Tuesday, February 18, 2014

ကျွန်တော် ၊ သာသာ ၊ သာသနာနှင့် ========================= လူမျိုးရေး ပဋိ ပက္ခ များ =============== ကျွန်တော်- ဗမာ ဗုဒ္ဓ ဘာသာ သားတယောက်၊ သမီး တယောက် သားကို ကိုယ်တိုင် ရှင်ပြုပေးခဲ့တယ် ကျွန်တော် ကိုယ်တိုင် ဒုလ္လဘ သားနဲ့ အတူ နေခဲ့တယ်။ တစ်လနဲ့ ခြောက်ရက်။ ကျွန်တော့ မှာ ညီရင်း အစ်ကို ကဲ့သို့သော ဆရာတော် သံဃာတော်များ၊ ညီရင်းအစ်ကို ကဲ့သို့သော ဘာသာခြား မိတ်ဆွေများ နှင့် ကျောင်းနေစဉ် က ပရဟိတ နှင့် တွဲဖက် ဖွင့်လှစ် ထားသော အလယ်တန်းကျောင်းတွင် စာသင်ကြားခဲ့ရခြင်းကြောင့် တိုင်းရင်းသား ပေါင်းစုံနီးပါးဖြင့် ကြီးပြင်းခဲ့ရ ပါသည်။ သို့ ဖြစ်ပါ၍ ကျွန်တော့၌ လူမျိုးရေး ဘာသာရေး အစွဲ ကင်းသည်ဟု ဆိုချင်ပါသည်။ ခင်ဗျားတို့ ရော… ကျောင်းမှာ ပထဝီ သင်တုန်းက ကမ္ဘာ ကလုံးတယ်။ အိမ်မှာ ပြားတယ်လို့တောင် ဟာသနှောခဲ့ကြတာ သတိရကြ မှာပါ။ IT ခေတိက်ုရောက်လာတော့ ကမ္ဘာ က ပြားသွားပြန်သတဲ့။ ဆိုလိုရင်း ကတော့ ဗျာ Globalization ရဲ့ သင်္ကေတ ပေါ့။ ယ္ခုတခါ ကျွန်တော် ညီရင်းအစ်ကိုကဲ့သို့ ချစ်ခင်ရသော ဝိနည်း သိက္ခာ ပြည့်စုံလှသော ဆရာတော်ပင်လျှင် ၉၆၉ အောက်မှာ ဘာလုပ်နေသည် မသိ။ ဇွတ်မျိုးချစ် ဖြစ်နေသည်ကို တွေ့ရတော့သည်။ သူ့ငယ်ဆရာကား န ဝ တ၊န အ ဖ ခေတ်က ဗဟို သံဃာ့ ဝန်ဆောင် ဆရာတော် တစ်ပါး ဖြစ်ခဲ့ဖူးသည်။ ကမ္ဘာဧလိုဏ်ဂူတော်၌ ကျောင်းသင်္ခန်း ရသည်။ ကား ရသည်။ သို့သော် ဆရာတော်ကြီးကား သံဃာ့ နာယက တာဝန်အား ထန်းဆောင်နိုင်ခြင်း မရှိသဖြင့် နှုတ်ထွက်ခဲ့သည်။(ခိုင်းတာ မလုပ်နိုင်၍ဟူ၏) ယခု အခါမတော့ ကျွန်တော် ချစ်သော ညီတော် ဆရာတော်ကား အမျိုး ဘာသာ သာသနာ ဘာအသင်း ဆိုလားဗျာ။ အဲ့ဒီမှာ အတွင်းရေးမှူး တဲ့။ ဆရာတော်တို့ ဘာဖြစ်နေကြပါသနည်း။ တိုင်းပြည်မှာ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်း များဖြစ်ပေါ်လာပါက လက် တစ်လုံး အလိုတွင် ကယ်တင်ရန် မြှောက်ပင့်ပေးနေသော လက်မည်းကြီးများ နောက်တော်ပါး၌ ရှိနေသည် ဖြစ်ပါကြောင်း။ ။ အောက်ပါ ၂၀၀၇ ခုနှစ်က ပုံတော်လေးများ အား ကား နှင့် လဲဖို့ မမေ့သင့်သေး ကြောင်းပါ အရှင် သူမြတ်တို့ ဘုရား။ ။ Ko Smile

No comments: