Wednesday, February 26, 2014

ရိပ်သာဝင်ရောက်ပြီးသူ တော်တော်များများက သောတာပန်၊ သကဒါဂါမ် ဟု အလွန်ကို ပြောဆိုကြပါသည် ဘုရား။ ••••••••••••••••••••••••••••••••• (မေး) - ရိပ်သာဝင်ရောက်ပြီးသူ တော်တော်များများက “သောတာပန်၊ သကဒါဂါမ်”ဟု အလွန်ကို ပြောဆိုကြပါသည် ဘုရား။ အရိယပုဂ္ဂိုလ်ဟု မည်သို့သိနိုင်ပါသနည်း ဘုရား။ (ဖြေ) - အဲဒါနဲ့ပတ်သက်ပြီးတော့ တရားဓမ္မ အဆင့်အတန်းဆိုတာ ကိုယ့်ဟာကိုယ် မလိမ်မညာလို့ရှိရင် သိပါတယ်။ အရေးကြီးတာက သူများကို လိမ်တာထက် ကိုယ့်ဟာကိုယ် လိမ်တာက လူတွေက ပိုများတယ်။ အထင်ရောက်တာပေါ့။ ကိုယ့်ကိုယ်ကိုထင်တာ။ www.facebook.com/youngbuddhistassociation.mm ကိုယ့်မှာမရှိဘဲနဲ့ ရှိတယ်ထင်တာ။ မဟုတ်ဘဲနဲ့ ဟုတ်တယ်ထင်နေတာ။ အဲတော့ သူများပုဂ္ဂိုလ်တစ်ယောက်ကို အရိယာဖြစ်ပြီလား၊ မဖြစ်ဘူးလားဆိုတာသိဖို့ အလွန်ခက်ပါတယ်။ မှတ်တမ်းတစ်ခုရှိတယ်။ တောထွက်ဦးပဉ္စင်းကြီးတစ်ပါးနဲ့ ရှေ့က သူ့ရဲ့ဆရာဘုန်းကြီး (ရဟန္တာကြီး) တစ်ပါးတို့ ဆွမ်းခံသွားရင်း မေးတယ်။ “အရှင်ဘုရား ရဟန္တာပုဂ္ဂိုလ်ဆိုတာ ဘယ်လိုဟာတုံး” “ငါ့ရှင်၊ ရဟန္တာပုဂ္ဂိုလ်ဆိုတာ သူ့နောက်က သပိတ်ထမ်းပြီးတော့ လိုက်နေပေမယ့် ဒီပုဂ္ဂိုလ်ဟာ ရဟန္တာပါလားလို့တောင်မှ သိဖို့ရာခက်တယ်” တဲ့။ အဲဒီလောက်ထိအောင် သိဖို့ခက်ပါတယ်လို့ပြောတာ။ ဟိုကိုယ်တော်ကြီးက ဒါကို သဘာမပေါက်သေးဘူး။ ရဟန္တာနဲ့ အတူတူနေပေမယ့်လို့ ရဟန္တာလို့ သိချင်မှသိတယ်။ www.facebook.com/youngbuddhistassociation.mm အဲတော့ ကိုယ့်ကိုယ်ကို အကဲခတ်လို့တော့ ရပါတယ်။ ငါ့မှာ လောဘတွေ နည်းသွားသလား။ လောဘက ဖြစ်စရာမရှိလျှင်လည်း မဖြစ်ဘူး။ ဆိုပါစို့။ ♦ကိုယ့်ရဲ့ပတ်ဝန်းကျင်က ကောင်းနေလို့ စိတ်မဆိုးတဲ့ပုဂ္ဂိုလ်ကို သဘောကောင်းတယ်လို့ သတ်မှတ်လို့မရဘူး။ သူက အများကောင်းလို့ သူကောင်းနေတာလေ။ မကောင်းတဲ့ကြားထဲမှာလည်း ကောင်းအောင် နေတတ်မှ။ သူများတော်လို့ ကိုယ်ကောင်းတဲ့ “သူတော်ကောင်း”က များတယ်နော်။ ဆိုးလာပြီးဆိုလျှင် သည်းမခံနိုင်တော့ဘူး။ အစွယ်တွေ ထွက်လာတာ။ ဘယ်လိုလောကဓံနဲ့ကြုံကြုံ စိတ်ကတုန်လှုပ်မှု မရှိတော့ဘူးဆိုလျှင် ကိုယ့်ကိုယ်ကို အရည်အချင်း သတ်မှတ်ကြည့်လို့ရတယ်။ www.facebook.com/youngbuddhistassociation.mm အဲဒီလိုကြည့်မှ ငါဟာ သောတာပန်အဆင့်လား၊ သကဒါဂါမ်အဆင့်လားလို့ ကိုယ့်ဘာသာတော့သိနိုင်ပါတယ်။ သို့သော် မြတ်စွာဘုရားက “စံကလေး”တွေ ပေးထားတာရှိပါတယ်။ ဓမ္မကြေးမုံဆိုတဲ့အထဲမှာ။ ဓမ္မဒါသထဲမှာ မြတ်စွာဘုရားက ကိုယ့်ကိုယ်ကို သောတာပန်လို့ပြောနိုင်ပါတယ်တဲ့။ ဘာတုန်းဆိုလျှင် ♦“ဗုဒ္ဓေ အဝေစ္စ ပဿဒ” ဘုရားပေါ်မှာ နှစ်နှစ်ကာကာ ကြည်ညိုတယ်။ ရုပ်ပုံကို ကြည်ညိုတာမျိုးမဟုတ်ဘူး။ ဒီရုပ်တုကိုကိုးကွယ်လျှင် လာဘ်ရတယ်ဆိုလို့ ကိုးကွယ်တာမျိုး မဟုတ်ဘူး။ နေ့နံကိုက်တဲ့ဘုရား ကိုးကွယ်တာမျိုး မဟုတ်ဘူး။ ဘုရားရဲ့ ဂုဏ်တော်ကိုသိပြီးတော့ ကိုးကွယ်တာ။ “ဗုဒ္ဓေ အဝေစ္စ ပဿဒ”အလေးအနက် ထားပြီး ကြည်ညိုမြတ်နိုးတာ။ www.facebook.com/youngbuddhistassociation.mm ♦“ဓမ္မေ အဝေစ္စ ပဿဒ” တရားကို သိတယ်။ ကျင့်လည်းကျင့်တယ်။ ♦“သံဃေ အဝေစ္စ ပဿဒ”အရိယာသံဃာတွေနဲ့ ပတ်သက်ပြီး အလေးအနက် ကြည်ညိုတယ်။ ♦“သဒ္ဓါတရား” ရှိတယ်။ ♦နောက် ငါးပါးသီလကို အသက်ကဲ့သို့ မြတ်နိုးတယ်။ အသက်ကဲ့သို့ မြတ်နိုးတယ်ဆိုတာ အသက်ထက် မြတ်နိုးတယ်လို့ပြောတာ။ www.facebook.com/youngbuddhistassociation.mm အသက်ကိုတောင် စွန့်ဝံ့တယ်။ ငါးပါးသီလကို မစွန့်ဘူးလို့ ဆိုလိုတယ်။ အသက်နဲ့ လဲနိုင်တယ်ပေါ့။ အဲဒီလောက်အဆင့်ထိအောင် ဖြစ်သွားပြီဆိုလျှင် ကိုယ့်ကိုယ့်ကို declare လုပ်တော့တဲ့။ ငါသောတာပန်လို့ ပြောနိုင်တယ်လို့ ဆိုထားတာ။ အဲဒါနဲ့ စံချိန်ထိုးပါနော်။ 【ကျေးဇူးတော်ရှင်ပါမောက္ခချုပ် ဆရာတော်ဘုရားကြီး အရှင်နန္ဒမာလာဘိဝံသ(Ph.D)၏ ဓမ္မဗျူဟာသင်တန်းသားများ၏ အမေးကိုဖြေဆိုခြင်းမှ-】 Dhamma Danã Source ► www.facebook.com/youngbuddhistassociation.mm

No comments: