Tuesday, July 14, 2015

KIA ရဲ့ တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူတစ်ဦးသေဆုံး"

" KIA ရဲ့ တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူတစ်ဦးသေဆုံး" ကေအိုင်အေ လက်နက်ကိုင်အဖွဲ့ဟာ ဖားကန့် ကာမိုင်းလမ်းတစ်လျောက် တိုက်ခိုက်မှုတွေ ဆက်တိုက်ဆိုသလို ပြုလုပ်လျက်ရှိရာ ဇူလိုင်လ ၁၀ ရက်နေ့ကလည်း တစ်နေ့တည်း ၂ကြိမ် တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ကြောင်း သိရှိခဲ့ရသည်။ ဇူလိုင်လ ၁၀ရက်နေ့ နေ့လည် ၁ နာရီအချိန်ခန့်တွင် ဖားကန့် ကာမိုင်းလမ်း အတိုင်း အချုပ်သားပို့ဆောင်သော ကား ၂စီး အပါဝင် တာဝန်ချိန်းပြီးပြန်လာသော ရဲယာဉ်တန်းကို တံတားညီနောင်ရွာအနီး KIA အဖွဲ့ကပစ်ခတ်တိုက်ခိုက်ရာ အငှားယာဉ်မောင်းအရပ်သားပြည်သူတစ်ဦး သေဆုံးပြီး ရဲတပ်ဖွဲ့ဝင် ၂ ဦးဒဏ်ရာ ရရှိခဲ့ကြောင်းသိရှိရပါသည် ။ အဆိုပါယာဉ်တန်းသည် ပျက်စီးသွားသော ယာဉ် ၂စီးကို တံတားညီနောင်ရွာအနီးထားခဲ့ပြီး ဆက်လက်ထွက်ခွာလာရာ မွန်းလွဲ ၃ နာရီခန့် လွယ်ဆိုင်ရွားအနီး အရောက်တွင် ကြိုတင်စောင့်နေသော KIA အဖွဲ့က ထပ်မံတိုက်ခိုက်ပြန်ရာ ရဲတပ်ဖွဲ့ဝင် ၅ ဦး နောက်ထပ်ဒဏ်ရာ ရရှိခဲ့ကြောင်းသိရှိရသည်။ KIA ရဲ့ အဖွဲ့ငယ် တစ်ခုတည်းက မိမိသဘောအလျောက် တိုက်ခိုက်သည့် ပုံစံမျိုးမဟုတ်ဘဲ လမ်းတစ်လျောက်လုံး အဖွဲ့များစွာလှုပ်ရှားကာ တိုက်ခိုက်နေမှုကြောင့် စုံစမ်းစေခဲ့ရာ KIA ဗဟိုက တိုက်ရိုက်ထိန်းချုပ် တိုက်ခိုက်နေကြောင်းကိုလည်း ဒေသခံများအဆိုအရ သိရှိခဲ့ရသည်။ ယခုလို ငြိမ်းချမ်းရေးဆွေးနွေးနေချိန်ကာလတွင် အခွင့်ကောင်းယူကာ ဤကဲ့သို့ အရပ်ဖက် အစိုးရအဖွဲ့အစည်း ကို ပစ်မှတ်ထား တိုက်ခိုက်နေခြင်းမှာ KIA အဖွဲ့၏ ငြိမ်းချမ်းရေးလိုလားမှုအပေါ်မေးခွန်းထုတ်စရာပင်ဖြစ်သည်။ အဆိုပါယာဉ်တန်းသည် ဖားကန့်တွင်ထောင်မရှိသောကြောင့် မြစ်ကြီးနားထောင်သို့ အပြစ်ကျများအား ပို့ဆောင်သော ယာဉ်တန်းဖြစ်ကြောင်းသိရသည်။ မှတ်ချက်- ပုံများကို ကြောက်တတ်သူများ၊ အသဲငယ်တတ်သူများ မကြည့်ပါနှင့် (KIA ၀ါဒဖြန့်သူများမှ ယူသုံးပြီး မဟုတ်မမှန် လုပ်ကြံဇာတ်တွေနဲ့ ၀ါဒမဖြန့်နိုင်စေရန် အတွက် ပုံများတွင် နာမည်ရေးထားပါသည်)

No comments: