Sunday, February 23, 2014

ဟိုတလောကလည်း နိုင်ငံပိုင်သတင်းစာက လူသတ်မှုကျူးလွန်သူကို ဖမ်းမိတဲ့အကြောင်းရေးတာ ကောင်းကောင်းမရေးဘဲ အသတ်ခံထားရတဲ့သူကို လူမှုရေးဖောက်ပြန်သူအဖြစ် နှစ်ခါပြန်သေအောင် ရေးသားဖော်ပြခဲ့တယ်။ အခုလည်းကြည့်....။ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သူ့ဘာသာသူ လာအဖမ်းခံတဲ့ ပစ်မှုကျူးလွန်သူတွေကို သိက္ခာမဲ့အောင် ရေးသားဖ်ာပြပြန်တယ်..။ လာအဖမ်းခံတဲ့သူတွေက "ကျွန်တော်တို့ ပြေးမလွတ်တော့လို့ လာပြီးအဖမ်းခံတာပါ"လို့ ပြောသလားဗျာ။ ခင်ဗျားတို့ဆိုရင်ကော ပြောမလား။ ဘယ်လိုပဲဖြစ်ဖြစ်၊ ဘယ်သူမဆို ပစ်ဒဏ်လျှော့ပေါ့ဖို့အတွက်တော့ ကိုယ့်ဘာသာ လာအဖမ်းခံတယ်တော့ ပြောကြမှာပဲ။ ခင်ဗျားတို့ပဲ ပြောပြောနေတယ်။ မီဒီယာတွေရေးသားဖော်ပြတာ စည်းကမ်းရှိစေချင်တယ်..ဘာညာနဲ့...။ ပြီးတော့ တလွဲလုပ်လိုက်ရင် ခင်ဗျားတို့ဘဲ..။ ကြည့်လုပ်ကြပါဦး ကိုယ့်လူတို့....။ ပစ်မှုကျူးလွန်သူပဲဖြစ်ဖြစ် သေသူပဲဖြစ်ဖြစ်၊ သူတို့ဟာလူတွေ။ သူတို့ကိုယ်ပိုင် လူ့သိက္ခာ ဆိုတာ၇ှိပါသေးတယ်။ ရဲတပ်ဖွဲ့ဝင်တွေ၊ Online စာမျက်နှာကိုင်တဲ့သူတွေ လူ့အခွင့်အရေးသင်တန်း၊ မီဒီယာသင်တန်း တက်သင့်တယ်။ လူတစ်ဦးချင်းရဲ့ ဂုဏ်သိက္ခာကို လေးစားတန်ဖိုးထားပါ။ ရဲတပ်ဖွဲ့ဆိုတာ နိုင်ငံတော်အဆင့် အုပ်ချုပ်ရေးအာဏာပိုင် အဖွဲ့အစည်းပါ။ ပြည်သူ့အခွန်ဘဏ္ဍာကိုသုံးစွဲနေရတဲ့ အဖွဲ့အစည်းက ပြည်သူကို လေးစားတန်ဖိုးထားရမယ်..။ အရေးအသားဆင်ခြင်သင့်တယ်။ ကိုရဲ ============================= အငှားယာဉ်မောင်းကိုရိုက်နှက်ပြီး မကွေးဘက်ကိုထွက်ပြေးတိမ်းရှောင်သွားတဲ့ ပြိုင်ကားမောင်းတဲ့တရားခံအုပ်စုကိုကျတော့ ဓါတ်ပုံမတင်ပေးပါလား ။ ဘာလို့လဲ လူကြီးသားသမီးတွေကို အရပ်ကလူတွေဆွမ်းကြီးဝိုင်းလောင်းပေးလိုက်မှာစိုးရိမ်လို့လား မြန်မာနိုင်ငံရဲတပ်ဖွဲ့ရယ် . . . . . . . . . .ဲ

No comments: