မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Wednesday, February 19, 2014
မွတ်ဆလင်တစ်ဦး၏ မီရှို့ခြင်းခံခဲ့ရသူ လားရှိုးမြို့မှ မအေးအေးဝင်း၏ ရင်ဖွင့်ချက်
(ဤဆောင်းပါးလေးကို ဆုံးအောင်ဖတ်ကြည်စေလိုပါတယ် မွတ်ဆလင်နဲ့ မီဒီယာအချို့ မည်သို့ ယုတ်မာသနည်း သိစေခြင်လွန်းလို့ ။
ကျနော်ပေးချင်တဲ့ ပွိုင့်ချက်ကတာ့ ဒီဆောင်းပါးလေးဖတ်ပြီး သည့်နောက် မိမိ၏ မိသားစု( သို့ ) မိမိ၏ ပတ်ဝန်းကျင်အတွက် ကြီးမားသော သင်ခန်းစာတစ်ခု ရရှိလမ့်မည်ဟု ယူဆပါသည် စာရှည်သည် ဟုမညဉ်းညူကြပါရန် ရှေးဦးစွာ မေတ္တာရပ်ခံအပ်ပါသည် ။)
ကျွန်မဟာ ၂၀၁၃ ခုနှစ် ၊ မေလ ၂၈ နေ့တုန်းက လားရှိုးမြို့မှာ မွတ်ဆလင်ကုလားတစ်ဦးရဲ့ မီးရှို့ခြင်းကိုခံခဲ့ရတဲ့ မအေးအေးဝင်းဖြစ်ပါတယ် ။ သာကီသွေးဂျာနယ်ကို အမေကလစဉ်တိုင်းဝယ်ပေးလို့ စတင်ဖတ်ဖြစ်ရာကနေ အမျိုး ဘာသာ သာသနာအတွက် ရှေ့တန်းတင်ထုတ်ဝေနေတဲ့ ဂျာနယ်ဖြစ်တာကြောင့် ကျွန်မရဲ့ကိုယ်တွေ့ ခံစားချက်ကို ဆရာတော်၊ သံဃာတော်ကြီးတွေသိအောင် အခုလိုရင်ဖွင့် ၊လျှောက်ထားလိုက်ရခြင်းပဲဖြစ်ပါတယ် ။ကျွန်မရဲ့ အဖြစ်မှန်တွေကို ဗုဒ္ဓဘာသာဝင်အားလုံး အမှန်အတိုင်းသိစေချင်တာပါ ။
ကျွန်မရဲ့မိသားစုမှာ အဖေနဲ့ အမေအပြင် မောင်နှမ ( ၅ )ယောက်ရှိပြီး ကျွန်မက သမီးအကြီးဆုံးဖြစ်ပါတယ် ။ကျွန်မဟာ ငယ်စင်ကတည်းကစပြီး အနန္တော အနန္တ ငါးပါးကို ရိုသေကိုင်းရှိုင်းလာခဲ့သူဖြစ်သလို မွတ်ဆလင်ကုလားတစ်ဦးက ရက်ရက်စက်စက် မီးရှို့ခံခဲ့ရတာတောင် အသက်မသေခဲ့တာဟာလည်း ရတနာ ၃ ပါးနဲ့ မြတ်စွာဘုရားရှင်အပေါ် ယုံကြည့်မြတ်နိုး ၊ အားကိုးခဲ့လို့ပါပဲ။
၂၀၁၃ ခုနှစ် ၊ မေလ ၂၈ ရက်နေ့တုန်းက လားရှိုးမြို့မှာ ကျွန်မကိုမီးရှို့တဲ့ မွတ်ဆလင်ကုလား ကိုနေဝင်း ဆိုသူဟာ ကျိုင်းတုံ ဇာတိပါ ။ အရင်ကသူ့ကို တစ်ခါမှ မမြင်ဖူးသလို သူနဲ့ ကျွန်မကြားမှာလည်း ဘာရန်ငြိုးမှ မရှိခဲ့ပါဘူး ။ ဒီလိုရန်ငြိုးမရှိဘဲ ရက်ရက်စက်စက် မီးရှို့ခံရတဲ့အချိန်မှာ ဗုဒ္ဓဘာသာဝင် မြန်မာ အမျိုးသမီးဖြစ်တဲ့ အလျှောက် အတိတ်ကဝဋ်ကြွေးကြောင့်လို့ သတ်မှတ်ပါတယ် ။ ဒါပေမယ့် ကျွန်မရင်ထဲမှာ ဝမ်းနည်း ၊ ခံပြင်းလွန်းတာက မန္တလေး ဆေးရုံကဆင်းလို့ လားရှိုးမြို့ရောက်လာတော့ ကျွန်မရဲ့ဖြစ်ရပ်အမှန်တွေ ပျောက်ဆုံးနေပြီး မမှန်ကန်တဲ့ သတင်းတွေ ပြန့်နှံ့ ကြားသိခဲ့ရတာပါဘဲ ။ ကျွန်မနဲ့ပတ်သတ်တဲ့ သတင်းကို ၃ ဘီးဆရာတွေဆီကနေ ကြားခဲ့ရတဲ့အချိန်မှာ ဒီလောက် တစ်မြို့ထဲနေတာတောင် သတင်း အမှန်ကနေ သတင်းအမှာလုပ်နိုင်တဲ့ ဂျာနယ်သမားတွေကို ကျွန်မအလွန် အံ့သြပြီး ရွန်ရှာမိပါတယ် ။
ဆေးရုံမှာလာသမျ ၊ မေးသမျ ဂျာနယ်သမားတွေကို ဒီလောက်မှန်မှန် ကန်ကန် ပြောပြခဲ့တာတောင်မှ မဟုတ်မမှန် လုပ်ကြံပြီး ရေးလိုက်ကြတာတွေ တွေ့ရတဲ့အတွက် ကျမ ရင်နာလို့မဆုံးပါဘူး ။ အဲဒီသတင်းသမားတွေထဲကနေ ကျမ အအဲ့သြရဆုံးကတော့ ကျမဖတ်မိတဲ့ ရွှေနိုင်ငံသစ်ဂျာနယ်က
ဟေမာန်အောင် ဆိုသူပဲဖြစ်ပါတယ် ။ သူတို့တွေဟာ တစ်ဘဝ ၊တစ်နပ်စာကိုကြည့်ပြီး ကိုယ်စားရရင်ပြီးရော ၊ ကိုယ်ချမ်းသာရင်ပြီးရော ၊ကိုယ်မခံရရင်ပြီးရောဆိုပြီး ငရဲကျမှာမကြောက် ၊ဝဋ်ကိုမကြောက်ကြဘဲ စိတ်ဓာတ်အောက်တန်း ကျတဲ့လူတွေလို့ဘဲ ကျမမြင်ပါတယ် ။ ကျမကလွဲရင် ကျန်တဲ့မောင်နှမတွေက ဘွဲ့ရ ပညာတတ်တွေဖြစ်ပေမယ့် ကျမကတော့ အတန်းပညာ ၈ တန်းအထိဘဲ ပညာသင်ခဲ့ရတာကြောင့် ကိုယ်တကယ်ခံခဲ့ရတဲ့ ကိစ္စကို မမှန် မကန် လုပ်ကြံပြောခံရတာကိုမှ ဘာမှပြန်မပြောနိုင် ၊ မချေပနိုင်ဘူးလို့တွေးမိရင်လဲ ၊ ဝမ်းနည်းရတာ အမှန်ပါပဲ၊
ကျမအပေါ် ရက်ရက်စက်စက် မီးရှို့ခဲ့တဲ့ကုလားကို ကိုယ်တိုင်ဖမ်းမိခဲ့တဲ့အတွက်တော့ ဝမ်းသာရပါတယ်။ သူ့ကိုဒီလိုဖမ်းမိခဲ့တာကလဲ ရတနာ ၃ ပါးရဲ့ဂုဏ်ကျေးဇူးကြောင့်ပါပဲ။ မဟုတ်ရင်အဲဒီကုလားက မြန်မာ
ဘယ်နှစ်ယောက်ကိုထပ်ပြီးမီးရှို့နေဦးမလဲမသိပါဘူး ။ ရတနာ ၃ ပါးနဲ့ မြတ်ဗုဒ္ဓရဲ့ ကျေးဇူးကြောင့်
အသက်ပြန်ရှင်လာခဲ့ချိန်မှာ ကို့ဗုဒ္ဓဘာသာ အခြင်း ခြင်း မစာနာ ၊ မသနား ၊ ကိုယ်ခြင်းမစာ ၊မထောက်ပံ့သည့်အပြင် သတင်းအမှန်ကို အမှားလုပ်ပြီး မွတ်ဆလင်တွေဘက်က ကာကွယ်ပေးသူဟာ တခြားသူမဟုတ်ပါဘူး ၊ ကျမတို့ဗုဒ္ဓဘာသာ မြန်မာလူမျိုး လူကြီးဘဲဖြစ်ပါတယ် ။ ( အမည်ကိုတော့ ထုတ်မပြောချင်ပါ ) သူတို့ဟာ သတင်းအမှန်ကို အမှားလုပ်ပြီး တိုင်းသိ ပြည်သူ့ရတနာပုံ သတင်းစာမှာကြောငြာခဲ့ပါတယ် ။ ဘာမှမသိကြတဲ့ ပြည်သူများ ၊ ဗုဒ္ဓဘာသာမြန်မာလူမျိုးများအနေနဲ့ အမှန်ကိုမသိဘဲ အမှားကိုသာသိကြတဲ့ အတွက် ဖြစ်ရပ်မှန်ကို အမှန်အတိုင်းသိစေချင်မိတာပါ ။
ကျမ မန္တလေးဆေးရုံတတ်တုန်းက ဆေးရုံမှာလာရောက်အားပေးတဲ့ ဆရာတော်များ ၊လားရှိုးမြို့ ကျမတို့အိမ်ကိုဆွမ်းခံကြွတဲ့ ဦးဇင်းများရဲ့အားပေးမှု ၊ ကျမအပေါ်ကိုယ်ခြင်းစာပြီး ထောက်ပံ့ပေးခဲ့တဲ့ ဆရာတော်ကြီးများ၊ လားရှိုးမြို့ ခရိုင် အုပ်ချုပ်ရေးမှူး ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အမှတ် ၈ အုပ်ချုပ်ရေးမှူးတို့ကို ကျေးဇူးတင်ကြောင်းလည်း ပြောလိုပါတယ်။ အထူးသဖြင့် ကျမအတွက် အမှန်တရားဘက်က ရပ်တည်ပေးခဲ့တဲ့ ဆရာတော်ကြီးများရဲ့ကျေးဇူးကို အောက်မေ့ရင်းနဲ့ ကျွန်မရဲ့ ခံစားချက် ဖြစ်ရပ်မှန်များကို သာကီသွေးကတဆင့် အခုလို ဖွင့်ဟခဲ့ရလို့ ကျေနပ်နိုင်ပြီဆိုတဲ့ အကြောင်းရင်ဖွင့်လိုက်ရပါတယ် ။
အတွဲ( ၁ ) အမှတ် ( ၁၅ )တပို့တွဲလပြည့်နေ့ထုတ် သာကီသွေး ဂျာနယ်မှ …………။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment