Sunday, February 23, 2014

သာဓုပါခင်ဗျား ... သာဓုပါ သာဓုပါ ... သမီးကလေးဒုက္ခသည်တွေကို မြေဝယ်ပြီး ပြည်ခိုင်ဖြိုးက အစား ပြန်ပေးမယ်ဆိုပဲ ... တစ်လက်စတည်း မေးပါရစေ ... တရားဝင် စာချုပ်စာတမ်းနဲ့ အမည်ပေါက်ပေးမှာလား ... မြေရဲ့ အာမခံချက်က ၂၀၁၅ အနိုင်အရှုံးနဲ့ သက်ဆိုင်နိုင်လား ... လူပေါင်း ထောင်ကျော် အိုးမဲ့ အိမ်မဲ့ ဒုက္ခသည်တွေကို အိမ်ထောင်စုပေါင်း ရာကျော်ကို မြေပြန်ပေးဖို့ မြေဝယ်မယ်ဆိုရင် ပြည်ခိုင်ဖြိုးရဲ့ သုံးမယ့် Budget က ဘယ်ကရသလဲ ... အရင်အချိန် ကြံ့ခိုင်ရေးအသင်းထောင်ခဲ့တုန်းက ပိုင်ဆိုင်မှုတွေကို ပါတီနာမည်ပြောင်းပြီး မလှိမ့်တပတ်လုပ်သွားတာ မှတ်မိနေသေးတယ် ... ဆိုတော့ ပြည်ခိုင်ဖြိုးရဲ့ ဘဏ္ဍာရေးရှင်းတမ်းလေး အရင်ထုတ်ပြရင်ကောင်းမယ် ... ပြည်သူ့ဘဏ္ဍာနဲ့ ငါးကြင်းဆီ ငါးကြင်း ပြန်အကြော်ခံရမှာစိုးလို့ ... တစ်ခြား Civil Society တွေက ဒီလိုမျိုး မြေအစားပြန်ဝယ်ပေးရင် အစိုးရက ခွင့်ပြုမှာလားလဲ သိချင်တယ် ... ဟဲဟဲ ပြည်သူတွေ တုံးပါတယ်ဗျာ ... သိပ်မမြင်ပါဘူး ... လင်းဝေဦး

No comments: