Thursday, February 20, 2014

ဘာသာခုတုန်းလုပ်မလို့လား ----------------------------- တော်တော်များများတော့မဟုတ်ဘူး။ တစ်စုတစ်ဖွဲ့လေးလို့ယူဆရတဲ့သူတွေ လိုင်းပေါ် မှာရေးတာ မမြင်ချင်လည်း မြင်နေရတော့ စိတ်ထဲကသိကအောက်ဖြစ်စရာပါပဲ။ ကျော်ဖတ်ပေမဲ့ မမြင်ချင်လည်း မြင်လာရတော့ .... သူတို့က ဒီလိုဆိုလာတယ်။ ဒီမိုတွေက သံဃာတော်တွေကို စော်ကားနေတယ်..... တစ်ဆက်ထဲထပ်သုံးနှုန်းတဲ့ အသုံးနှုန်းက NLD ကဆိုပြီးပါ ထပ်တွဲချတယ်။ ဘယ်သူမဆိုပါပဲ... သံဃာဆိုတာထိတော့ဘယ်ခံနိုင်ကြမလဲ။ ဗုဒ္ဓဘာသာဝင်တိုင်း မကျေနပ်စရာစကားပေါ့။ ကိုယ်လည်း ပါတီဝင်မဟုတ်ဘူး။ ဗုဒ္ဓဘာသာနဲ့ သံဃာစစ်သံဃာမှန်တွေကို ထိခိုက်လာရင်တော့မခံချင်ဘူး။ ဒီမိုထောက်ခံရင်ပါတီဝင်ဟုတ်မဟုတ် ကုလားပေါ့။ ဒီလိုလည်းထပ်သုံးနှုန်းတယ်။ NLD တိုင်းကုလားမဟုတ်သလို။ ကုလားတိုင်း ဒီမိုတွေဟုတ်မနေဘူး။ ဒီမိုစကားပြောတိုင်း ပါတီဝင်ဟုတ်မနေဘူး။ NLD ပါတီဝင်တွေတိုင်းလည်း ဒီမိုသမားတွေဟုတ်မနေဘူး။ ဘာ့ကြောင့် ဒီလိုပြောလည်းဆိုတော့ သိစေချင်လို့ပါ။ အခုချိန်ကျမှ သံဃာထိ မခံဘူးကွဆိုတဲ့ ဘုရားဒကာ ဖွတ်တွေ အရေခြုံထားတော့ ဖွတ်မှီးကလည်း ပေါ်နေတော့မြင်လို့တော့သိပ်မကောင်း ဘူး။ လမ်းမှာသံဃာဆိုတာတွေ့ရင်တောင် အရိပ်ရှောင်နင်း ရမှန်းနားလည်ကြရဲ့လား ဒီလိုအခြေခံပါမေးကြည့်ချင်တယ်။ သံဃာကိုအရမ်းတော့ ရိုသေတာပဲ။ တစ်နေ့နှစ်ကြိမ်ဘုရားရှစ်ခိုးရမှန်း မေတ္တာပို့ရမှန်း သိမသိတော့ မပြောတတ်ဘူး။ သံဃာထိ ဓါးကြည့်ဆိုတဲ့ သူတွေ။ လေးစားသလိုတော့ရှိပေမဲ့။ ရွှေဝါရောင်တုန်းကဖွတ်တွေသတ်လို့ သေခဲ့သမျှ။ ရိုက်နှက်ခံရသမျှ၊ ထောင်ထဲထည့် ရိုက်နှက်သတ်ဖြတ်ခံခဲ့ရသမျှ တစ်ခွန်းမှမဟရဲဘူး။ အခုတော့ သံဃာထိရင် အသက်နဲ့လဲကြမဲ့ပုံမျိုးတွေ။ ကောင်းပြီ... ၀ါဒဖြန့်ပြီး NLDကိုပုတ်ခတ်ဆော်ကားတာ ခဏဘေးချိပ်ပြီး ပုဂ္ဂိုလ်ရေးဆန်စွာပဲ ပြောကြပါစို့။ NLDကပါဆိုပြီး သံဃာတော်တွေကို မိုက်မိုက်ရိုင်းရိုင်း စော်ကားနေတယ်ဆိုတဲ့စကား တစ်လုံးနဲ့ NLDကိုအပုပ်ချ အောက်လုံးနဲ့ တိုက်ခိုက်နေတဲ့ သကောင့်သားများမေးကြည့်မယ်..... လက်ရှိ ဒီမိုတွေက သံဃာတော်တွေကိုစော်ကားနေတယ်လို့ ပြောချင်ရင်...... သီတဂူဆရာတော်ဘုရားကြီးကို ဒီမိုသမားတွေဆဲနေလား.....? ဆရာတော်အရှင် ဒေါက်တာနန္ဒမာလာဘိဝံသကို ဒီမိုသမားတွေဆဲနေလား.....? ဆရာတော် အရှင်ဆေကိန္ဒကိုကောဆဲနေသလား......? ဆရာတော် အရှင်ဆန္ဒာဓိကကိုကော ဆဲနေသလား.....? ဆရာတော်ဥူးသုမင်္ဂလကိုကောဆဲနေသလား......? အဓိကအကျဆုံး NLDက ကုလားပါတီတကယ်ဖြစ်နေရင် တရာဝင်စာထုတ်ပြီးဆဲတဲ့ ကြေငြာချက်ထုတ်သလား....? အဲ့ဒီလိုဒီမိုတွေက သံဃာတော်တွေစော်ကားနေတယ်ဆိုပြီး မဟုတ်မဟတ်တွေ လူထုကြားသံဃာတော်တွေကြားကို ၀င်ပြီးခလောက်ဆံကြတယ်။ မဟုတ်တမ်းတရားတွေ လူထုကြားထဲကို သွေးခွဲသပ်လျှိုဖို့ နည်းတွေသုံးလာတယ်။ ဘာသာအချင်းချင်း ညီညွတ်မှုတွေကိုပါ ဖြိုခွဲလာသလို တန်ပြန်ဝါဒဖြန့်မှုတွေနဲ့ ဆိုက်ဝါးတွေသုံးလာတာ သူတို့ဘာသာချစ်မချစ်ထက် ကိုယ်တွေဘာသာအပေါ် အထင်မြင်လွဲမှားတဲ့ ပုံရိပ်တချို့စွန်းထင်းခံလာရပါတယ်။ နားလည်ပေးတဲ့ ဘာသာခြားတချို့ကိုလည်း ကျေးဇူးတင်မိပါတယ်။ ကျွန်တော်တို့ဗုဒ္ဓဘာသာက အခုမျိုးချစ်တွေနဲ့ လုံးဝမပတ်ပါဘူး။ ထပ်ပြောစရာရှိတာက ဒေါ်အောင်ဆန်းစုကြည် ပါတီဝင်တွေက ဘုန်းကြီးတွေဆဲသလိုလို မဖြစ်ဖြစ်အောင်ရေးကြတယ်။ တကယ်က NLDမှမဟုတ် လူတိုင်းဘာသာဝင်တိုင်းမှာ ဦးနှောက်ပြည်ဝစွာ ဝေဖန်နိုင်ကြပါတယ်။ အသိပညာလည်း ကိုယ်တွေထက် မြင့်မားကြပါတယ်။ ဘယ်ဘာသာဝင်ဘယ်လိုဆိုတာ သိနေတဲ့အချက်တွေလည်း ရှိပါတယ်။ ဘာသာဝင်တိုင်း ပလီဆရာပလီဆရာနဲ့မတူရင် သူတို့လည်းဝေဖန်မှာပါပဲ။ သင်းအုပ်ဆရာ သင်းအုပ်ဆရာနဲ့ အရည်ချင်းမမှီရင် သူတို့လည်း ဝေဖန်မှာပါပဲ။ ဘုန်းကြီးက ဘုန်းကြီးဂုဏ်သိက္ခာနဲ့ စောင့်ရမဲ့ကျင့်ဝတ်ဖောက်ဖျက်ရင်လည်း ဝေဖန်မှာပါပဲ။ လာသာတစ်ခုရဲ့ပုံသေရှိတဲ့ပုံရိပ်ကို ချိုးဖောက်လာရင် ကိုယ့်ဘာသာထဲကမှမဟုတ် အပြင်လူလည်း ဝေဖန်မှာပါပဲ။ အခုတော့ အဝေဖန်မခံနိုင်ဘူး ဘုန်းကြီးထိဓါးကြည့်တွေ.... ရွှေဝါရောင်တုန်းကဘယ်မှာသွားသေနေကြမှန်းတော့ မသိဘူးဗျာ။ ခုကျမှ သင်္ကန်းမြင်တာနဲ့ ထိုင်ကန်တော့ ဒီလိုဆိုလာတယ်။ အဲ့ဒီတော့ ... ကိုယ်ကျင့်သုံးတဲ့ မူလေးပါထည့်ရေးပါ့မယ်။ သင်္ကန်းမြင်တိုင်းတော့ မကန်တော့နိုင်ဘူး။ သင်္ကန်းမြင်တိုင်းကန်တော့ရမယ်ဆိုရင် ဘုန်းတော်ကြီးဆရာတော်ကြီးတွေကို ဘယ်ကိုးကွယ်တော့မလည်း သင်္ကန်းဝယ်ပြီး အိမ်ကဘုရားစင်မှာတင်ထားပြီး ထိုင်ကန်တော့နေတော့မှာပေါ့ဗျာ။ ဘာဆွမ်းမှကပ်စရာမလိုဘူး။ သံဃာက သံဃာ့နည်းနဲ့ သံဃာ့သိက္ခာပုဒ်နဲ့ နုတ်ထွက်စကားလုံးတွေက မညီရင် သံဃာလို့လုံးဝမသတ်မှတ်ဘူး။ ဘုရားရှင်လက်ထက်တော်ကတည်းကလည်း သံဃာအတုယောင်ရှိတယ်။ ဒီတော့ .... မင်းတို့ဘာသာ ပုဂ္ဂိုလ်ရေးမင်ပြီးကိုးကွယ်ကြ... ငါတို့ကတော့ သံဃာစစ်မှန်တွေကိုပဲကိုးကွယ်ဆည်းကပ်တယ်။ သင်္ကန်းခြုံပေးပြီး သံဃာသိက္ခာ သမာဓိ ပညာမပါရင် မကန်တော့မကိုးကွယ်နိုင်ဘူး။ ခုခေတ်ကဖွတ်ဘုန်းကြီးတွေလည်းရှိတော့ .... ကန်တော့ပါသေးရဲ့ဘုရားပဲ။ သံဃာကိုရိုသေမပြနဲ့ ငါးပါးသီလနဲ့ ဘုရားဟောအတိုင်း ကျင့်ကြံနေထိုင်တတ်မှ ဘုရား၊ တရား၊ သံဃာ၊ ဓမ္မကို ကာကွယ်ဖို့စကားပြောကြ။ အစ္စလာမ်မစ်တွေ ဖြစ်မယ်ဆိုရင် အစိုးရကိုသွားပြော.... လူထုကြားထဲမှိုင်းလာမတိုက်နဲ့ .... ။ အစိုးရကမင်းတို့ထက် ပိုသိတယ်။ ဘာသာချစ်ယောင်ပြပြီး သံဃာကာကွယ်သလိုနဲ့ ကိုယ့်ထက်အသက်အရွယ် ကြီးတဲ့ ဒေါ်စုအပေါ် အောက်လုံးတွေနဲ့ ဆဲဆိုနေတဲ့ မင်းတို့ဖွတ်မှီးတွေ အရင်ဓါးနဲ့ခုတ်ဖြတ်ကြဦး။ ဒဲ့ရေးပါတယ်... ဘာသာသာသနာအပေါ် သာဖြန်းလာမလုပ်နဲ့ ....မြောင်းရေနဲ့ ပါးစပ်ကိုပလုပ်ကျင်းလိုက် (မင်းတို့ပါးစပ်နဲ့ဘာသာလူမျိုးစကား မတန်လို့) ဥယျာဉ်မှူး ၁၉.၂.၂၀၁၄

No comments: