Friday, February 21, 2014

Eleven iSnap Mobile Application Eleven iSnap Mobile Application version 1.0.4 ကို ထွက်ရှိလာပြီ ဖြစ်ပါသည်။ ယခင် Version တွင် Android 4.0 နှင့်အထက်သာ အသုံးပြုနိုင်ခဲ့သော်လည်း၊ ယခုအခါတွင် Version 2.2 နှင့် အထက် ဖုန်းများပါ အသုံးပြုနိုင်မည် ဖြစ်ပါသည်။ မြန်မာစာ Zawgyi font ထည့်သွင်းမထားသော Device များတွင်လည်း မြန်မာစာလုံးများအား မှန်ကန်စွာဖြင့် ဖတ်ရှုနိုင်မှာဖြစ်သလို Offline Mode ပါဝင်လာပြီ ဖြစ်သဖြင့် တစ်ကြိမ် Internet ဖွင့်ထားရုံဖြင့် Internet မရှိသည့် နေရာများတွင်ပါ သတင်းများကို ဖတ်ရှုနိုင်တော့မည် ဖြစ်ပါသည်။ မိမိဖတ်ရှုပြီး ကြိုက်နှစ်သက်သည့် သတင်း၊ဆောင်းပါး အစရှိသည်တို့ကိုလည်း Bookmark ပြုလုပ်ပြီး မှတ်သားထားနိုင်ပြီး အခြား Social website များဖြစ်သည့် Facebook,twitter များကို share လုပ်နိုင်ပြီး မိမိ၏ မိတ်ဆွေ၊ သူငယ်ချင်းများထံသို့ပါ E-mail ဖြင့် သတင်းများကို ဖတ်ရှုရန် ပေးပို့နိုင်ပါသည်။ iSnap logo ပါသော သတင်းများကို Internet ဖွင့်ပြီး iSnap camera နှင့် scan လုပ်မှသာ ရုပ်သံသတင်းနှင့် သတင်းဓါတ်ပုံများကို ကြည့်ရှုနိုင်မည်ဖြစ်ပါသည်။ ထို့ပြင် Eleven Media Group ၏ အားကစား ဂျာနယ် (၂)စောင်ဖြစ်သည့် First Eleven Sports Journal နှင့် Premier Eleven Sports Journal တို့၏ သတင်းများ၊ ဆောင်းပါးများကိုလည်း PDF ဖိုင်များဖြင့်သာမကဘဲ ယခု Application တွင်လည်း ပုံမှန်ဖော်ပြသွားမည် ဖြစ်ပါသည်။ Eleven Mobile application တွင် သတင်းများ ဖတ်ရှုနိုင်ယုံသာမက လက်ရှိ နိုင်ငံတကာ ငွေကြေးလဲလှယ်မှုနှုန်းထားများကိုပါ ကြည့်ရှုနိုင်ပြီး Eleven Media Group ၏ youtube channel, Facebook page များကိုပါ Eleven Mobile applicationမှ ကြည့်ရှုနိုင်မည် ဖြစ်ပါသည်။ Apple iOS များ အနေဖြင့် ယခင်ထုတ်ဝေထားသည့် Application တွင် ဆက်လက် အသုံးပြုနိုင်ပါသည်။ Android device များအတွက် အောက်ဖော်ပြပါ Link များတွင် Download ပြုလုပ်ပြီး ထည့်သွင်း အသုံးပြုနိုင်ပါသည်။ http://www.mediafire.com/download/82s42m61j75yvao/Eleven_Mobile_Application.v.1.0.4.apk https://play.google.com/store/apps/details?id=com.knx.elevenmedia Apple iOS device များအတွက် Apple store မှ Free download ရယူပြီး ထည့်သွင်းနိုင်ပါသည်။ #Eleven_Mobile_Application

No comments: