Saturday, February 22, 2014

အေးနေဝင်း အင်တာဗျူး နားထောင်ရတာ တော်တော် အကုသိုလ်များတယ်။ ငနေဝင်း မြေးတွေက လူမိုက်တွေပဲ၊ မြေးလူမိုက်က အဘိုးလူမိုက်ကို လက်ခုပ်တီးပေးတာ အထူးအဆန်းမဟုတ်ပါဘူး။ ဒီလို ငပေါကို အင်တာဗျူးပြီး လူရာသွင်းတဲ့ မီဒီယာတွေကိုပဲ ဆဲချင်တယ်။ ဒီကောင်ကပြောတယ်။ ၈၈မှာ သူ့အဘိုးက စစ်တပ်ဆိုတာ မိုးပေါ်ထောင်မပစ်ဘူး။ တည့်တည်ပစ်တယ်၊ မှန်အောင် ပစ်တယ်ဆိုတာ၊ အင်္ဂလိပ်အင်ပါယာရဲ့ အဓိကရုန်းနှိမ်နင်းရေးလက်စွဲ အတိုင်းပြောတာတဲ့။ မျိုးနှစ်ကြီး ငနေဝင်းကို ဖာချင်တော့ British Emperor ရဲ့ ကိုလိုနီကျွန်ခေတ် Riot Manual ကို ဆွဲကပ်ပြလိုက်တာ ကလေးကွက်လေးပါ။ ၁၉၈၈ကာလဆိုတာ ကိုလိုနီလက်အောက်က လွတ်လပ်ရေးရပြီး အနှစ် ၄၀ ရှိပြီ၊ ကိုယ့်မင်းကိုယ်ချင်း အုပ်ချုပ်တဲ့ အာဏာရှင်ခေတ်ဆိုတာ ဒီကောင်လေး မေ့သွားပုံရတယ်။ ထားတော့၊ သူ့စကားအတိုင်း အင်္ဂလိပ်အင်ပါယာရဲ့ ကိုလိုနီ အဓိကရုန်းနှိမ်နင်းရေးလက်စွဲအတိုင်း ကျင့်သုံးတာမှန်ရင် လူသုံးထောင်ကျော် သတ်စရာ အကြောင်းမရှိဘူး။ ၁၃၀၀ ပြည့်အရေးတော်ပုံလို ချောက်ကနေ ရန်ကုန်အထိ ချီတတ်တဲ့၊ ပြည်လုံးကျွတ် တောင်သူလယ်သမား အလုပ်သမား ဝန်ထမ်းပေါင်းစုံသပိတ်ကြီးတွေ၊ ဆန္ဒပြပွဲကြီးတွေမှာ လူထောင်ချီပြီး မသေဘူး။ ရက်စက်ပါတယ်ဆိုတဲ့ တိုင်းခြား အင်္ဂလိပ်နယ်ချဲ့ကြောင့် ကျဆုံးတာ ဗိုလ်အောင်ကျော်နဲ့ မန်းတလေးအာဇာနည် ၁၇ ဦး၊ စုစုပေါင်း ၁၈ ယောက်ပဲရှိတယ်။ ပြီးတော့ အင်္ဂလိပ်က စစ်တပ်ကို မသုံးဘူး။ ပုလိပ်အဖွဲ့ပဲ သုံးတယ်။ သူ့အဘိုးငနေဝင်းက စစ်တပ်နဲ့ ပြည်သူကို ရန်တိုက်ပေးပြီး ဆင်းသွားတာ။ သူကိုယ်တိုင်လဲ တာဝန်မယူဘူး။ ...... နောက်တခု ပြောသေးတယ်။ ကျောင်းသားသမဂ္ဂအဆောက်အအုံကို ဖြိုချင်လို့ မဟုတ်ပါဘူး။ အထဲက ကျောင်းသားတွေကို သတ်ချင်လို့ပါတဲ့။ ( သူ့စကားအတိုင်းပဲ ပြန်ပြောရရင် ) ကြွက်သေစေချင်လို့ စပါးကျီ မီးတိုက်တာပေါ့။ ငမိုက်သား ငနေဝင်းရဲ့ မြေး ဘမျိုးဘိုးတူ ကလေကချေ ပီသပါပေတယ် နောက်နောင် ဒီလို ရေပေါ်ဆီ လူလိမ်ကို မဗျူးကြစမ်းပါနဲ့ဗျာ၊ အကုသိုလ်ပွါးလွန်းလို့ပါ ဒီလိုကောင်ကို ခိုးတွေ့တဲ့ စစ်ဗိုလ်ချုပ်တွေလဲ ရှိသေးတယ်ကိုး ဒီမျိုးချစ် ============================ ဗိုလ်နေဝင်းမြေး၊ပြည်သူ့ချဉ်ဖတ် အေးနေဝင်းရဲ့ ဖေ့စ်ဘွခ်အကောင့်လိပ်စာကိုပူးတွဲဖော်ပြလိုက်ပါသည်။ https://m.facebook.com/aye.newin

No comments: