Monday, February 24, 2014

သို့ သမ္မတကြီး ဦးသိန်းစိန် ယူကရိန်းနိုင်ငံက သတင်းတွေဖတ်ပြီး ဘာမှ မစိုးရိမ်ပါနဲ့။ လယ်မြေမရှိတဲ့ လယ်သမားတွေကလည်း သူ့အပူနဲ့သူဆိုတော့ သမ္မတကြီးကို ဆန္ဒမပြ နိုင်ကြပါဘူး။ အလုပ်သမားတွေကလည်း ရတာနဲ့ ကုန်တာ မမျှဖြစ်နေလို့ ဗိုက်ဝဖို့ သေလုအောင် ရုန်းကန် နေကြရတော့ လမ်းပေါ်ထွက်နိုင်မယ် မထင်ပါဘူး။ ဆင်းရဲသားလူတန်းစားတွေကလည်း နေစရာ မြေမရှိတော့ သူဒုက္ခနဲ့သူပါ။ အစိုးရဝန်ထမ်းတွေကလည်း လစာနဲ့ မလောက်လို့ အပိုငွေရအောင် အပြိုင်အဆိုင် ငွေရှာနေရတော့ သူတို့မှာ အချိန်မရှိပါဘူး။ စီးပွားရေးသမားတွေကလည်း သူတို့လုပ်ငန်း အဆင်ပြေဖို့ အစိုးရလူကြီးတွေကို အလုအယက် လဒ်ထိုးနေကြရတော့ အစိုးရကို ဆန့်ကျင်ဖို့ လူမစုနိုင်ကြသေးဘူး။ ဘွဲ့ရ ကျောင်းသားတွေကလည်း နိုင်ငံခြားမှာ အလုပ်ကြမ်း လုပ်နိုင်ဖို့ သင်တန်းတွေတက်နေရတော့ အဆုံစည်းနိုင်ကြပါဘူး။ ပြည်သူအများစုကလည်း အခုချိန်ထိ စားဝတ်နေရေး အခက်ကြုံနေရဆဲမို့လို့ ပြေးပြေးလွှားလွှား။ ဒီတော့ သူတို့တွေအားလုံးက ယူကရိန်းပြည်သူ တွေလို သမ္မတတယောက်ကို ဖြုတ်ချဖို့ မအားလပ်ကြပါဘူး။ သမ္မတကြီး ဦးသိန်းစိန် ဘာမှ မစိုးရိမ်ပါနဲ့။ Watchdog Zor

No comments: