Saturday, February 22, 2014

ရွာလုံးကျွတ် ဖျက်ဆီးခံရတဲ့ သမီးကလေးကျေးရွာက ရွာသူ ရွာသား ၅၀၀ ကျော်ကို သူတို့ မြေမှာ လိုက်နေဖို့  လာခေါ်တဲ့ DKBA ( ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသားတပ်မတော်) က ဖထီးတို့ ပြောသွားတဲ့ စကားလေးပါ...(ဆိုတဲ့ Post ရဲ့ အောက်က ပြည်သူအသံ ကွန်မန့် ၂ခုအား ပြန်လည်ဖေါ်ပြပေးလိုက်ပါတယ် ) Min Thu Kha ဒိကိစ္စမှာ ဘယ်ပါတ်ီ၊ ဘယ်အဖွဲ့အစည်းကိုမှ အပြစ်ပြောဖို့မလုပ်ပါနဲ့၊ တကယ်တာဝန်အရှိဆုံးက နိုင်ငံတော် အစိုးရပဲ။ ပြည်သူလူထုတရပ်လုံးရဲ့ စားဝတ်နေရေးကို ဖြေရှင်းပေးရမှာက လက်ရှိအစိုးရပဲ၊ ကျူးကျော်တယ်ပဲထားအုံး၊ ဘာကြောင့်ကျူးကျော်တာလဲစဉ်းစားပါ၊ နေစရာမြေမရှိလို့ပဲ၊ နေစရာမြေဘာလို့မရှိရသလဲ၊ ဆင်းရဲမွဲတေလို့ပဲ၊ ဒီရွာသားတွေက တခြားနိုင်ငံက ရောက်လာတာမဟုတ်ဘူး၊ မြန်မာပြည်မှာမွေး မြန်မာ့မြေမှာကြီးပြင်းလာတဲ့ မြန်မာနိုင်ငံသားတွေပါ။ နေစရာမြေမရှိတဲ့ မြန်မာနိုင်ငံသားတွေကို မြန်မာ့မြေပေါ်မှာ ကျူးကျော်သူလို့သတ်မှတ် မောင်းထုတ်နေတာက မောင်းထုတ်သူဟာ မြန်မာနိုင်ငံသားမှ ဟုတ်ရဲ့လားဗျာ၊ အစိုးရကရော မြန်မာနိုင်ငံသား ဟုတ်ရဲ့လား၊ အိမ်တစ်အိမ်မှာ သားသမီးတွေရဲ့ ပညာရေး၊ကျန်းမာရေး၊ လူမှုရေး နေရေးထိုင်ရေး မပြေလည်မှုတွေကို မိဘလုပ်သူက တာဝန်ယူဖြေရှင်းပေးရတာပဲမဟုတ်လား၊ အခုလဲ ပြည်သူရဲ့ အခက်အခဲကို လက်ရှိအစိုးရက ဖြေရှင်းရမှာပါ၊ ဟိုနေရာ လက်မခံ ၊ ဒီနေရာ လက်မခံပြည်နှင်ဒဏ်ပေးခံရသလိုဖြစ်နေတာ ဒီရွာသားတွေမှာ နိုင်ငံကို ပုန်ကန်တဲ့ အပြစ်ရှိနေလို့လား၊ အခု ကူညီမယ့်သူက ကူညီတာကို အပြစ်ပြောချင် မကောင်ကြောင်းပြောတာ၊ ဟိုပါတီ ဘာလုပ်နေလဲ၊ ဟိုအဖွဲ့အစည်းဘာလုပ်နေလဲ မေးငေါ့ထိုးတဲ့သူတွေဟာ တကယ်ပဲ အသိပညာအတတ်ပညာမရှိတာလား၊ ဆင်ခြင်တုံတရားမရှိတာလား၊ အမှန်တကယ်က မင်းတို့ လက်ရှိ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ အစိုးရအဖွဲ့နဲ့ သမ္မတ ဘာလုပ်နေလဲလို့သာမေးလိုက်ပါ Soesoe Thansoepaing DKBA ကသူ့တို့ဆီခေါ်တယ်ဆိုတာ တစ်ချိန်က အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်းဆန်းပြောခဲ့တဲ့ ပြည်ထောင်စုစိတ်ဓါတ်ပေါ့နော် နေပြည်တော် သန်းရွှေအစိုးရကတော့ ဖွတ်စိတ် တစ်ကိုယ်ကောင်းစိတ် တိုင်းသူပြည်သားကို စစ်သုံးပန်လိုသဘောထားသော အာဏာရှင်စိတ် ရှက်တက်မယ်ဆိုရင် သမ္မတကြီးလဲသေသင့်တယ်။ Admin @Maung Gyi

No comments: