Thursday, February 20, 2014

“ ထ/လ ကျော်ဝင်း ” ••••••••••••••• ကြားဖူးကြမှာပါ၊ စိတ်ပညာအထူးပြုဘာသာရပ်နဲ့ ကျောင်းပြီး၊ ရန်ကုန်အင်းလျားလိပ် ဟိုတယ်ရှေ့ လမ်းဦးတိုက်မှာ တစ်ချိန်က အစိုးရဂါထားတဲ့ အိမ်ကြီးရခိုင်နဲ့ ကြက်မွေး ငှက်မွေး ဒေါင်းမွေး သာလိကာမွေး ငှက်အကြောင်းလေ့လာခဲ့သူ၊ ကမ္ဘာကျော်နာမည် ကြီးကင်မလာအစုံအဖုံ စုဆောင်းဓါတ်အာရုံစိုက်သူအဖြစ်အသွင်ယူခဲ့သူ၊ ဗိုလ်ခင်ညွန့် အပေါင်းအပါတစ်စုကိုတန်ပြန်ထောက်လှမ်းရေးအဖြစ် ဖြုတ်ထုတ်သတ်ဇာတ်တူသား စားဇာတ်သိမ်းပေးခဲ့သူ၊ Low Profile နဲ့မထင်မရှားနေခဲ့သူ၊ ရွှေရွှေ့အချစ်တော်အမြစ် တော်အဖြစ်လူမသိသူမသိပုန်းလျှိုးခဲ့သူ။ ခုတော့ ဇာတ်ခုံပေါ်တက်လာပါပြီ၊ အာဏာရှင်အစိုးရ ကြိုးဆွဲကောင်တွေ တစ်ကောင် ပြီးတစ်ကောင်ထွက်လာပါပြီ။ စိန်စိန်အပါအဝင် အူကြောင်ကျား တပ်မတော်သားတွေတောင် ဒီအကွက် ထည့်တွက် ခဲ့ပုံ သိခဲ့ပုံမရပါ။ အလွန်ရိုးသား ရင်ဘတ်ရှင်း သတ္တိခဲ ကျွန်တော်ဆုံခဲ့ဖူးသော ကျော်ဝင်းသမက်တော် လေးတော့ အသုံးချခံလိုက်ရတာ အလွန်စိတ်မကောင်းပါဘူး။ ပြည်သူအားလုံး ဘာသာမတူ လူမျိုးကွဲသော်ငြား ဗမာ့ပြေ ဗမာ့မြေပေါ် မှီတင်းနေထိုင် သက်ရှင်နေကြသောအားလုံး စည်းလုံးညီညွတ်ကြစေချင်ပါတယ်။ ............................. အေရိုးဘစ်မသားတွေ ဇာတ်လမ်းစပါပြီ .......................။ မင်းကိုဦးတစ်ယောက် WY များသွားပုံရတယ် ( ဖေါ်တို ခရက်ဒစ် - အွန်လိုင်း ) မင်းသိုက်

No comments: