Friday, February 21, 2014

ဖုန်းငွေဖြည့်ကတ်များအား ကုမ္ပဏီကိုးခုမှ ဆောင်ရွက်တော့မည် ======== ဈေးကွက်အတွင်း ဖုန်းငွေဖြည့်ကတ်များအား ကုမ္ပဏီငါးခုမှ ထုတ်လုပ်ဖြန့်ချိလျက်ရှိရာ ယခုအခါ ကုမ္ပဏီကိုးခုမှ စတင် ဖြန့်ချိပေးသွားတော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။ အဆိုပါ ငွေဖြည့်ကတ်များကို လက်ရှိဈေးကွက်တွင် Elite Tech, Asia Mega Link, တာမိုးညဲ၊ ရွှေသံလွင်၊ ရတနာပုံစသည့် ကုမ္ပဏီငါးခုက ဖြန့်ချိပေးလျက်ရှိသည်။ “ငါးခုကနေပြီးတော့ သူတို့ရဲ့ စာချုပ်သက်တမ်းက ပြီးခဲ့တဲ့ ဒီဇင်ဘာလောက်မှာ ကုန်တယ်လို့ကြားရတယ်။ ဇန်နဝါရီလထဲမှာ အသစ်စလုပ်မယ်ဆိုတဲ့ အချိန်မှာ အရင်တုန်းကလို မဟုတ်ဘဲနဲ့ အကုန်လုံးအပြောင်းအလဲတွေ ဖြစ်လာတဲ့အချိန်မှာ ဆက်သွယ်ရေးက ပြုပြင်ပြောင်းလဲရေးတွေ အများကြီးလုပ်တယ်။ အားလုံးကို တင်ဒါစနစ်နဲ့သွားမယ်ဆိုပြီးတော့ တင်ဒါခေါ်လိုက်တော့ ကုမ္ပဏီတွေ အများကြီးလျှောက်ကြတယ်။ လျှောက်တဲ့အထဲမှာ ပထမအဆင့် ဆယ်ယောက်။ အဲဒီကနေ ကိုးယောက်ဆန်ခါတင် ကျန်ခဲ့ပြီးတော့ အဲ့ဒီကိုးယောက်နဲ့ ဆောင်ရွက်မှာ ဖြစ်ပါတယ်” ဟု လုပ်ကိုင်ခွင့်ရ ကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူက ပြောသည်။ လုပ်ကိုင်ခွင့်ရ ကုမ္ပဏီကိုးခုတွင် ယခင်ကုမ္ပဏီလေးခု ပါဝင်ကြောင်း သိရသည်။ အဆိုပါ ကုမ္ပဏီများအနေဖြင့် ဇန်နဝါရီ ပထမအပတ်မှ စတင်ကာ နှစ်လအတွင်း ဖုန်းငွေဖြည့်ကတ်များကို ဈေးကွက်အတွင်း ဖြန့်ဖြူးသွားရမည် ဖြစ်ကြောင်း၊ ဖြန့်ချိခြင်းအား ဈေးနှုန်းများ ကန့်သတ်ထားပေးခြင်းမျိုး မရှိဘဲ လွတ်လွတ်လပ်လပ် ယှဉ်ပြိုင်ရောင်းချနိုင်ကြမည် ဖြစ်ကြောင်း သိရသည်။ “ရတနာပုံက အော်ပရေတာအနေနဲ့ သီးခြားပေါ်ထွက်လာတော့မှာဆိုတော့ အခုတင်ဒါမှာ သူတို့မပါဘူး။ လူဟောင်းလေးယောက်၊ လူသစ်ငါးယောက်မှာ ကျွန်တော်တို့ တစ်ဦးအပါအဝင် ဖြစ်တယ်။ ဒီဇင်ဘာလမှာ စာချုပ်ချုပ်ခဲ့ပြီးပြီ။ နှစ်လအတွင်းစပြီးတော့ ဖြန့်ဖြူးသွားမယ်” ဟု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။ အပြည့်အစုံဖတ်ရန် ===> http://www.myanmarinternetjournal.com/content/11176

No comments: