Thursday, February 27, 2014

ယခုရက်ပိုင်းတွင်းတောင်/ဒဂုံ (၇၀) ရပ်ကွက်တွင် ဘာသာရေးပဋိပက္ခဖြစ်စေရန်ရည်ရွယ်၍ လှုံ့ဆော်စာများဝေငှနေသကဲ့သို့ အခြားသောရန်ကုန်မြို့၏ဆင်ခြေဖုံးရပ်ကွက်များတွင်လည်း အလားတူစာများပျံ့နှံ့လျက်ရှိပေသည်။ နှစ်ဘက်လူ့အဖွဲ့အစည်းတွင်းသံသယများကြီးထွားပြီး အမုန်းတရားပွားများစေရန်ရည်ရွယ်၍ယင်းစာများကို ဝေငှဖြန့်ချိရန်စစ်ထောက်လှမ်းရေးပြုတ်များက အွန်လိုင်းတွင်ရောပြင်ပတွင်ပလှုပ်ရှားလျက်ရှိနေကြောင်း ပဋိပက္ခလှုံ့ဆော်နေသည့်ဖေ့စ်ဘွခ်အကောင့်များနှင့် ပေ့ခ်ျများမှလည်းအင်တိုက်အားတိုက်သတင်းမှားများနှင့် အမျိုးသားရေးကြိုးပမ်းမှုကိုခုတုန်းလုပ်၍ အထူးလှုံ့ဆော်သွေးထိုးရေးသားလာလျက်ရှိနေပါသည်။ သို့ဖြစ်ပါ၍တည်ငြိမ်အေးချမ်းမှုကိုလိုလားသော ပြည်သူလူထုများအနေဖြင့် ဘာသာရေးကိုခုတုန်းလုပ်ပြီးနိုင်ငံရေးအမြတ်ထုတ်ရန် ကြိုးပမ်းနေသူများ၏လှည့်ကွက်တွင်နားမယောင်ဘဲ မိမိတို့၏ကိုယ်ပိုင်ဦးနှောက်အသိဥာဏ်ဖြင့် စဉ်းစားဆင်ခြင်ဆုံးဖြတ်၍ တရားဥပဒေစိုးမိုးစေရန်ဝိုင်းဝန်းကာကွယ်ပူးပေါင်း ဆောင်ရွက်ပေးကြပါလို့မေတ္တာရပ်ခံလိုက်ပါရစေ။ နမူနာဖြစ်ရပ်များအနေဖြင့်ပြီးခဲ့သောရက်ပိုင်းအတွင်းက ဘာသာခြားအများစုနေထိုင်သည့်၁၃၃လမ်းနှင့် မအူကုန်းလမ်းကျယ်တို့တွင် သင်္ဃန်းဝတ်ဖြင့်မူးရူးဆူပူသောင်းကျန်းခဲ့သူ ဗိုလ်ကြီးဟောင်းမင်းကိုဦး(DSA-38၊ စစ်ထောက်လှမ်းရေးညွှန်မှူးဟောင်းဗိုလ်ချုပ်ကျော်ဝင်း၏သားမက်)၏ဖြစ်စဉ်နှင့် ပဋိပက္ခဖြစ်စေရန်ထောက်ပြုတ်များတဘက်လှည့်နှင့်ဝေငှနေသည့် စာများကိုနှိုင်းယှဉ်လေ့လာနိုင်ရန်ဖော်ပြလိုက်ပါသည်။ လူအချင်းချင်းလှည့်ပတ်ခြင်းကင်းဝေးကြပါစေ။ မြန်မာပြည်သူပြည်သားအပေါင်းအားလုံးပဲ ဘေးအန္တရာယ်ခပ်သိမ်းမှကင်းဝေးပြီး အမြန်ဆုံးအာဏာရှင်စနစ်ဆိုးအောက်မှကင်းလွတ်၍ စစ်မှန်ပြည့်ဝသည့်ဒီမိုကရေစီပန်းတိုင်ကို ချီတက်အရောက်လှမ်းနိုင်ကြပါစေ။ #အဒ်မင်အဖွဲ့

No comments: