Saturday, February 22, 2014

ဝီဝီကတော့ ဇာတ်ဆန်း တစ်ကွက် ထွင်ပြန်တယ်။ "ဒေါ်အောင်ဆန်းစုကြည်ကိုတော့ သမ္မတ အဖြစ် ချွင်းချက် အနေနဲ့ ခွင့်ပြုပါ" ..... ဆိုပဲ။ ဒါကြောင့် နိုင်ငံရေး နားမလည်ဘဲ နိုင်ငံရေးထဲ ဝင်မရှုပ်ပါနဲ့ ပြောရတာ။ နိုင်ငံရေးနဲ့ ဥပဒေရေးရာတွေမှာ လူတစ်ယောက်တည်းကို "ချွင်းချက်" ဆိုတာ ထားလို့ မရဘူး။ ခွင့်ပြုရင် အကုန် ခွင့်ပြု၊ ခွင့်မပြုရင် အကုန်ကို ခွင့်မပြုနဲ့။ "ချွင်းချက်" မရှိဘူး။ ဒီလို အခြေခံ သဘောတရား တစ်ခုကိုတောင် တင်းတင်းဆုပ်ကိုင် မထားနိုင်ဘဲ၊ ကိုယ့်ရပ်တည်ချက်ကိုတောင် ခိုင်ခိုင်မာမာ မရပ်တည်နိုင်ဘဲ ... နိုင်ငံရေးမှာ ဝင်ဝင် ရှုပ်တာမျိုးတွေ၊ ... စကားကို လိုသလို အခြေအနေအပေါ် လိုက်ပြီး လူလိမ်တစ်ယောက်လို .... တောင်ပြော၊ မြောက်ပြော ပြောနေတာတွေ တွေ့နေရသမျှ ဝေဖန် ရှုံ့ချ ခံရဖို့ကတော့ ဘယ်လိုမှ လွတ်မှာ မဟုတ်ဘူး။ တစ်ခုခုကို ပြောပြီးလို့ .... လူသိရှင်ကြား ဖြစ်လာလို့ ... ကဲ့ရဲ့စရာ ဖြစ်လာရင် .... ဒီလို ဆိုလိုတာ မဟုတ်ပါဘူး။ ဒီလို ပြောတာ မဟုတ်ပါဘူး။ ဒါကို ဘယ်လို ယူဆသွားတာပါဆိုပြီး .... နောက်ကနေ အရှက်တကွဲနဲ့ လိုက်လိုက် "ရှင်း" နေရတာ အကြိမ်ပေါင်းလည်း မနည်းတော့ဘူး။ အခုလည်း အဲဒီလို ရပ်ကွက်ထဲ သန်းတုပ်ရင်း အတင်းပြောတဲ့ လူတွေလို ..... စကားမတည်မှု၊ စကားရှုပ်မှု တွေကနေ နောက်ဆက်တွဲ ပြောချင်ရာပြော ဖြစ်ရပ် တစ်ခုပဲ။ ရပ်တည်ချက် ခိုင်ခိုင်မာမာလေး ရှိအောင် လုပ်ပါဗျာ။ (ကိုထိုက်)

No comments: