Monday, February 24, 2014

နေပြည်တော်မတည်ခင် လွန်ခဲ့တဲ့ ၁၅နှစ်လောက်ကတည်းက ရှိနေတဲ့ တောရဘုန်းကြီးကျောင်း (၂၄) ကျောင်းကို သစ်တောကြိုးဝိုင်းထဲမှာရှိနေလို့ ဆိုပြီး ကျူးကျော်တွေ အဖြစ်သတ်မှတ်လို့ တရားစွဲဆိုထားပါတယ်… သာသနာဖျက်ဆိုတာ ဒါမျိုးကို ခေါ်တာပါ… လက်ပံတောင်းတောင်က လယ်တီသိမ်ကျောင်းကို ရွှေ့ပေးရတာ ဝမ်ပေါင်ကုမ္မဏီကို အပြစ်တင်နေလို့ အပိုပါပဲ… ကျုပ်တို့ အစိုးရကိုယ်တိုင် ခွင့်ပြုလို့ တိုင်းတပါးက လုပ်ရဲတာပါ… အခုဆိုရင် တောရဘုန်းကြီးကျောင်းတွေကိုတောင် ကျူးကျော်ဆိုပြီး ဖယ်ခိုင်းတဲ့ အပြင် တရားပါ စွဲဆိုလိုက်ပါသေးတယ်… စစ်တပ်ရဲ့ အမိန့်အာဏာဆိုတာ သာသနာကို အမြစ်ပြတ်အောင် ဖျက်ဆီးဖို့ဆိုရင် ရှေ့ဆုံးကပါ… ဘာသာ သာသနာကို စော်ကားရင် မခံဘူးဆိုတဲ့ အမျိုးဖျက်သူကြီးများ ကိုယ့်မြန်မာ့ လူမျိုးအချင်းချင်းက သာသနာကိုဖျက်ဆီးနေတာကျတော့ မသိချင်ယောင် ဆောင်နေကြပါတယ်… သြော်…… ဘဘတွေ လုပ်တာပဲ… လုပ်ပစေ… ဘဘတွေ လုပ်တာ ကောင်းတယ်… ဖျက်ပစေ ဆိုတဲ့ အမျိုးချစ်သူကြီးတွေပါ… သက်နှင်း သုန္ဒရီ

No comments: