Sunday, February 23, 2014

တပ်ထွက်ကြောင်ခံတွင်းပျက်.....ဆက်ရက်တောင်ပံကျိုးများနှင့် အဖျက်ဆီးခံလိုက်ရသော လ၀က ......အပိုင်း ( ၅ ) ...အခုလည်း လ၀က ၀န်ကြီးဌာနမှာ သဘောထားပြည့်ဝပီးတော့....ကောင်းတဲ့...တော်တဲ့....အောက်လက်ငယ်သားတွေအပေါ်မှာ သနားညှာတာ...ကြင်နာ တတ်တဲ့...ကိုယ်ချင်းစာစိတ်တွေရှိတဲ့ ညွှန်မှူးတွေအတော်များများရှိပါတယ်....တစ်ချို့ကလွဲလို့ အတော်များများဟာ ချောင်ထိုးထားခြင်းကို ခံထားရပါတယ်....အနားပေးခံလိုက်ရတာရော....ပင်စင်ယူသွားတာရော....ကွယ်လွန်သွားတာရော.....ကျုပ်မှတ်မိရသလောက်ဆိုယင်ဗိုလ်မှူး အောင်အောင်....ဗိုလ်မှူးညိုရွှေ....ဗိုလ်ကြီးကျော်ကျော်...ဗိုလ်မှူးတင်အောင်....ဒုဗိုလ်မှူးကြိးသောင်းဇော်....ဗိုလ်မှူးထွန်းထွန်းစိုး.....ဗိုလ်ကြီး မောင်သြ.....အစသဖြင့်ကောင်းတဲ့ ဆရာသမားတွေ...ပြည့်ဝတဲ့ ဆရာသမားတွေ.....တပည့်တွေကိုချစ်တဲ့ဆရာသမားတွေပါ....တပည့် တွေဆီက.....ဟာတွေကို ပြန်ပီးမမျှော်ကိုးတဲ့ တကယ့် ဆရာသမားကောင်းတွေပါ....ဒီလိုမျိုး တပ်ထဲကနေပီးတော့ အရာရှိတွေထဲမှာလည်း အဆိုးနဲ့အကောင်းဒွန်တွဲပီးတော့ရှိနေသလို.....လ၀က ရဲ့ငယ်မွေးခြံပေါက်တွေထဲမှာလည်း တစ်ချို့စုန်းပြူးတွေ ရှိနေတာကိုလည်းတွေ့ရှိရပါ တယ်....လ၀က ထဲမှာ ဆိုယင် ကျားကြီး စိုင်းဖုန်းတင့် ဆိုယင်တော့ လ၀ကတွေအားလုံးက သိရှိပါတယ်.....ကျားကြီးဆိုမှတော့ အားလုံးလည်း သဘောပေါက်လိမ့်မယ်လို့ထင်ပါတယ်.....အခုအချိန်အထိ လ၀က ၀န်ထမ်းတွေအားလုံးရဲ့ ချစ်မြတ်နိုးခြင်းကိုခံရတဲ့ ၀န်ကြီးနှစ်ပါးကတော့ ဒုဗိုလ်ချုပ်ကြီးမောင်လှနဲ့ ဗိုလ်ချုပ်စိန်ထွားပဲဖြစ်ပါတယ်....လ၀က ၀န်ကြီး ဦးစောထွန်းလက်ထက်မှာ လ၀ကတွေ အထိနာခဲ့ရသလို...နောက်ဖြစ် လာတဲ့လ၀က ၀န်ကြီးဗိုလ်ချုပ်စောထွန်းလက်ထက်မှာလည်း လ၀က ဌာနကြီးဟာ တစ်ခါပျက်စီးခဲ့ရပါတယ်....သူ့လက်ထက်မှာကျတော့ ဘာမှကိုအလုပ်မလုပ်တော့ပဲ နေတော့တာ....နစက ကိုတစ်နှစ်ဆိုပီးတော့ အလှည့်ကျသွားရတာ....သူ့လက်ထက်ကျမှ နှစ်နှစ်နီးပါးလောက် ကြာခဲ့ရတယ်.....နစက ကပြန်ပီးတော့လည်း လစာလည်းမရ....အပြောင်းအရွှေ့လည်း ချမပေးပဲံ ၀န်ထမ်းတွေကို တစ်နှစ်လောက်ဒီအတိုင်းပဲ ပစ်ထားခဲ့တယ်....တစ်ချို့လူတွေ ဆိုယင် နစက ကပြန်ပီး အလုပ်တောင်ပြုတ်သွားပီလို့တောင်ထင်နေကြတာ.ကျုပ်တို့မှာလာလာမေးတဲ့လူတွေကို ပြန်ပြန်ရှင်းပြနေရတာ ဖတ်ဖတ်ကိုမောရော....တောကဦးကြီးတစ်ယောက်က ဒီလိုမျိုးလည်းရှင်းပြပီးရော....ခင်ဗျားတို့အလုပ်ပြုတ်နေကြတာကိုး လို့ ပြန်ပြောသွားတော့ ကျုပ်မှာ ငိုရအခက်..ရယ်ရအခက်နဲ့.....တစ်ချို့ ၀န်ထမ်းကိုပဲမှီခိုနေရတဲ့ မိသားစုတွေ ဆိုယင်တော်တော်လေး ကို ကသီလင်တတွေ ဖြစ်သွားခဲ့ရတယ်.....ထင်မယ်ဆိုယင်လည်း ထင်စရာပဲလေ....တစ်လ လည်းရုံးမတက် ရ.....နှစ်လလည်းရု့းမတက်ရ.....သုံးလေးလလည်းမဟုတ်ဆိုတော့.....ပတ်ဝန်းကျင်ကလည်း သံသယတွေနဲ့ပဲကြည့်ကြ...ဒါပေမဲ့သူ့လက် ထက်မှာလည်း ကောင်းစားတဲ့သူတွေ ကောင်းစားသွားကြပါတယ်.....အလှည့်ကျလွှတ်နေခဲ့တဲ့ နကသ တွေကိုလည်း မချိန်းပဲနဲ့ဒီအတိုင်းထား တော့ သူတို့တွေကတော့ ရွှေတွေပေါ့ဗျာ..အယင်တုန်းက ဆိုယင် နစကတစ်နှစ်သွားပီးလို့ပြန်လာလို့ရှိယင် ကိုယ်လိုချင်တဲ့ နေရာ(၅)နေရာ ကို ပြောင်းရွှေ့ခွင့်တင်ခိုင်းပါတယ်....ပီးတော့ အဲဒီ ( ၅ ) နေရာထဲက တစ်နေရာ ကို ပို့ပေးပါတယ်...အယင်တုန်းကတော့ မူတွေကမှန်ပါတယ် လူတွေကလည်း မှန်ပါတယ်...နောက်ပိုင်းကျတော့ ဒီမူတွေလည်းပျက်သွားပီး နစက ပြန်လဲ ကိုယ်လိုချင်တဲ့နေရာ ကိုသွားနိုင်ရေးအတွက်လေလံ ဆွဲယူရပါတော့တယ်....ဘယ်မကဖ ဆိုယင် သိန်းဘယ်နှစ်ဆယ် ဆိုတဲ့ ပေါက်ဈေးတွေ ပေါ်လာပါတယ်....အဲဒီတုန်းက တာချီလိတ်ဆိုယင် သိန်း ( ၂၀ )ပေးရပါတယ်....သူ့လိုင်းတွေရှိပါတယ်...ချိတ်ဆက်ပေးတဲ့သူတွေရှိပါတယ်....အဲဒီလူတွေကနေတဆင့် သွားရပါတယ်...အယင်တုန်း ကဆိုယင် နစကပြန်ဆိုပီးတော့ နေရာတွေပေးပေမယ့်.....နောက်ပိုင်း နစကပြန်ပီး လိုင်းမ၀င်နိုင်တဲ့ ၀န်ထမ်းတွေဆိုယင် မသွားချင်တဲ့နေရာတွေ ကိုယ်မလျှောက်ထားတဲ့နေရာတွေ.....တိုင်း..ခရိုင်ရုံးတွေ ကိုတာဝန်ချပေးထားပါတယ်.....၀န်ထမ်းတွေရဲ့ နောက်ခံ အကြောင်းတွေကိုပြန်မကြည့် တော့ပါဘူး....၀န်ထမ်းသက်တမ်းတလျှောက် သူဘယ်နေရာတွေမှာ တာဝန်ထမ်းဆောင်ခဲ့ဘူးလဲ....ကောင်းတဲ့နေရာတွေမှာလား...ဆိုးတဲ့နေရာတွေ မှာလား.....မကဖတွေဘယ်နှစ်ခေါက်သွားဖူးသလဲ....ဒါတွေကို တစ်ချက်မှပြန်မလှန်ကြည့်တော့ပါဘူး....ငွေပေးနိုင်တဲ့သူ....ငွေမျက်နှာကိုပဲ ကြည့်ပီးတော့ နယ်စပ်ကောင်းတဲ့နေရာတွေကိုပဲပြန်ချထားပေးပါတော့တယ်...ငွေမပေးနိုင်တဲ့...လိုင်းမ၀င်နိုင်တဲ့ ၀န်ထမ်းတွေကတော့ မြောင်းထဲကို တွန်းပို့ချလိုက်တော့တာပဲ.....သူတို့ဖို့အတွက်တော့ နေရာ ဆိုးတွေချည်းပဲလေ...ဒီလိုမျိုးတွေဖြစ်လာခဲ့တော့ အောက်ဝန်ထမ်း အချင်းချင်းလည်း သွေးကွဲလာကြတယ်....စည်းလုံးညီညွှတ်မှူဆိုတာလည်းမရှိကြတော့ဘူး....ပီးတော့ လူကြီးတွေက ပြည်နယ်တိုင်းတို့.. ရောက်ပီဆိုယင် ၀န်ထမ်းတွေအားလုံးကိုခေါ်ပီး အစည်းအဝေး လုပ်လိုက်ပီဆိုယင် ၀န်ထမ်းအပြောင်းအရွှေ့တွေအတွက် ဘယ်လိုမျိုးမူတွေ ချမှတ်ထားတဲ့အကြောင်း....အကောင်းတွေချည်း စားရ၀မခန်းပြောသွားပီးတော့ အခုချက်ခြင်းပဲလုပ်ပေးတော့မလိုလိုနဲ့ အဖျားရှူးသွားတာပဲ နောက်ပိုင်းကျတော့ ၀န်ထမ်းငယ်လေးတွေက လူကြီးတွေ ကိုအယုံအကြည်မရှိတော့ဘူးလေ....ပါးစပ်က ဘုရား...ဘုရား...လက်က ကားယား... ကားယား ဆိုတာမျိုးပေါ့....ဌာနထဲမှာက လေ တွေနဲ့လုပ်စားနေကြာကများနေတယ်....လက်တွေ့လုပ်ပြနိုင်တာက မရှိသလောက်ပဲဆိုတော့.. ကြာတော့ အောက်..၀န်ထမ်းငယ်လေးတွေက ပေါက်ကွဲလာတာပေါ့လေ....အုပ်ချုပ်မှုတွေက လည်း မညီမျှ......မျက်နှာကြီးရာ ဟင်းဖတ်ပါ တော့ ခံစားချက်တွေလည်းပြင်းထန်လာတာပေါ့လေ.....လ၀က တိုင်း နစက အကြောင်းကိုကောင်းကောင်းသိပါတယ်...ဘယ်သူမှ သွားချင်တဲ့နေ၇ာလည်းမဟုတ်ဘူး....ဟိုမှာက ၀င်ငွေလည်းလုံးဝမရှိတဲ့အပြင် ကိုယ့်အိတ်စိုက်ကိုယ်စားပိးတော့ စစ်တပ်ကအဖွဲ့တွေရဲ့ ပါးရိုက်..နားရိုက်ခံပိးတော့ စိတ်ဆင်းရဲ..ကိုယ်ဆင်းရဲစွာနဲ့ အလုပ်လုပ်နေခဲ့ရတာပါ အယင်ဒုချုပ်ဗိုလ်မှူး ဇော်ထွန်း က ကိုယ်ချင်းမစာမနာပဲပြောသွားခဲ့တဲ့ စကားတစ်ခွန်းလည်းရှိပါတယ်..မင်းတို့နစက မှာ ဘာမှမလုပ်ရပဲ ဖရီးရိုက် နေတာ ငါသိတယ်ကွာ...အောက်အနေအထားကိုလုံးဝမသိပဲ အပေါ်က နေပီးတော့ ထင်ရာမြင်ရာတွေပြောသွားခဲ့တာပါ.....နစက ရောက်ပီးတော့ ၀န်ထမ်းတွေ အတိဒုက္ခရောက်နေတဲ့ အချိန်မှာ အချင်းချင်းဇာတ်တူသားစားတဲ့ သူကလည်းရှိပါသေးတယ်.နစကမှာ ဇာတ်တူသားစားလို့နာ မည်ကြီးတာက ၁၉၈၅ ခုနှစ်က၀င်တဲ့ ဦးစိးအရာရှိ ဦးဇော်ဝင်းမြင့်ဖြစ်ပါတယ်.....၀န်ထမ်းအချင်းချင်း ကိုယ်မသွားချင်တဲ့နေရာတွေမသွားရအောင် သူ့ဆီကို သွားကာရပါတယ်...သူ့ဆီကို သွားမကာဘူးဆိုယင် ဆိုးတဲ့နယ်မြေကိုပဲလွတ်ပါတယ်.....နစက သက်တမ်းတလျောက် ဦးစိးအရာရှိ တွေမှာ သူနာမည်အကြီးဆုံးပါ....ကော်ဖီမစ်အထုပ်တောင် အိမ်ပြန်ပို့တယ် ဆိုပီးတော့နာမည်ကြီးခဲ့တာပါ.....သူ့ရဲ့ ဆိုးတဲ့အကြောင်းတွေကို ဒိအချိန်က ဒုချုပ်က သိတော့ အစည်းအဝေးမှာ ကြိန်းဝါးဘူးပါတယ်.....ဒီကောင်ပြန်လာယင် ငါနဲ့တွေ့မယ် ဆိုပီးတော့....အကြီးအကျယ်ကိုဆင်ဖမ်းမယ်...ကျား ဖမ်းမယ် ဆိုပိး ကျိန်းဝါးခဲ့တာပါ..သူ့ဒဏ်ကို အကြီးအကျယ်ခံထားရတဲ့ ၀န်ထမ်းတွေကလည်း မျော်လင့်နေကြတာပေါ့ဗျာ...ဒုချုပ်နဲ့ဦးဇော ၀င်းမြင့်နဲ့တော့ တွေ့ပီပေါ့....ဒီလူတော့ ခံရတော့မှာပေါ့....သူလည်း နစကကလည်းပြန်လာပီးရော...တရုတ်သိုင်းကားထဲကလိုပဲ..မည်သို့ မည်ပုံ လုပ်လိုက်သည်မသိ....ဒုချုပ်လည်းအသံတစ်ချက်မှ မထွက်ပဲ ငြိမ်ထွက်သွားပိး...ကချင်ပြည်နယ်ထဲက အရမ်းကောင်းတဲ့ မြို့နယ်ရုံးတစ်ရုံး ကို ရောက်သွားပါတော့တယ်....ဒါကလည်း အားလုံး အတိဒုက္ခရောက်နေတဲ့ အချိန်မှာ ကိုယ်ချင်းစာနာစိတ်မရှိပဲ ငါစားရယင်ပီးရောဆိုပီးတော့ ဘို့တစ်လုံးတည်းကိုသာကြည်တဲ့ ငွေမျက်နှာတစ်ခုတည်းကိုသာကြည့်တဲ့ အရပ်သား စုန်းပြူးတွေလည်း ရှိတယ်ဆိုလို့ကြုံတုန်းလေးပြောပြ တာပါ.....အားလုံးကသာ ကြောက်လို့ငြိမ်ခံနေကြတာပါ.....သမိုင်းဆိုတာ ဖျောက်ဖျက်လို့မရပါဘူး... (ဆက်လက်ဖော်ပြပါမည်) ရွှေတံခါးမှူး ချစ်သူ............

No comments: