Sunday, February 23, 2014

" တစ်ခြမ်းပဲ့ အမှန်တရားနဲ့  ကျူးအစစ် " သမ္မတနိုင်ငံတစ်ရပ်ရဲ့  လုပ်ပိုင်ခွင့် တွေဟာယင်းနိုင်ငံရဲ့ ပြဌာန်းထားတဲ့  ဥပဒေတွေအပေါ်မှာတည်မှီ လုပ်ဆောင်ကြတာပါ။ ဥပဒေအရ ကျူးကျော်တဲတွေအ ဆောက်အဦတွေ ဖျက်ဆီးဖယ်ရှား နေတာတွေ ဖယ်ရှားကြဘို့  သတိပေးနေတာတွေ လိုက်နာဘို့ ပျက်ကွက်သူတွေအပေါ် အရေးယူရန် ဗျူဟာခင်းနေမှုတွေ ကိုကြားသိနေ ရတာ စိတ်နှလုံးမချမ်းမြေ့ ပေမဲ့ တည်ဆဲဥပဒေအရမို့  ထွေထွေထူးထူးးမပြောပြလိုပါ ဘူး။တည်ဆဲဥပဒေတွေကိုနိုင်ငံသားတိုင်းလိုက်နာရန် တာဝန်ရှိတာမှန်ပါတယ်။ အမှန်တရားတွေတရား ဥပဒေတွေကိုစောင့် ထိမ်းလိုက်နာဖေါ်ဆောင် လုပ်ကိုင်ရန်အစိုးရမှာတာဝန်ရှိနေသလို ပြည်သူတွေမှာလဲတာဝန်ရှိပါတယ်ဗျာ၊ဒါတွေ ကိုတော့ မြန်မာပြည်သူတွေဟာ ဗုဒ္ဒယဉ်ကျေးမှု နဲ့ ကြီးပြင်း လာကြတာဟာနှစ်ပေါင်း ထောင်ချီနေတဲ့ လူ့ အဖွဲ့ အစည်းဖြစ်တာကြောင့် ဥပဒေသတွေကိုလိုက်နာတဲ့ နေရာမှာ ပြဿနာမရှိတဲ့ လူမျိုးပါဘဲ။တင့် တယ်ယဉ်ကျေးတဲ့ လူမျိုးလို့ ဘဲပြောပါရစေလား၊ တနည်းအားဖြင့် လူမြင့် မြတ်တို့ ရဲ့ ဓလေ့ အရဥပဒေကိုဆန့် ကျင်လေ့ မရှိဘူးလို့ ဘဲ ပြောရင်ရာဇ၀င်သမိုင်းနဲ ညီတဲ့ စကားရပ်လို့ သာဆိုပါရစေတော့ ။ အောက်ပြည်အောက်ရွာက ကျူးကျော်တဲတွေ ဖျက်သိမ်းကုန်ပါပြီ။အညာ အကျေကတဲတွေစီလဲလာနေပါပြီ၊ဥပဒေအရရွှေ့ ပေးရမယ်၊ဥပဒေအရဖျက်သိမ်းကြမယ် ပေါ့ ၊ရွေ့ပါဗျာ။ဖျက်ပါဗျာ၊ရွှေ့ ရမှာပေါ့ ဖျက်ရမှာပေါ့ ။ ကျူးကျော် တာတော့ မဟုတ်နိုင် ပါဘူး။သူတို့ တိုင်းပြည်သူတို့ နေကြတာပါ။ ကိုယ်ပိုင်နေစရာဝိုင်းမရှိရှာတဲ့ သူတွေပါ။ေ၇ှးယ္ခင်ကတော့ မသာတစ်လောင်းဟာ မြေ၅တောင်တစ်မိုက်ဧရိယာမှာ သင်္ဂြိုလ်ဘို့  ပိုင်သတဲ့ ။ယ္ခုတော့ရှေးက မသာတစ်လောင်း လောက်မှမပိုင်ရှာလို့ ကိုယ့် တိုင်းပြည် ကိုယ်နေပြီးကျူးဘ၀ကိုဆုမပန်ဘဲရခဲ့ ကြတာပါဘဲ၊ ကျူးဘဝရဲ့ ဖြစ်ရပ်စုံစုံ တွေထဲမှာတလောကမှ ပြည်ကြီးတံခွန်မြို့ နယ် ရပ်ကွက်တွေထဲမှာ စည်ပင်ကဓါတ်ပုံရိုက်အမည်စာရင်းကောက်တာတွေ ပိုင်ဆိုင်မှုအ ထောက်အထားတောင်းတာတွေ လုပ်လို့ ဘာကြောင့် လဲ မေးကြတော့ တာဝန်ရှိသူ တွေကပွင့် လင်းမှုမရှိတဲ့ လုပ်ရပ်တွေကြောင့် ပြည်သူကိုသွေးတတ်စေတဲ့ ထိတ်လန့် မှု အဖြစ်တွေနဲ့ ပါ။ ဒီလို ဖြတ်သန်း နေရတဲ့  ပြည်သူတွေဟာ နယ်ချဲ့ ဖက်ဆစ်တွေ ကို တော်လှန်ခဲ့ စဉ်ကထက် ကိုးဆယ်ဆသာနေခဲ့ ပါပြီ ။ တကယ်တမ်းကျူး ကျော်သူအစစ်က သူတို့ မဟုတ်ဘူး။ နိုင်ငံတော်စီမံကိန်းအသီးသီးက မြေဧရိယာတွေကို အကြောင်းအမျိုးမျိုး ပြပြီး ကိုယ်ကျိုးရှာရယူထားတဲ့ မြေကွက်ပိုင်ရှင် အာဏာပိုင်အကြီး+အသေး၊ဌာနဆိုင် ရာအရာရှိအကြီး+အသေး၊အစိုးရကပ်ဖားစီးပွာရေးအချောင်သ္မား အကြီး+အသေး၊ အာဏာပိုင်ဆွေမျိုးသားချင်းအရင်း+အဖျား၊ စစ်နဲ့ စစ်အသိုင်းအ၀ိုင်းအရင်း+အဖျား ရဲ.စစစ.ထောက်လှမ်းရေးစတဲ့ လုပ်ပိုင်ခွင့် ရတွေ အကြီး+အသေး၊ စတဲ့ခပ်တည်တည် နဲ့ လူကြီးလူကောင်း တာဝန်ထမ်းဆောင်နေကြတဲ့ မျက်နှာကြီး မသူတော်များဘဲဖြစ် ပါတယ်ဗျား ။ မြေနေရာ ချထားပေးတဲ့ အာဏာပိုင်တွေနဲ့  ပနာရတဲ့ သူတွေဟာ မြိ့ မြေကွက်တွေဒလဟော ရယူထားတာပြည်သူတွေ သိကြပြီးပါ၊ တာဝန်ရှိဲ့ သူတွေမမြင် ပေမဲ့  တာဝန်သိတဲ့ ပြည် သူတွေကမြင်နေရပါပြီ၊ တာဝန်ရှိတဲ့  သူတွေဘာမှမပြောပေမဲ တာဝန်သိတဲ့ ပြည်သူတွေ ကပြောနေ ကြပါပြီ၊ တာဝန်ရှိတဲ့ သူတွေကအရးမယူခြင်ပေမဲ့ တာဝန်သိတဲ့ ပြည်သူ တွေ ကအရးယူ ခြင်နေပါပြီ ။ ထိုထိုအဓမ္မ ကိုယ်ကျိုးရှာ မြေကွက်တွေည ရယူထားတဲ့ သူတွေဟာ နိုင်ငံတော် ဖွံ့ ဖြိုးရေးစီမံကိန်း တွေအရရွှေ့ ပြောင်းရတဲ့ နေရာတွေမှာ ဘာမြေ ဧရိယာကိုမှဆုံးရှုံး နစ်နာခြင်းမရျိ၊ ဘယ်တုံးကမှ နေထိုင်ခဲ့ ဘူးခြင်း မရှိပါဘဲ လူတွေ တင်မက စာရင်းဇယား တွေပါကျူးကျော်ပြီး မြေကွက်တွေရယူထားကြတဲ့ အဖြစ်က ဒီနေ့ ဖျက်သိမ်းဖယ်ရှားနေတဲ့  အဖြစ်နဲ့ ဆိုရင်ဥပဒေအရ လုပ်ဆောင် ရပါတယ်လို့ ပြော ဘို့ မပြည့် စုံနိုင်ပါဘူး။ တစ်ခြမ်းပဲ့ အမှန်တရား သာဖြစ်နေပါလိမ့် မယ်။သို့ မဟုတ် အမျိုးအမည်မသိဥပဒေတစ်ခုကြောင့် အမှန်တရားနဲ့ကျူးအစစ်ကို မခွဲခြားနိုင်ပါ သလား.?အရးမယူနိုင်ကြ ပါသလား.?သို့ မဟုတ်ဆင်းရဲသား ပြည်သူတွေနဲ့ အာဏာ ပိုင်အသိုင်း အ၀ိုင်းရဲ့ အင် ပါယာဝင်တွေကြား မတူညီ တဲ့ ခွဲခြားထားမှုရှိနေပြီလား.? (၅)ကြိမ်တိုင်အောင်တင်ပြတိုင်ကြားခဲ့  ပေမဲ့  ဒီနေ့ အထိ ဘာမှအရေးယူမပေးတဲ့ အ ဖြစ်အပျက်တစ်တစ်ခုကမန္တလေးပြည်ကြီး တံခွန်မြို့ နယ်သင်ပန်းကုန်း ရွာကိုမြို့ကွက် ရိုက်က်စဉ်က လူကြီးပေါင်းစုံခွဲဝေပြီးမြို့ မြေကွက်တွေကိုယ်ကျိုးရှာ ရယူထားတဲ့ လူကြီး ပေါင်းစုံဂိုဏ်း ဖွဲ့ကျူးကျော်ရယူထားတဲ့ (စာရင်းကျူး+အရာရှိကျူး) မြေကွက် တွေ၊ လွတ်နေတဲ့ မြေဧရိယာတွေကိုမန်းစည်ပင်နဲ့ ပေါင်းပြီးမြေဂရမ်ထုတ်ယူထားတဲ့ မြေ ကွက်တွေ၊လူကြီးအမျိုးဆိုပြီး ဂရမ်ထုတ်ယူထားကြတဲ့ လူကြီးယူမြေကွက် တွေကိုတော့ ယနေ့  တိုင်အရးယူခြင်းမရှိခဲ့ ပါဘူး။လူထုခုံရုံးမျိုး လွတ်လပ်တဲ့ ခုံအဖွဲ့ နဲ့ အမြန်စစ်ဆေး ဖေါ်ထုတ်ဖို့ လိုအပ်နေပါပြီ ။အစိုးရနဲ့ ပါတ်သပ်တဲ့ ခုံအဖွဲ့ မျိုးက ခုံအဖွဲ့ ဝင်တွေကိုယ် တိုင်ဟာမြေကွက်ရယူထားတဲ့  မသူတော်တွေထဲ ပါဝင်နေနိုင်လို့ ပါဘဲ ။ ဒီဖြစ်ရပ်မှန်တွေကို နိုင်ငံတော်နှင့် ပြည်သူတွေအတွက် သိလိုတာ တွေကို လာမေး လိုလဲရပါတယ်။ ယနေ့ တိုင်လဲံရှိနေဆဲပါဘဲ၊ မြို့မြေကွက်ပေါင်း၆၀၀ကျော် လောက်ကိုကျေးရွာပိုင်မြေဧရိယာတွေ ထဲမှ (အာဏာကျူး+စာရင်းကျူး+လူကျူး) တွေအဖြစ်နဲ့ ယနေ့ တိုင်ပန်းပန်လျှက်ကျူးနေဆဲပါ၊ ယနေ့တိုင်အောင် သင်ပန်းကုန်း ရွာမမြို့ ကွက်သစ်ကွင်းမှာ မြေကွက်ချထားရေး လက္ခံစာရင်းမရှိတာကိုပင် ဂရမ်မြေ အဖြစ် အဓမ္မပြောင်းလဲထုတ် ယူနေကြတာဟာ မင်းမနိုင်လုပ်ငန်းတစ်ရပ်ပမာတွေ့  နေ ရပါတယ်။ အစိုးရမဲ့လုပ်ရပ် မင်းမဲ့ စရိုက် ဥပဒေမဲ့  လုပ်ရပ် တွေပါဘဲ။ ဒါကြောင့် ကျူးကျော်တွေကိုရှင်းလင်းဖယ်ရှား တာဟာ တရားဥပဒေနဲ့  အညီလုပ်ဆောင်တာဆိုပေမဲ့ မန္တလေးပြည်ကြီးတံခွန်မြို့ နယ်သင်ပန်းကုန်းရွာရဲ့ မြို့ မြေ ကွက်တွေကို(အာဏာကျူး+စာရင်းကျူး+အရာရှိကျူး)ကျူးထားတာတွေကိုတမင်တိုင် ကြားတင်ပြပြေမဲ့ ဘာမှစစ်ဆေးအရေးယူမှု လုပ်ဆောင်မပေးခြင်းကိုကြည်ခြင်းအားဖြင့် အမှန်တရား အတိုင်းဥပဒေနဲ့  အညီဆောင်ရွက်နေပါတယ်ဆိုပေမဲ့  တစ်ခြမ်းပဲ့ အ မှန်တရားသာဖြစ် နေပြီး ကျူးအစစ်တွေကိုတော့ မျက်နှာကြီးလို့ အစိုးရရဲ့ လူတွေမို့  ယနေ့ တိုင်ချန်လှပ် နေဆိမ့် နေကြ တာဘဲလား မျက်နှာကြီးလို့ ဟင်းဖက်တင်မကရှိ တဲ့ ဥပဒေတွေပါ ဘက်လိုက်သွား တာလားလို့ ပြည်သူတို့ အားလုံးစဉ်းစားရတော့မဲ့ အဖြစ် ရောက်နေပါ ပြီခင်ဗျာ…..။ ဒီဖြစ်ရပ်တွေဒီတိုင်းပြေမှာ ဒီလိုမျိုးတွေ အမှန်ဖြစ်တည်နေတာကြောင့်  ဒီလိုသာဥပဒေနဲ့ အညီဆောင်ရွက်နေကြတာပါဆိုကြရင် ပြည်ကြီးတံခွန်မြိနယ် သင်ပန်းကုန်း ရွာမရပ်က(အာဏာကျူး+စာရင်းကျူး+အရာရှိကျူး )စတဲ့ကျူးအစစ်တွေ ပြည်သူတွေတင်ပြတိုင်ကြားကြပေမဲ့  ဥပဒေအထက်ပါကျူးနေကြတဲ့ နဘယံကျူးတွေ သို့ မဟုတ်ကျူးဘုရင်တွေ တည်မြဲလျှက်ပန်းပန်နေကြခြင်းက တစ်ခြမ်းပဲ့ အမှန်တရား သာလျှင်ဖြစ်နေကြောင်းသက်သေခံဖြစ်နေပြီး ကျူးအစစ်တွေကို လက်သိပ်ထိုး မွေးမြူ ထားတာလား?ခပ်ဝါးဝါးဖြစ်နေလို့ မမြင်နိုင်လို့ အရေးမယူကြတာလား? လို့ တွေးရင်း ကျူးကျော်တဲတွေအရေးယူဖယ်ရှာတာဟာ တစ်ခြမ်းပဲ့ အမှန်တရားသာဖြစ်နေပြီး ကျူးအစစ်ကို မမြင်ကြတာဘဲလား?မွေးမြူထားတာဘဲလား? ….အော်…..တစ်ခြမ်းပဲ့ အမှန်တရားပါဘဲလားဗျာ…..။တိုင်းပြည်ကိုမအုပ်ချုပ်တတ်လို့ ဘဲလား ?..စဉ်းစားကြပါ။ ဆက်၍ ဆက်၍…….. ပြည်သူပိုင်၊ စီမံကိန်းမြေကွက်တွေ ကို ကိုယ်ကျိုးရှာ အဓမ္မရယူထားတဲ့ မန္တလေးက မြေကွက်စာရင်းတွေနဲ့  မျက်နှာကြီးအဓမ္မ ကိုယ်ကျိုးရှာသ္မာမားများရဲ့ စာရင်းကို မကြာမှီ ပြည်သူ့ ထံ အသိပေး ဖွင့်ချတင်ပြပေးသွားပါမည်။ အမှန်တရားတွေကိုဖေါ်ထုတ်ဖို့ပြည်သူအားလုံးနိုးကြားစို့  ဆက်၍ ဆက်၍တင်ပြပါဦးမည်။ ငါသည်ဤပြည်ထောင်စုမြန်မာနိုင်ငံတော်အားဘယ်တော့မှသစ္စာမဖေါက် (နန္ဒာမိုးမြေ)

No comments: