Saturday, February 22, 2014

ကျွန်မတို့မိသားစု မတရားပြုလုပ်ခံရပြီး နစ်နာဆုံးရုံးမှုများကို ကူညီစောင့်ရှောက်ပေးပါရန် အားကိုးလေးစားစွာဖြင့် မိသားစုအားလုံးကိုယ်စား ကျွန်မ မသန်းသန်းဦး ၁၂/ပဇတ(နိင်)၀၁၇၄၄၇ မှ အသနားခံ တင်ပြပါသည်။ ကျွန်မတို့ မိသားစုသည် အမှတ်(၁၃၄)၊မဟာဗန္ဓုလလမ်း၊(၂)ရပ်ကွက်၊ပုဇွန်တောင်မြို့နယ်၊ရန်ကုန်မြို့ မြေအမည်ပေါက် NS နာဒါး နှစ်(၉၀)ဂရမ်(၂၂x၁၀၀)မြေပေါ်တွင်နေထိုင်သည်မှာ ၃၆ နှစ်ရှိပါပြီ။ယခုအခါမြန်မာ့သစ်လုပ်ငန်းမှအာဏာသုံးပြီး(၂၉x၅၂)မြေနေရာအားအတင်းဖယ်ရှားနေပါသည်။ကျမတို့မိသားစု၏နစ်နာမှုများကိုမျက်ကွယ်ပြု၍အတင်းမောင်းချနေပါသည်။၁၈၊၀၂၊၂၀၁၄ နံနက်(၃)နာရီတွင် ဖယ်ရှားရန်ပြင်ဆင်နေပါသည်။ယခုလာရောက်ဖယ်ရှားခိုင်းသော မြန်မာ့သစ်လုပ်ငန်းမှ တရားရုံး၏ဖယ်ရှားအမိန့်မပါဘဲ ဥပဒေ မဲ့ နိုတစ်စာ အားကျမကိုလာရောက်မပေးဘဲဘေးအိမ်သို့ပေးခဲ့ပြီး အချိန်လွန်မှ သိရှိခဲ့ပါသည်(ပုံနှင့်တကွဖေါ်ပြထားပါသည်)။ ပေးထားသောရက်ချိန်းမှာ (၇)ရက်သာရှိပြီး ရုံးပိတ်ရက်ခံနေပါ သဖြင့် ဌာနဆိုင်ရာသို့ စာများတင်ထားသော်လည်း အကြောင်းပြန်ခြင်း မရှိသေးဘဲ ယနေ့ ၁၈၊၂၊၂၀၁၄ နံနက်(၃)နာရီ တွင် မြန်မာ့သစ်လုပ်ငန်း မှ အုပ်ချုပ်ရေး အဖွဲ့ အစည်းများဖြင့် နေအိမ် အား ဖျက်သိမ်း ဖယ်ရှား ရန် ဦးဝင်းကျော်(ဒုတိယ အထွေထွေမန်နေဂျာ) မြန်မာ့သစ်လုပ်ငန်း မှစာပို့ထားပါသည်(ပုံနှင့်တကွဖေါ်ပြထားပါသည်)။ထိုသို့သော ဥပဒေ မြန်မာနိင်ငံတွင်ရှိပါသလား။မတရားသဖြင့် ကျူးကျော်၊အနိင်ကျင့်၊ဖျက်ဆီးရန်လာခြင်းကို ကာကွယ်ထားသော ဥပဒေ များရှိပါသလား။ ကျွန်မတို့ အနေဖြင့် ဥပဒေ အရလုပ်ဆောင်ခြင်းကို လက်ခံနိင်ပါသည်။ယခုကဲ့ သို့ ဥပဒေ မဲ့ လုပ်ဆောင်ခြင်းကို လက်မခံနိင်ပါ။ ထိုသို့ ဖယ်ရှားသည့်အတွက် ကျန်နေအိမ်တွင် ဝင်လမ်းထွက်လမ်း မရှိတော့သည်ကို လျစ်လျူရူထားပါသည်။ ယခုလာရောက်ဖယ်ရှားနေခြင်းကို တားမြစ်ပေးနိင်သော လူကြီးမင်း အထိ တင်ပြပေးပါရန် ရိုသေစွာ အကူအညီ တောင်းအပ်ပါသည်။ကျေးဇူးပြု၍ ဖြေရှင်းပေးနိင်သည့် လူကြီးမင်းအထိ Share ပေးပါရန် တောင်းပန်အပ်ပါသည်။ ဖုန်းနှင့်လည်း ဆက်သွယ်မေးမြန်းနိင်ပါသည်။ ၀၉ ၄၂၁၁၄၅၃၂၂ ============================ ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိင်ငံတော် လယ်ယာနှင့်သစ်တောဝန်ကြီးဌာန ဝန်ကြီးဌာန စာအမှတ် ၂/၂၇၀(ဃ)/(၁၁၂၇/၈၇) ရက်စွဲ၊၁၉၈၇ ခုနှစ်၊စက်တင်ဘာလ ၂၆ ရက် အကြောင်းအရာ။ ပြည်သူပိုင်သိမ်းရာတွင်ပါဝင်ခြင်းမရှိသော ပုလင်းဂိုဒေါင်အား လွဲပြောင်းပေးအပ်ရေး ကိစ္စ အထက်ပါ လယ်ယာနှင့်သစ်တောဝန်ကြီးဌာန မှထုတ်ပြန်ထားသော အမိန့်စာအရ ကျွန်မတို့နေအိမ်သည် ပြည်သူပိုင်သိမ်း စာရင်းတွင်မပါဝင်ခြင်း ကို မြန်မာ့သစ်လုပ်ငန်း မှသိရှိပြီးဖြစ်ပါသည်။ မြန်မာ့သစ်လုပ်ငန်းမှ ဤ အမိန့်စာ ကိုသိသိလျှက်နဲ့ မင်းမဲ့စရိုက်ဆန်စွာ အာဏာ သုံး၍ ကျွန်မ တို့၏ အိမ်ကို ဖြိုချခဲ့ပါတယ်။မြေပိုင်ရှင်အမည် NS နဒါး ဖြင့် နှစ် (၉၀)ဂရမ် ဖြစ်ပါတယ်။မြန်မာ့သစ်လုပ်ငန်းက မပိုင်ကြောင်း ကိုလည်း ဝန်ကြီးဌာန မှစာထုတ်ပြန်ထားပါတယ်။ကျွန်မတို့မိသားစု၏ နစ်နာမှုများကို ကူညီပေးပါရန် share ပေးပါရန် တောင်းပန်အပ်ပါတယ် ============================= msg box မှတစ်ဆင့်ပေးပို့လာပါ၍ ပြန်လည်အသိပေးဖော်ပြလိုက်ပါသည်။ ကာကွယ်ရေးဦးစီးချုပ်ရုံးမှလျှို့ဝှက်သတင်းများ added 26 photos.

No comments: