မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Thursday, February 20, 2014
သန်းရွှေ ကင်ဂျုံအီ အောင်သိန်းလင်း အတိတ်ဘဝဟောင်းက ညီအစ်ကို သုံးယောက်
ကင်ဂျုံအီ ရဲ့ မွေးနေ့ပွဲကို ကျုပ်က ကမကထလုပ်ပြီး ကျင်းပမယ်ဆိုတဲ့ သတင်းကို ခင်ဗျားတို့က ရီတယ်ပေါ့ ဟုတ်လား ၊
ကျုပ်က အကြောင်းမရှိပဲ ဘယ်လုပ်ပါ့မလဲဗျာ ၊ ဟုတ်ပလား ၊
ကျုပ်ကို အဘချုပ်ကြီးကိုယ်တိုင် တိုက်ရိုက်ဖုန်းဆက်ပြီးခိုင်းတာဗျ ၊
အဘချုပ်ကြီးရယ် ကင်ဂျုံအီရယ် ကျုပ်ရယ်က အတိတ်ဘဝတစ်ခုတုန်းက ညီအစ်ကို သုံးယောက် ဖြစ်ခဲ့ကြဖူးတယ်ဗျ ၊
ကိုးရီးယား နန်းတွင်းထဲက ညီအစ်ကို သုံးယောက်ဗျ ၊ အဲဒီတုန်းက ကျုပ်တို့ အဖေက ကိုးရီးယား တပ်ချုပ်ကြီးပေါ့ဗျာ ၊
မရီနဲ့ ဒါ တစ်ကယ်ပြောတာဗျ ၊
ကင်ဂျုံအီ သေတုန်းကလည်း အဘချုပ်ကြီးရယ် ကျုပ်ရယ် သွားခဲ့သေးတယ်ဗျ ၊ တရုတ်ပြည်ကနေ တဆင့် သွားခဲ့ကြတာဗျ ၊
အဲဒီမှာ ဈာပန ခမ်းခမ်းနားနားဖြစ်အောင် ကျုပ်တူလေး ကင်ဂျုံအန်ကို လူတွေ ငှားပြီး ဝိုင်းငိုခိုင်းဖို့ ပြောခဲ့သေးတယ်ဗျ ၊
ဟိုတလောကလည်း ကင်ဂျုံအန်က သူ့ ဦးလေးတော်က သူ့နေရာလုဖို့ကြံနေတယ်လို့ လှမ်းပြောတော့ ဘာလုပ်ရမယ်ဆိုတာ အဘချုပ်ကြီးက ကလေးကို လှမ်းပြောရသေးတယ်ဗျ ၊
ကင်ဂျုံအန်ကလည်း မဆိုးပါဘူး ၊ အဘချုပ်ကြီး လှမ်းပြောတဲ့အတိုင်း တသွေမတိမ်းလိုက်လုပ်ရှာတယ် ၊ အလွန်တော်တဲ့ကလေးပါ ၊
ဒီနှစ် ကင်ဂျုံအီရဲ့ မွေးနေ့ ကို ဒီမှာလဲ လုပ်ပေးပါဆိုပြီး ကလေးက လှမ်းဂျီကျနေလို့ အဘချုပ်ကြီးက သူဖြစ်ချင်တာ လုပ်ပေးလိုက်ပါကွာဆိုလို့ လုပ်ဖို့ပြင်နေရတာပေါဗျ ၊ ကျုပ်တို့ သုံးယောက်က ဟိုဘဝက သွေးသောက်ညီအစ်ကိုတွေလေဗျာ ၊
အဘချုပ်ကြီးရယ် ကင်ဂျုံအီရယ် ကျုပ်ရယ် အဲလို ညီအစ်ကိုတောမှန်း စသိကတည်းက အဘချုပ်ကြီးက ဓါတုလက်နက် ဇီဝလက်နက် နဲ့ ညူကလီးယားလက်နက် ထုတ်ဖို့ ကြံစည်နေတာတွေကို ရပ်ခိုင်းလိုက်တယ်လေ ၊
ဒီမှာ အပင်ပန်းခံပြီး လုပ်နေစရာမလိုဘူးတဲ့ ၊ လိုချင်ရင် ညီလေး ကင်ဂျုံအီဆီ လှမ်းမှာလိုက်ရုံပဲတဲ့ ၊
ကင်ဂျုံအန်ကလည်း နေပြည်တော်ကို လာလည်ဘူးတယ်လေ ၊ ကင်ဂျုံအီမသေခင်ကပေါ့ ၊ အဲဒီတုန်းက နေပြည်တော်ကြီးက ဆောက်လက်စလေ ၊
အဘချုပ်ကြီးကလည်း သူ့တူလေး ကင်ဂျုံအီကို အရမ်းချစ်တယ်ဗျို့ ၊ တပ်အပ်တဲ့ ပညာတွေ ကိုတောင် မချွင်းမချိန် အကုန်သင်ပေးလိုက်တာဗျ ၊
ကဲ ပြောရင်းနဲ့ စကားလည်းရှည်သွားပြီး ၊ မွေးနေ့ပွဲ တကယ်လုပ်မှာနော် ၊ အဲဒီနေ့မှာ ပြောင်းဖူးပြုတ် အဲလေ ယောင်လို့ေ ပြာင်းဖူးကြော်ကျွေးမှာ ၊ အားလုံးလာကြနော် ၊
စကားမစပ် ပြောရအုန်းမယ် ဟို မအူကုန်းမှာဖြစ်တဲ့ မင်းကိုဦး ဆိုတာ ကျုပ်လုပ်တာမဟုတ်ဘူးနော် ၊ ကျုပ်ကို ထင်နေကြမှာစိုးလို့ ၊ တကယ်ပြောတာ ကျုပ်လုပ်ရင် ဒီထက်ပိရိသေသပ်တယ် ၊ ကဲ တော်ပြီ ဒါပဲ
Hawdeka Khalaylay
Subscribe to:
Post Comments (Atom)
No comments:
Post a Comment