Monday, February 24, 2014

နှာစေးနေသော အေးနေ၀င်းသို့ ၂၂.၂.၂၀၁၄၊ စနေနေ့ ယုန်လေးနှာစေးနေတယ် ..... ရှေ့ကိုထွက်နှာမစေးနဲ့ယုန်လေးရယ် ပြည်သူတွေ ငတ်ပြတ်နေတုန်းက မင်းတို့ သေနတ်ခါးကြားထိုးပြီ စံစားခဲ့တာ သေနတ်တည့်တည့်ဖောက်တုန်းက မင်းတို့ နတ်စည်းစိမ်ခံစားနေကြတာ.. မင်းနှမ သွေးမစွန်းခဲ့ဘူး .. နင့်အမေလည်း ထောင်ဝင်စာ သွားတွေ့စရာမလိုခဲ့ဘူး.. ကိုယ့်ပေါင်ကိုလှန်မထောင်းဘဲ တကယ်စိတ်ရှိရင် တိုင်းပြည်အကျိုး ပြည်သူ့အကျိုးအတွက် ကြိုးပမ်းလိုက်.. သမိုင်းကို မင်းအိမ်က ချိတ်ထားတဲ့ပန်းချီကားတချပ်လို စိတ်ရှိတိုင်း အရောင်ပြောင်းလို့မရဘူး.. Generation နှစ်ဆက်ခြားသွားပြီမို့ အဖိုးရဲ့မြေး အဖိုးခြေရာနင်းမယ် ဆိုတဲ့ ငါတို့အကြည့် မင်းစိတ်ဓာတ်မှန်ရင် မပာုတ်မှန်း သက်သေပြ.. အဖိုးဘက်က ကာမပြောနဲ့ကိုယ့်လူ ... မြန်မာ့တပ်မတော် ဘာတွေလုပ်ခဲ့လဲ ဆိုတာ သွေးစွန်းခဲ့တဲ့လမ်းတွေ...ကွဲကြေသွားတဲ့ အသိုက်အမြုံတွေ... အဆူဆူသောဘုရားတွေ သက်သေရှိတယ် .. ဘုရားပေါ်တက်တိုင်း လိပ်ပြာလုံနိုင်ပါစေ.. Irrawaddy blog

No comments: