Tuesday, February 25, 2014

အာဏာရပါတီရဲ့ အပိုင်းစားနယ်မြေ (သို့မဟုတ်) ဆိပ်ကမ်းမြို့နယ် ................................................................................... မင်းအောင်ခိုင် ................................................................................... ဒလ တစ်ဖက်ကမ်းက လေပြည်လေညင်းများ သုန်သုန်ဖြူးဖြူးတိုက်ခတ်နေသည်။ ပင်လယ် ကူးသင်္ဘောများကလည်း ကျောက်ဆူးများကို ရေအောက် ထဲသို့ ဒိုင်ပင်ထိုးပစ်ချကာ အိပ်စက်အနားယူနေကြ သည်။ ညနေဆည်းဆာအောက်တွင် ကွန်တိန်နာရောင် စုံများစီရီထားပုံကလည်း မော်ဒန်ပန်းချီကားတစ်ချပ် ကိုကြည့်နေရသလိုပင်။ ထိုနေရာသည်ကား ရန်ကုန် တိုင်းဒေသကြီး မြို့နယ် ၄၅ မြို့နယ်တွင်ပါဝင်သော ဆိပ်ကမ်းမြို့နယ်ပင်ဖြစ်လေသည်။ ယခုအခါ ထိုဆိပ်ကမ်းမြို့နယ်ကို တခြားမြို့ နယ်များနှင့်တိုင်းတာနှိုင်းယှဉ်လျှင် ကျေးလက်ရွာငယ် တစ်ရွာသာသာလောက်သာ လူနေထိုင်မှုရှိနေသည့်အ တွက်မြို့နယ်အဖြစ်မှ ပယ်ဖျက်သင့်ကြောင်းကိုလည်း ဝေဖန်ပြောဆိုလာကြသည်။ ''လူဦးရေက ထောင်ဂဏန်းလောက်ပဲရှိတယ်။ လွှတ်တော်ကိုယ်စားလှယ်ကတော့ လေးယောက်။ ဒါ စဉ်း စားသင့်တယ်ဆိုတာ လွှတ်တော်မှာလဲ ပြောဖူးတယ်။ တခြားမြို့နယ်နဲ့နှိုင်းယှဉ်ရင် လုံးဝ်ငေမ မဖြစ်ဘူး''ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဒေါ်ခင်ဝိုင်းကြည် က ပြောသည်။ ဆိပ်ကမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏စာရင်းဇယားအရ ယင်းမြို့နယ်တွင် အိမ် ခြေစုစုပေါင်း ၄၈ ခု၊ အိမ်ထောင်စု ၃၂၉ စု၊ လူဦးရေ ကျားမပေါင်း ၁၅၃၁ ဦးသာရှိပြီး ရဲရိပ်သာရပ်ကွက်၊ မိသားစုရပ်ကွက်၊ မော်တင်ရပ်ကွက်သုံးရပ်ကွက်တို့ဖြင့် ဖွဲ့စည်းထားသည်။ ''အလုပ်ကတော့ တခြားမြို့နယ်နဲ့တိုင်းတာ ရင် မရှိသလောက်ပါပဲ''ဟု ဆိပ်ကမ်းမြို့နယ် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေး မှူး ဦးမြင့်စိန်က ပြောသည်။ ဆိပ်ကမ်းမြို့နယ်တွင် ပြီးခဲ့သော ၂ဝ၁ဝ ရွေး ကောက်ပွဲတုန်းက ပြည်ခိုင်ဖြိုးပါတီမှ ဝင်ရောက်ယှဉ် ပြိုင်ရာ ပြည်သူ့လွှတ်တော်တစ်ဦး၊ အမျိုးသားလွှတ်တော် တစ်ဦးနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် နှစ်ဦး စုစုပေါင်းပြည်ခိုင်ဖြိုးပါတီက လွှတ်တော်ကိုယ် စားလှယ်လေးဦး အနိုင်ရခဲ့သည်။ ဆိပ်ကမ်းမြို့နယ်ရပ်ကွက်သုံးခုတွင်နေထိုင် ကြသည့်လူထုမှာ ဆိပ်ကမ်းအာဏာပိုင်လက်အောက် တွင် တာဝန်ထမ်းဆောင်နေသည့်ဝန်ထမ်းများဖြစ်ကြောင်း၊ ယင်းတို့အထဲမှ အိမ်ထောင်ဦးစီးမှအပ ကျန်ဇနီး၊ သား သမီးများမှာ ပြည်ခိုင်ဖြိုးပါတီဝင်ထားကြောင်း၊ ယင်းရပ် ကွက်တွင် တခြားပြင်ပမှလာရောက်နေထိုင်သူများမရှိ ကြောင်း ယင်းမြို့နယ်မဲဆန္ဒနယ်မှ တိုင်းဒေသကြီး လွှတ် တော်ကိုယ်စားလှယ်ဦးနေမျိုးအောင်က ပြောသည်။ ''ဒီမှာနေတဲ့လူတွေအားလုံးက အခြေခံလစာ နဲ့လုပ်တဲ့ဝန်ထမ်းတွေ။ အပြင်လူမရှိဘူး''ဟု ယင်းက ဆက်လက်ပြောကြားသည်။ ရပ်ကွက်သုံးခုနှင့်ဆိပ်ကမ်းမြို့နယ်သည် ကုန်း မြေနှင့်ရေပြင်အပါအဝင် သုည ဒသမ ၅၁၁ စတု ရန်းမိုင်ကျယ်ဝန်းပြီး ၂၉၄ ဒသမ ၃၃၆ ဧက ကျယ်ဝန်းကြောင်း အရှေ့နှင့်အနောက်နှစ်မိုင်ရှည် လျားပြီး တောင်နှင့်မြောက်မှာ ၁ မိုင် ၂ ဖာလုံရှိ ကြောင်း၊ ယင်းမြို့နယ်တွင် ပညာရေးဌာန၊ ကျန်းမာ ရေးဌာနတို့မရှိကြောင်း၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ရဲစခန်းအပါအဝင် နိုင်ငံရေးပါတီ များထဲတွင်လည်း ပြည်ခိုင်ဖြိုးပါတီတစ်ခုတည်း သာလျှင်ရှိကြောင်း ယင်းဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်စိန်က ပြောသည်။ ''ကျန်းမာရေးကိစ္စတွေကိုတော့ မိခင်နှင့်က လေးအမျိုးသမီးတွေကပဲလုပ်တယ်။ ပညာရေးကတော့ မူကြိုတောင်မရှိပါဘူး''ဟု ယင်းဒုတိယမြို့နယ် အုပ် ချုပ်ရေးမှူး ဦးမြင့်စိန်ကဆိုသည်။ ဆိပ်ကမ်းမြို့နယ်၏အကျယ်အဝန်း၊ ဖွဲ့စည်း အုပ်ချုပ်ပုံများသည် တခြားမြို့နယ်များနှင့်နှိုင်းယှဉ်လျှင် ဖွဲ့စည်းပုံပျက်နေသည့်မြို့နယ်တစ်ခုသာဖြစ်ကြောင်း၊ ရှိနေသောလူများသည်လည်း ဝန်ထမ်းများဖြစ်သည့်အ တွက် အုပ်ချုပ်ရေးအဖွဲ့များက မည်သူ့ကို အုပ်ချုပ်နေ ကြသလဲဆိုတာလည်း မေးခွန်းထုတ်စရာတစ်ခုဖြစ်နေ ကြောင်း၊ ဆိပ်ကမ်းဝန်ထမ်းများနေထိုင်သော ယင်းမြို့ နယ်ကိုအာဏာရပါတီက အပိုင်စားရယူထားကာ မြို့ပြ အင်္ဂါရပ်နှင့်မကိုက်ညီသောယင်းမြို့နယ်ကို လွှတ်တော် ကိုယ်စားလှယ်လေးဦးအရယူပြီး တစ်မြို့နယ် သိန်းတစ် ထောင်ကိုလည်း တခြားလူဦးရေသိန်းချီသောမြို့နယ် များကဲ့သို့ တန်းတူရယူထားခြင်းများသည် နွားထီးငါး ကျပ်၊ နွားမငါးကျပ်ပုံသဏ္ဌာန်ကိုဆောင်နေကြောင်း၊ ယင်းသည် ပြည်သူများ၏အကျိုးခံစားခွင့် အချိုးအစား လုံးဝမျှတမှုမရှိကြောင်း၊ လူဦးရေသိန်းနှင့်ချီရှိသော တိုက်ကြီးမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ လှိုင်သာယာမြို့ နယ်တို့တွင် လွှတ်တော်ကိုယ်စားလှယ်တစ်ယောက် ဖြစ်ဖို့မလွယ်ကူသော်လည်း ဆိပ်ကမ်းမြို့နယ်တွင် လွှတ် တော်ကိုယ်စားလှယ်တစ်ဦးဖြစ်ဖို့ ဝန်ထမ်းအိမ်ခြေ ၄ဝ ကျော်ထောက်ခံပေးလိုက်ရုံဖြင့် လွှတ်တော်ကိုယ်စား လှယ် သုံးလေးဦးရယူခြင်းသည် တရားမျှတသည့်ရွေး ကောက်ပွဲနှင့် မီးမောင်းထိုးကြည့်မယ်ဆိုပါလျှင် မည် သို့မှ တရားမျှတသည့်မြို့နယ်တစ်ခုမဖြစ်နိုင်ကြောင်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီအနောက်ပိုင်း ခရိုင်ဥက္ကဋ္ဌ ဦးခင်စိုးက ပြောသည်။ ''ဆိပ်ကမ်းမြို့နယ်ဆိုရင် ကြက်ခြေ ခတ်ထားလိုက်ပြီ။ အရင်ဝင်ပြိုင်ဖူးတယ်။ နောက်ဘယ် တော့မှ မပြိုင်တော့ဘူး။ ဝန်ထမ်းမဲကိုအပိုင်ယူထားတဲ့ မြို့နယ်ပဲ''ဟု ယင်းက ဆက်လက်ပြောကြားသည်။ ''သူတို့ဝင်တိုးလို့မရလို့ ဒီစကားမျိုးထွက်လာ တာပါ။ ဒီမြို့နယ်ဟာ စစ်ရေး၊ နိုင်ငံရေးအားလုံးနဲ့ဆက် စပ်နေတယ်။ ဆိပ်ကမ်းရဲ့သဘာဝကို ဆိပ်ကမ်းကလူ တွေပဲသိတယ်။ ဖျက်မယ်ဆိုရင်လဲ ပြည်ထောင်စုလွှတ် တော်မှာ ၇၅ ရာခိုင်နှုန်းကျော်သဘောတူမှရမယ်။ ဖွဲ့ စည်းပုံအတိုင်းပဲသွားမယ်''ဟု ယင်းဆိပ်ကမ်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၂ )မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုးအောင်က ပြောသည်။ ဆိပ်ကမ်းမြို့နယ်သည် မြို့နယ်တစ်ခုအဖြစ် ပါဝင်နေသည့်အတွက် တခြားမြို့နယ်နည်းတူ သိန်း တစ်ထောင်ခွဲတမ်းရရှိသော်လည်း ဆိပ်ကမ်းဝန်ထမ်း နှင့်ရေပြင်သာရှိသည့်အတွက် မည်သို့သောဖွံ့ဖြိုးရေး လုပ်ငန်းတွင်အသုံးပြုမည်ကို ပြည်သူများအားလုံးက စိတ်ဝင်စားနေကြောင်း၊ ဆိပ်ကမ်းမြို့နယ်ကဲ့သို့ ကိုကိုး ကျွန်းမြို့နယ်တွင်လည်း လူနေထိုင်မှုနည်းပါးသည်ကိုတွေ့ ရကြောင်း၊ သို့သော်လည်း ကိုကိုးကျွန်းမြို့နယ်သည် နိုင်ငံတော်၏နယ်နိမိတ်မပျောက်ပျက်၊ မဆုံးရှုံးနိုင်ရန် နိုင်ငံတော်လိုအပ်ချက်အရထားသည်မှာ မှန်ကန်မှုရှိပြီး ဆိပ်ကမ်းမြို့နယ်အနေဖြင့် ပညာရေး၊ ကျန်းမာရေးဌာန နှင့် တခြားဌာနများလည်းမရှိတော့ဘဲ လက်ရှိမြို့ပြအင်္ဂါ ရပ်နှင့်လည်း မကိုက်ညီတော့သည့်အတွက် နိုင်ငံတော် အနေဖြင့် ယင်းဆိပ်ကမ်းမြို့နယ်ကို တခြားမြို့နယ်များ ထဲသို့ ပေါင်းစည်းထည့်သွင်းရန်စဉ်းစားသင့်သည့် အရာ တစ်ခုဖြစ်နေကြောင်း ယင်းဦးခင်စိုးကဝေဖန်ကာ ပြော ကြားသည်။ ''ကျွန်တော်တို့ အခွင့်အရေးကိုရတိုင်းမယူ ပါဘူး။ တခြားမြို့နယ်တွေရဲ့မျက်နှာကိုထောက်တဲ့အ တွက် ၂၈၃ သိန်းပဲသုံးမယ်''ဟု တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုးအောင်က ဆိုသည်။ ''လူတွေ ကန့်လန့်တိုက်နေသရွေ့ ဒီတိုင်းပြည်အ'ရွေ့'တစ်ခုကို မရောက်ဘူး''ဟု ယင်းကပြောသည်။ ၁၈ ရာစုကတည်းက ပင်လယ်ကူးသင်္ဘော များလာရောက်ကမ်းဆိုက်ရာနေရာတစ်ခုဖြစ်သော ထိုဆိပ်ကမ်းကို ၁၉၇၄ ခုနှစ် ပြည်ထဲရေးနှင့်သာသနာ ရေးဝန်ကြီးဌာနက ဆိပ်ကမ်းမြို့နယ်အဖြစ်သတ်မှတ် ပေးထားခဲ့သည်။ ထိုသို့ အစဉ်အလာကြီးမားပြီး အေး ချမ်းသာယာသောဆိပ်ကမ်းမြို့နယ်၏ ဒီရေလှိုင်းများ ကို လူမှုအဖွဲ့အစည်းအုပ်စုတစ်ခုက အလိုက်သင့်လှိုင်း စီးလိုက်ပါနေသလားဆိုသည်ကို ပြည်သူများက လေ ပြေထိုး ဝေဖန်လာကြသည်။

No comments: