Sunday, February 23, 2014

ဂဠုန်ဦးစော၏မြေးမဟုတ်ဟု သမ္မတ၏ပြောရေးဆိုခွင့်ရ ဦးရဲထွဋ်တုံ့ပြန် ......................................................................................... [ ယုန်လေး(မြစ်မခ) ၊ ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄ ] ပုဂ္ဂိုလ်ရေးရာ ထိုးနှက်ချက်များရှိလာသည့်အတွက် မိမိမှာ ဂဠုန်ဦးစော၏မြေးမဟုတ်ဟု ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ရှင်းလင်းပြောကြားလိုက် သည်။ အင်တာနက်ပေါ်၌ ချက်အောက်ထိုးတဲ့လုပ်ရပ်တစ်ခုကြောင့် ယခု ကဲ့သို့ ပြန်လည်ဖြေရှင်းရခြင်းဖြစ်သည်ဟု ယင်းကဆိုသည်။ ''ကျွန်တော် ဦးစောရဲ့ မြေးမဟုတ်ပါ။ ဦးစောမြေးအရင်းတွေက ----- ပါတဲ့ နာမည်နဲ့ဆုံးပါတယ်။ အခုသတင်းကတော့ ကျွန်တော့်ကို ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှု၊ ချက်အောက်ကိုထိုးတဲ့ အကွက်တွေပါ။ နောက်လဲ ဒါမျိုးတွေလာ ဦးမှာပဲ''ဟု နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူဦးရဲထွဋ်က ယင်း၏ လူမှု ကွန်ရက်စာမျက်နှာမှတစ်ဆင့် အသိပေးပြောကြားလိုက်ခြင်းဖြစ်သည်။ ထိုကဲ့သို့ သတင်းများထွက်ပေါ်လာခြင်းမှာ ယခုအပတ်ထုတ် Messenger ဂျာနယ် ပါ အင်တာဗျူးကြောင့်ဟုထင်ကြောင်း၊ ယခင်အင်တာဗျူးပါဝင်ပြီး နောက် ပိုင်းအချိန်များကလည်း မဟုတ်မမှန်သတင်းများ ထွက်ပေါ်ခဲ့ ဖူးကြောင်းသိရ သည်။ ''ဦးစော မြေးအရင်းဆိုရင်လဲ ကျွန်တော်ဘာမှ ကွယ်ဝှက်စရာအ ကြောင်းမရှိပါဘူး။ ကျွန်တော့်ကိုဆုံးဖြတ်မှာက ကျွန်တော့် လုပ်ရည်ကိုင်ရည်နဲ့ ကျွန်တော့်ကိုယ်ကျင့် သိက္ခာပါပဲ။ ကျွန်တော်က အဖေ၊ အဘိုးဂုဏ်ကိုသုံးပြီး လုပ် စားတတ်တဲ့ သမိုင်းမရှိသလို မိမိအဖေ၊ အဘိုးဘယ်သူဆိုတာကို ကွယ်ဝှက်ထား လောက်အောင်လဲ သတ္တိမနည်းပါဘူး''ဟု ဦးရဲထွဋ်က ဆိုထားသည်။ သမိုင်းကို သင်ခန်းစာယူ၍ ခရီးဆက်ခြင်းကသာ မျိုးဆက်သစ်များအ တွက် ကောင်းမွန်သည့်အနာဂတ်ခရီးကို ပေးစွမ်းနိုင်မည်ဖြစ်ကြောင်း၊ ကိုယ့်လူမျိုး အချင်းချင်း အထင်အမြင်သေးအောင် မလုပ်သင့်ကြောင်းနှင့် ထိုကဲ့သို့ပြုလုပ်သူ များ၏အကြံကိုလည်း မြင်အောင်ကြည့်စေလိုကြောင်း ပြည်သူတစ်ဦးက ယခု ကဲ့သို လူမှုကွန်ရက်စာမျက်နှာ၌ မှတ်ချက်ပြုထားသည်။ ''ဦးစောဟာ လူတော်တစ်ယောက်ဆိုတာကို သိမှီဖူးတဲ့သူတိုင်း သိ ကြပါတယ်။ ကိုယ့်အချင်းချင်း အထင်အမြင်မှားအောင် လုပ်ပေးခဲ့တဲ့ နယ်ချဲ့ အင်္ဂလိပ်တို့ရဲ့အကြံကို မြင်အောင်ကြည့်စေချင်ပါတယ်။ ဥပမာအနေနဲ့ ကပ္ပတိန် ဗီဗီယန်းတို့လိုပေါ့။ ဘာပဲဖြစ်ဖြစ် ဗိုလ်ချုပ်ရဲ့ကံကြမ္မာလို့ပဲ သဘောထားပြီး ဗိုလ် ချုပ်မှာခဲ့တာတွေကို လေးလေးစားစား လိုက်လုပ်ပေးကြတာက တကယ်လက် တွေ့ကျမယ် ထင်ပါတယ်''ဟု ကိုအောင်ကျော်က မှတ်ချက်ပြု ပြောကြားထား သည်။ ဂဠုန်ဦးစော၏ မြေးများမှာ ရန်ကုန်၌ပင် သက်ရှိထင်ရှားရှိနေသေး ကြောင်းသိရသည်။ ------------------------------------- Post By Yangon Media Group -------------------------------------

No comments: