွေ ကို ကိုင်လှုပ်ခဲ့သူတွေ အဖြစ် ပေါ်ထွက်ခဲ့ပါတယ်။ ၁၉၇၇ခုနှစ် ကတည်းက ဆိုရှယ်လစ် စနစ်နဲ့ စစ်အာဏာရှင် တွေကို ဆန်ကျင်ခဲ့သူကတော့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး သူရကျော်ထင်ရဲ့ ကိုယ်ရေးအရာရှိ ဗိုလ်ကြီးအုံးကျော်မြင့် ဖြစ်ပါတယ်။ သူဟာ O.T.S (29) သင်တန်း ဆင်း၊ အကောင်းဆုံး ဗိုလ်လောင်းဆု ရရှိခဲ့သူဖြစ်ပြီး ပျော်ဘွယ်နဲ့ ရမည်းသင်းအကြား ယင်းတော်ရွာ ဇာတိဖြစ်ပါတယ်။ ငယ်စဉ်ကပင် ထူးချွန်ထက်မြက်သူ အဖြစ် ကျော်ကြားပြီး စစ် ရုံးမှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရဲ့ မိန့်ခွန်းတွေ ရေးသားတာကအစ ဗိုလ်ကြီး အုံးကျော်မြင့် ရေးသားတယ် ဆိုရင် လူကြီးတွေက ပြင်ဆင်မှုမရှိဘဲအတည်ပြု ပေးကြတဲ့ အထိ ထက်မြက်လှပါတယ်။ ဗိုလ်ကြီး အုံးကျော်မြင့်ဟာ ၁၉၇၄-၇၅-၇၆ ခုနှစ်တွေက ဖြစ်ခဲ့တဲ့ အလုပ်သမား၊ ကျောင်းသားလူထု အုံကြွမှု အရေးအခင်းကြီးတွေမှာ သွေးထွက် သံယို ဖြစ်တဲ့အထိ မဆလ အာဏာရှင်များက ကိုင်တွယ် ဖြေရှင်း တာကို ဘ၀င်မကျခဲ့ကြောင်းနဲ့ ဆဲဗင်းဂျူလိုင်မှာ ပါဝင်ခဲ့တဲ့ သူ့ သူငယ်ချင်းတွေ အပေါ် တမ်းတ သတိရလျက် ရှိကြောင်း ကြားသိခဲ့ ပါတယ်။ ဗိုလ်ကြီးအုံးကျော်မြင့်တို့ရဲ့ အပတ်စဉ် (၂၉) ကျောင်းဆင်း အရာရှိတွေကို ဦးနေ၀င်းက သတိထား စောင့်ကြည့် ခဲ့ကြောင်းလည်း သိရှိရပါတယ်။ ဗိုလ်ကြီးအုံးကျော်မြင့်ဟာ ထိုင်းနိုင်ငံကို ရောက်ရှိခဲ့စဉ် တိုးတက်စ ပြုနေတဲ့ ထိုင်းနိုင်ငံရဲ့ အခြေအနေ၊ စိမ်းလန်းစိုပြေနေတဲ့ စပါးခင်းတွေကို ကြည့်ပြီး မြန်မာနိုင်ငံရဲ့ စီးပွားရေး ကျဆင်းနေမှုနဲ့ တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ စနစ်ကိုသဘောကျ နှစ်ခြိုက်မှု မရှိခဲ့ကြောင်း သိရပါတယ်။ သူလေးစားတဲ့ ပုဂ္ဂိုလ်တွေထဲက ဗိုလ်ချုပ်ကြီး သူရတင်ဦး (ယခု NLD ဒုဥက္ကဋ္ဌ) ဖြုတ်ချ ခံခဲ့ရတာနဲ့ ပတ်သက်လို တရားမျှတမှု မရှိတာကိုလည်း သုံးသပ်လာပါတယ်။ ဒီနေရာမှာ ဗိုလ်ချုပ်ကြီး သူရတင်ဦးနဲ့ ပတ်သက်ပြီး တင်ပြရမယ်ဆိုရင် သူဟာ စစ်သည်တွေကို အဆင့်အတန်း မခွဲခြားဘဲ ခြင်းခတ်အတူတူ၊ ထမင်းလက်ဆုံ စားခဲ့သူ ဖြစ်ပါတယ်။ စစ်သည်တွေ ရိက္ခာ မလောက်လို့ တင်ပြလာတာကို ရှေ့တန်းထွက် စစ်သည်တွေရဲ့ တိုက်ခိုက်ရေး ရိက္ခာထုတ်နဲ့ ရိက္ခာ နှစ်ဆရအောင် စီစဉ် ပေးခဲ့လို့ စစ်သည်တွေရဲ့ လေးစားချစ်ခင်မှုကို ရရှိခဲ့သူဖြစ်ပါတယ်။ ဒါကို ထောက်လှမ်းရေးမှုးချုပ် ဗိုလ်မှူးချုပ် မျက်မှန်တင်ဦးက အုပ်စုဖွဲ့ လေဟန် ဦးနေ၀င်းထံ တင်ပြခဲ့လို့ ဦးနေ၀င်းက စတင်သံသယ ၀င်ခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီး စန်းယုကလည်း ဗိုလ်ချုပ်ကြီး တင်ဦးဟာ တပ်ရဲ့ သက်သာ ချောင်ချိရေး ခေါင်းစဉ်နဲ့ ဦးစားပေး လုပ်နေတာ ကြောင့် နိုင်ငံ့ ဘဏ္ဍာငွေ ပိုမို ကုန်ကျနေပါတယ်လို့ ဦးနေ၀င်းထံ သွေးထိုးပြောဆိုခဲ့ပါတယ်။ အဲဒီနောက် ဗိုလ်ချုပ်ကြီးတင်ဦးရဲ့ သား နိုင်ငံခြားမှာ ဆေးသွားကုတဲ့ ကိစ္စနဲ့ အိမ်ဆောက်ရန် လိုအပ်တဲ့ ဆောက်လုပ် ရေး ပစ္စည်းတွေ နိုင်ငံခြားက တင်သွင်းတဲ့ ကိစ္စတွေကို အကြောင်းရှာ ပြီးတော့ ဗိုလ်ချုပ်ကြီးတင်ဦးကို အရေးယူ ဖြုတ်ပစ်ခဲ့ပါတယ်။ ဒါတွေကို သိရှိနားလည်တဲ့ ဗိုလ်ကြီးအုံးကျော်မြင့်ဟာ ဗိုလ်ချုပ်ကြီးတင်ဦးကို ခေါင်းဆောင် ပြန်တင်ကာ တပ်မတော်အတွင်း ပြုပြင် ပြောင်းလဲရေးလုပ်ရန် ရည်ရွယ်ပြီး အာဏာသိမ်းဖို့ ကြံစည်ခဲ့ပါတယ်။ ဗိုလ်ကြီးအုံးကျော်မြင့်ဟာ သူတစ်ပါးနိုင်ငံ တိုးတက်နေတာကို ကြည့်ပြီး မဆလ စနစ်နဲ့ အာဏာရှင် စစ်ခေါင်းဆောင်တွေကို ဖြုတ်ချဖို့ စဉ်းစားဆုံးဖြတ်ပြီးတော့ ကာကွယ်ရေး ၀န်ကြီးဌာန စခန်းမှုး ဗိုလ်မှူးစိန်မြင့်၊ ဗိုလ်ကြီးသိန်းဝင်းနဲ့ ကိုယ်ရေးအရာရှိတချို့၊ ခလရ (၁၆) မှ ဗိုလ်မှူးမောင်လတ်၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးကြီးလှဖေတို့ ကို တိုင်ပင်ညှိနှိုင်း ခဲ့ပါတယ်။ လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်စောဖြူ ကိုလည်း တိုင်ပင် ညှိနှိုင်းရန် ကြိုးစားပြီး ဗုံးကြဲ လေယာဉ် တောင်းခံမှု လုပ်ထုံးလုပ်နည်းကို မေးမြန်းခဲ့ပါတယ်။ သံချပ်ကာနဲ့ တင့်ကားတပ်မှူး ကိုလည်း တီးခေါက်ဆွေးနွေး မေးမြန်းပြီး ဆက်တိုက် လှုပ်ရှားခဲ့ပါတယ်။ တခါတရံ ကားပေါ်မှာ ဆွေးနွေးခြင်း၊ မထင်မှတ်တဲ့နေရာမှာ ချိန်းဆိုခြင်းတို့ကို ပြုလုပ်ခဲ့ပါတယ်။ အာဏာသိမ်းဖို့ ကြံစည်တဲ့ အစီအစဉ်ကို တချို့ ဆွေးနွေးနေတဲ့ အရာရှိကြီးများကို မပြောဘဲ လိမ်မာပါးနပ်စွာ လျှို့ဝှက်ထားပြီး သူ့ဆရာ ကာကွယ်ရေးဦးစီးချုပ်က မေးခိုင်းသလို ပုံစံမျိုးနဲ့ ဆောင်ရွက်ခဲ့ ပါတယ်။ ယုံကြည်စိတ်ချရမယ် ထင်တဲ့အရာရှိတွေကို အရိပ်အမြွက် ပြောဆိုခဲ့ပြီး ဗိုလ်ချုပ်ကြီးတင်ဦးထံ သွားရောက်တွေ့ဆုံ ခဲ့ပါတယ်။ အဲဒီလျှို့ဝှက် စစ်ဆင်ရေးရဲ့ သင်္ကေတကို "ငရုတ်သီး" လို့ သတ်မှတ်ခဲ့ပါတယ်။ မဟာဗျူဟာ အစီအစဉ်အနေနဲ့ လေဆိပ်နဲ့ အသံလွှင့်ဌာနကို ထိန်းချုပ် ထားပြီး ညစာစားပွဲမှာဖြစ်စေ၊ ပါတီညီလာခံမှာဖြစ်စေ ၀င်ရောက် စီးနင်းဖို့ စနစ်တကျ အစီအစဉ် ရေးဆွဲထားပါတယ်။ ဗိုလ်ကြီးအုံးကျော်မြင့်ဟာ သူ့ရဲ့ဆရာ ကာကွယ်ရေး ဦးစီးချုပ်ရဲ့ အရှိန် အ၀ါကြောင့် လည်းကောင်း၊ သူကိုယ်တိုင် ထူးချွန် ထက်မြက်တာ ကြောင့် လည်းကောင်း၊ (ကကကြည်း) ရုံးတံဆိပ်ကြောင့် လည်းကောင်း၊ လက်အောက်ခံ ကြည်းတပ်တွေ ကြောက်ရွံ့ပြီး အလွယ်တကူ လိုက်နာ လှုပ်ရှားကြမယ်လို့ ငရုတ်သီး စစ်ဆင်ရေးမှာ ပါဝင်တဲ့ အရာရှိကြီးငယ် တွေ အနေနဲ့ ယုံကြည်မျှော်လင့် ထားခဲ့ပါတယ်။ ဒါပေမယ့် လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်စောဖြူဟာ သံသယ၀င်ခဲ့ပြီး တိုးတိုးတိတ်တိတ် မေးမြန်းစုံစမ်းရာမှ အသံဗလံ အစအန ထွက်လာခဲ့ပါတယ်။ အဲဒီနောက် ညစာစားပွဲ တစ်ခုမှာ ဗိုလ်ကြီးအုံးကျော်မြင့်ရဲ့ သကာင်္မကင်းဖွယ်ရာ လှုပ်ရှားမှုကို ထောက်လှမ်းရေးတပ်ဖွဲ့က ခြေရာခံ လိုက်မိနေပါတယ်။ တဖန်ကြည်းတပ် တပ်မှူးတစ်ချို့ ဖြစ်တဲ့ ဗိုလ်မှူးမောင်လတ်နဲ့ သံချပ်ကာ တပ်မှူးတို့ဟာ အစီအစဉ် အကောင်အထည်ဖော်ရာမှာ ရှောင်ရှားကြောက်ရွံ့လို့ ဟန်ချက်လွဲသွားခဲ့ပါတယ်။ ပိုပြီးဆိုးတာက ဗိုလ်ကြီး အုံးကျော်မြင့်ဟာ ဗိုလ်မှူးကြီး သန်းတင်ကို သွားရောက် တိုင်ပင်ခဲ့ရာမှာ အမှားကြီး မှားခဲ့ပါတယ် ဗိုလ်မှူးကြီး သန်းတင်က မလုပ်သင့်ကြောင်း ပြောရာမှ သူကလက်မခံဘဲ တိုင်ကြားနိုင်သည် ကို ရိပ်မိ သိရှိပြီး ဗိုလ်ကြီး အုံးကျော်မြင့်လည်း အမေရိကန်သံရုံးမှာ ၁၉၇၇ ခုနှစ် ဇူလိုင်လ(၂)ရက်နေ့ ညနေ အချိန်က နိုင်ငံရေးခိုလှုံခွင့် ၀င်ရောက် တောင်းခံခဲ့ပါတယ်။ သံရုံးအနေနဲ့ ဥပဒေအရ လုပ်ပေးလို့ မရကြောင်း အကြောင်းပြန်လိုက်လို့ သံရုံးက ပြန်ထွက်လာစဉ် ထောက်လှမ်း ရေး တပ်ဖွဲ့ရဲ့ ဖမ်းဆီးခြင်း ခံခဲ့ရပါတယ်။ ၁၉၇၇ ဇူလိုင်လ(၂၀)ရက်နေ့မှာ ဗိုလ်ကြီး(၁၁)ဦး၊ ဗိုလ်မှူး(၃)ဦးနဲ့ တိုင်းမှူးတစ်ဦး အပါအ၀င် ဗိုလ်ချုပ်ကြီး တင်ဦးတို့ကို ခုံရုံးတင်ခဲ့ပြီး ဗိုလ်ကြီးအုံးကျော်မြင့်ကိုတော့ သေဒဏ်အမိန့် ပေးခဲ့ပါတယ်။ စစ်အာဏာရှင်ခေတ်မှာ သေဒဏ်ပေးခဲ့တဲ့ အရပ်သားများနဲ့ လောစစ်ဟန် အပါအ၀င် မြောက်ကိုးရီးယားက ကွန်မန်ဒို ဗုံးခွဲခဲ့သူများကို မသတ်ဘဲ ဆိုင်းငံထားပြီး ဗိုလ်ကြီးအုံးကျော်မြင့်ကိုတော့ မသေမချင်း ရက်ရက်စက်စက် ကြိုးပေး ကွပ်မျက်ခဲ့လို့ သားသုံးသားမှာ စစ်သားကို စစ်အာဏာရှင်တွေက အထူး ကြောက်ရွံ့ပြီး အငြိုးကြီးစွာ နှိပ်ကွပ် ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် စစ်အာဏာရှင်တွေဟာ ဒီကိစ္စနဲ့ပတ်သက်ပြီး စိုးရိမ်ထိတ်လန့် စွာနဲ့ စစ်သည်အရာရှိတွေ အုံကြွမှု မဖြစ်ပွားစေဖို့ အပူတပြင်း လုပ်ဆောင်ခဲ့ရပါတယ်။ တိုင်း၊ တပ်မ၊ တပ်ရင်း၊ တပ်ဖွဲ့တွေကို ကိုယ်စားလှယ်စေလွှတ် ရှင်းလင်းခြင်း၊ အသံသွင်းပြီး ရှင်းလင်းခြင်း စသဖြင့် ပြုလုပ်ခဲ့ပါတယ်။ တချို့ စစ်သည်တွေဟာ သူတို့ ချစ်ခင်လေးစားတဲ့ ဗိုလ်ချုပ်ကြီးတင်ဦး ပြုတ်သွားလို့ ယူကြုံးမရ ဖြစ်ကာ ငိုယိုနေ လို့ ဂယက်ရိုက်မှုကြီးစွာ ဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း မဆလ ဗဟိုကော်မတီဝင် (၄၀)ဦး၊ ပါတီဝင်(၅၀၀၀၀) ခန့်ကို ပါတီသန့်စင်ရေး ဆိုပြီး ဖြုတ်၊ ထုတ်၊ ချ လုပ်ခဲ့ရပါတယ်။ ယနေ့ထိပ်ပိုင်း စစ်အာဏာရှင်မှာ န၀တ ခေတ်က တက်လာသူ နှစ်ဦးသာကျန်တော့လို့ "ဘယ်သူခွဲခွဲ ဒို့မခွဲ၊ အမြဲစည်းလုံးမယ်" ဆောင်ပုဒ်အစား "ဘယ်သူ့ ဘယ်သူမှ တပ်ကိုမခွဲ၊ ဒို့အချင်းချင်းဘဲ ခွဲနေမယ်" ဆိုတာ သက်သေပြနေပါတယ်။ "ဘေးပြောတာကိုမယုံနဲ့၊ သွေးပြောတာကိုယုံ "ဆောင်ပုဒ် ဟာလည်း ပြောင်းပြန်ဖြစ်နေကာ "ဘေးကမိန်းမတွေ ပြောတာကိုယုံပြီး၊ သွေးဖြစ်တဲ့ ရဲဘော်၊ ရဲဘက်တွေက ပြုပြင်ပြောင်းလဲရေး၊ အချင်းချင်းသင့်မြတ်ရေး ပြောနေတာကိုတော့ မယုံဘူး" ဖြစ်နေပါတယ်။ "အမျိုးသား ပြန်လည် သင့်မြတ်ရေး" အစား "အမျိုးသား ပြန်လည် သတ်ဖြတ်ရေး"ကို လုပ်ဆောင် နေပါ တယ်။ စစ်တပ်ရဲ့ လုပ်ထုံးလုပ်နည်းအရ ကြိုးနီစနစ်နဲ့ ထိန်းချုပ်ထားတဲ့ အပြင် ဆက်သွယ်ရေး ကွန်ယက် ကန့်သတ်ချက်များနဲ့ တင်းကျပ်လှတဲ့ စစ်စည်းကမ်းတွေကြားထဲက ကိုယ်ရေးအရာရှိ(PA)ရဲ့ စည်းစိမ်ဥစ္စာများ စွန့်လွှတ်ကာ အသက်ကိုပဓာနမထားဘဲ အာဏာရှင်ကို တော်လှန်ရဲတဲ့ ဗိုလ်ကြီးအုံးကျော်မြင့်ရဲ့ သတ္တိကို မချီးကျုးပဲမနေနိုင်ပါဘူး။ ဒီအကြောင်းလေးတင်ပြရတာကတော့ ဗိုလ်ကြီးအုန်းကျော်မြင့်အကြောင်းလေး တင်ပေးတဲ့အခါ ဦးတင်ဦးကတောင်ဘယ်လိုအုန်းကျော်မြင့် အပေါ်သဘောထားသလည်းဆိုတာကို မန့်မှာတွေ့ရတဲ့အတွက်ကြောင့် ဖိုးတရုပ်ရဲ့တင်ပြထားမှုလေးကိုတင်ပေး လိုက်ရခြင်းဖြစ်ပါတယ်

No comments: