Thursday, February 20, 2014

"ဘာသာရေးပဋိပက္ခဖြစ်စေရန်ကြံစည်လုပ်ဆောင်" ၂၀၁၄ ခုနှစ်၊ဖေဖော်ဝါရီလ ၁၈ ရက်၊အင်္ဂါနေ့ ညနေပိုင်းအချိန်တွင်မအူကုန်းလမ်းကျယ်၊ တာမွေမြို့နယ်သို့မင်းကိုဦး(ဘ)ဦးသောင်းစိန် ၃၉ နှစ် တော်ဝင်လမ်း၊မရမ်းကုန်းမြို့နယ်နေသူနှင့် အပေါင်းပါလူတစ်စုတို့သည်ကြိုတင်တိုင်ပင် ညှိနှိုင်း၍ ဘာသာခြားများအားရန်စဆဲဆိုရန် မင်းကိုဦးအားသင်္ဃန်းဝတ်စေ၍သွားရောက်ခဲ့ပြီး ၄င်းအပေါင်းပါတစ်စုတို့သည်စိတ်မနှံ့ချင်ယောင်ဆောင်၍ သင်္ဃန်းဝတ်ဖြင့်မင်းကိုဦးဆဲဆိုရန်စနေသည့်အနီးတဝိုက် ရုပ်ဖျက်လူခွဲပြီးအခြေနေကိုစောင့်ကြည့်လျက်ရှိနေခဲ့ကြကြောင်း အကယ်၍မိမိတို့ကြံစည်ထားသည့်အတိုင်း ရပ်ကွက်အတွင်းရှိဘာသာခြားများက သင်္ဃန်းဝတ်ဖြင့်ဆဲဆိုရန်စနေသည့်မင်းကိုဦးအား တစ်စုံတစ်ခုပြန်လည်ရန်ရှာတုံ့ပြန်ခဲ့ပါက " ကုလားများသံဃာတစ်ပါးကိုစော်ကားအနိုင်ကျင့်ရိုက်နှက်နေသည် "ဟုသတင်းဓါတ်ပုံများရိုက်ပြီး ၄င်းတို့၏အဖွဲ့အစည်းများ၊အွန်လိုင်းဘလော့ဂ်နှင့် facebook သတင်းpageများမှတဆင့်သတင်းလွှင့်ပြီး ရခိုင်ပြည်နယ်၊မိတ္ထီလာနှင့်အခြားသောမြို့များတွင်ဖြစ်ပွားခဲ့သောမီးရှို့အကြမ်းဖက်မှုများကဲ့သို့ ရန်ကုန်တွင်ဖြစ်ပွားလာစေရန်ရည်ရွယ်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သို့သော်၎င်းတို့ရည်ရွယ်ကြံစည်ထားသည့်အတိုင်း ရပ်ကွက်တွင်းရှိဘာသာခြားများက မည်သို့မျှမတုန့်ပြန်ခဲ့သည့်အတွက်မူလအကြံအစည်ပျက်သွားပြီး အထွက်ကောင်းစေရန် မင်းကိုဦးအားအချက်ပြလိုက်ကာ စိတ်ပေါ့သွပ်သူအဖြစ်သရုပ်ပိုမိုတူစေရန်ဟန်ဆောင်စေခဲ့သည်။ မြို့နယ်ရဲတပ်ဖွဲ့မှူးမှလာရောက်ဖမ်းဆီးသည့်အခါ စိတ်မနှံ့သူအဖြစ်စစ်ဆေးတွေ့ရှိဟုဆိုကာရွာသာကြီး စိတ်ကျန်းမာရေးဆေးရုံသို့ပို့ဆောင်စေခဲ့ကြောင်း ၄င်းတို့၏အတွင်းစည်းမှပေါက်ကြာှးရရှိလာသောသတင်းဖြစ်ပါသည်။ အသိရှိရှိနဲ့ဆုံးဖြတ်ရပါဖို့ ငါရို့တိကိုသွီးခွဲလို့မရ ငါရို့တိကစီးလုံးပြီးသား ပေးပို့သူ - ကျော်ပုယေ (ကျောက်မြောင်း၊တာမွေမြို့နယ်တွင်နေထိုင်သူ) ===================================== မှတ်ချက်။ ။အလားတူဖြစ်ရပ်မျိုးလွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ်က ဘာသာခြားအများစုနေထိုင်သောအပိုင်း သင်္ဃန်းကျွန်းမြို့နယ်အတွင်းတွင်လည်းဖြစ်ခဲ့ဖူးကြောင်း ယခုကဲ့သို့သင်္ဃန်းဝတ်ဖြင့်ပင်ရန်စဆဲဆိုမှုရှိခဲ့ပြီး သက်ဆိုင်ရာရဲစခန်းမှထိုသင်္ဃန်းဝတ်ဖြင့်ဆဲဆိုရန်ရှာနေသူကိုစိတ်မမှန်သောကြောင့်ဟုဆိုကိာုရွာသာကြီးစိတ်ကျန်းမာရေးဆေးရုံသို့ပို့ဆောင်ရမည်ဟူ၍ ခေါ်ဆောင်သွားခဲ့ဖူးသည်ဟုထပ်မံသတင်းရရှိပါသည်။်

No comments: