Saturday, February 22, 2014

တကယ်တော့ ဦးဝီရသူက မီးမွှေးမယ့်သူတွေ မရှိခင်စပ်ကြား ထိန်းသိမ်းပြီး မီးမွှေးမယ့်အလုပ်ကို တာဝန်ယူထားပုံရပါတယ်။ အခု တည့်တည့်ပစ်မယ့်လူကြီးရဲ့ မြေးတွေကိုလည်း အင်တာဗျူးတွေ ဘာတွေ လုပ်နေပြီဆိုတော့ သူ့လည်း တဖြည်းဖြည်း တာဝန်ပေါ့လာပုံရတယ်။ စကားလေးတွေတောင် ပျော့လာတယ်။ ခက်တာက ဒီလောက် သတိကပ်ရမယ့် ယူနီဖောင်းကိုဝတ်ထားပြီး ဒီလောက်သတိကြီးကြီးထားရမယ်လို့ ညွှန်ကြားတဲ့ ဗုဒ္ဓရဲ့ အရိပ်အောက်ကနေ သတိလက်လွတ်စကားတွေနဲ့ ခြွင်းချက်တွေ ဘာတွေ လျှောက်ပြောနေတာက ခက်တာ။ မွတ်ဒေါင်းလို့လည်းပြောဖူးတယ် ရုပ်တုလုပ်ပြီး ကိုးကွယ်မယ်လို့လည်းပြောဖူးတယ် အစွန်းရောက်တာကို ကျေကျေနပ်နပ်လက်ခံပါတယ်လို့လည်းပြောဖူးတယ် အခုလည်း ... ခြွင်းချက်တဲ့ ..... ဦးဝီရသူ ရေ .... ခင်ဗျား ၀တ်ထားတဲ့ သင်္ကန်းကိုတော့ အားနာပါရဲ့ .... ပြောရတာ စိတ်တော့မကောင်းဘူး ဒါပေမယ့် ... ခင်ဗျားလိုလူမျိုးက ဒီလောက်ငြိမ်းအေးတဲ့ ဗုဒ္ဓအရိပ်မှာ ခိုလှုံနေရတာတောင်မှ အမုန်းတရား တဖွားဖွားနဲ့ ကိုယ့်တာဝန်ကို ကိုယ်မှ မသိတတ်တာပဲဗျာ အပြင်ထွက်ပြီး လူဝတ်လဲ ရင် ခင်ဗျားက လူတွေကို ပိုပြီးဒုက္ခပေးမှာတောင်စိုးရိမ်ရတယ် .... ခင်ဗျားလိုလူမျိုးက အစ္စလာမ်ဖြစ်ရင်လည်း အစ္စလာမ်ကိုသိက္ခာကျအောင်လုပ်မှာပဲ။ ဗုဒ္ဓဘာသာ ဖြစ်ရင်လည်း ဗုဒ္ဓဘာသာကို သိက္ခာကျအောင်လုပ်မှာပဲ။ ဟိန္ဒူဖြစ်ဖြစ် ... ခရစ်ယာန်ဖြစ်ဖြစ် ဘယ်ဘာသာဖြစ်ဖြစ် ခံယူထားတဲ့ဘာသာကို ကိုယ့်အတ္တနဲ့လဲလှယ်ဖို့ ခင်ဗျားလိုလူမျိုးက အသင့်ရှိနေမှာပဲ .... ကိုယ့်အတ္တတစ်ခုတည်းနဲ့ လူအများရဲ့ရင်ထဲကို အမုန်းအစိုင်အခဲတွေ ထည့်မပေးသင့်ပါဘူး ..... ဒါဟာ ဘယ်ဘာသာမှ မရောစွက်တဲ့ ရှိသင့်တဲ့ သာမန်လူစိတ် ... လူ့အတွေးတစ်ခုပါ အင်း ..... တကယ်တော့ ခင်ဗျားက သညာ အသိတွေပိုက်ထားတဲ့ ဆန်ကုန်မြေလေး တစ်ယောက်ပါဗျာ .... အဲဒီလိုစကားရိုင်းတယ်ထင်ရင်တော့ .... ခင်ဗျားဟာ .... စုပ်ရင်လည်း ဆူး ... စားရင်လည်းရူးရဦးမယ့် ပဒိုင်းသီး တစ်လုံးပါပဲ ... တကယ်ပါ ခင်ဗျားအကြောင်းစဉ်းစားမိတိုင်း ကျုပ်မှာ အကုသိုလ်များလွန်းလို့ နောက်ထပ် ပေါက်လွှတ်ပဲစား စကားလုံးတွေ ထပ်ထပ်မပြောပါနဲ့လို့ တောင်းပန်ပါရစေ ဆရာတော် ဦးဝီရသူဘုရား ....။ ဒကာ အောင်ကြီး ============================ အရူးကွက် နင်းမနေပါနဲ့ ဦးဝီရသူရေ။ ၅၉(စ)ကို ပြင်ချင်တာက ဒေါ်စု သမ္မတ ဖြစ်ဖို့ သက်သက် မဟုတ်ဘူး။ အမှန်တရားနဲ့ တရားမျှတမှု အတွက်။ တရားမျှတမှု မရှိတဲ့ ဥပဒေ မှန်သမျှ ပြင်ကို ပြင်ရမှာပဲ။ ဥပဒေကိုများ အခုတစ်မျိုး တော်ကြာ တစ်မျိုး လုပ်လို့ရတယ် ထင်နေတယ်နဲ့ တူတယ်။ ဒါက သက်သက်မဲ့ ရူးချင်ယောင်ဆောင် တာပဲ။ ကောင်းနိုင်

No comments: